“ေဆး႐ုံကိုျပန္လာၾကပါ” ဟု CDM က်န္းမာေရးဝန္ထမ္းမ်ားကို မအလ ေမတၱာရပ္ခံ
ကိုဗစ္တတိယလႈိင္းတြင္ ကူးစက္မႈမ်ားျပင္းထန္ေနၿပီး ေဆး႐ုံမ်ားတြင္ ဆရာဝန္မ်ားမေလာက္ငွမႈမ်ားျဖစ္ေပၚလ်က္ရွိရာ CDM ဆရာဝန္မ်ား ေဆး႐ုံကိုျပန္လာၾကရန္ ေမတၱာရပ္ခံေၾကာင္း ျမန္မာ့အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔တြင္ ဖိတ္ေခၚခဲ့သည္။
“ကြၽန္ေတာ္လည္း အႀကိမ္ႀကိမ္အခါခါ ဖိတ္ေခၚတယ္။ လာၾကပါ။ ဒါက လူမႈေရးကိစၥျဖစ္တယ္။ ႏိုင္ငံ့အေရးကိစၥျဖစ္တယ္။ အမ်ိဳးသားေရးကိစၥျဖစ္တယ္။ တစ္ခ်ိဳ႕လည္း လာၾကတာရွိတယ္။ တစ္ခ်ိဳ႕ကလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မလာႏိုင္ၾကတာရွိပါတယ္။
ကြၽန္ေတာ္ထပ္ၿပီး ေမတၱာရပ္ခံပါတယ္။
က်န္းမာေရးနဲ႔ဆိုင္တဲ့ပုဂၢိဳလ္အားလုံး ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ကြၽန္ေတာ္ေျပာလိုတယ္” ဟု ၎က ယေန႔ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ ကိုဗစ္-၁၉ ေရာဂါႏွင့္ပတ္သက္သည့္ အစည္းအေဝးတြင္ ေျပာဆိုခဲ့သည္။
လက္ရွိ ေဆး႐ုံေဆးခန္းမ်ားတြင္ က်န္းမာေရးဝန္ႀကီးဌာနလက္ေအာက္မွ က်န္းမာေရးဝန္ထမ္းႏွင့္ စစ္တပ္မွ က်န္းမာေရးဝန္ထမ္းစုစုေပါင္း အင္အား ၃၀,၀၀၀ ေက်ာ္ျဖင့္ ကုသ ေဆာင္႐ြက္ေပးေနေၾကာင္း ၎ကဆိုၿပီး ကိုဗစ္ကူးစက္ခံလူနာမ်ားကို ကုသရာတြင္ မႏိုင္မနင္းျဖစ္ေနၾကျခင္းျဖစ္သည္။
စစ္တပ္က ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အာဏာသိမ္းၿပီးေနာက္ က်န္းမာေရးဝန္ထမ္းအမ်ားစု အာဏာဖီဆန္ေရးလူထုလႈပ္ရွားမႈတစ္ရပ္- CDM ကို စတင္ခဲ့ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကိုေလးစားရန္၊ ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ေပးရန္ႏွင့္ အုပ္ခ်ဳပ္ေရးတာဝန္ယူထားသည့္ စစ္တပ္ကစစ္တန္းလ်ားကို ျပန္ရန္ ေတာင္းဆိုထားသည္။
စစ္တပ္ကလည္း CDM လႈပ္ရွားမႈတြင္ ပါဝင္ခဲ့သည့္ ဆရာဝန္မ်ားကို ဖမ္းဆီးခဲ့ၿပီး ႀကီးေလးသည့္ ပုဒ္မမ်ားျဖင့္ တရားစြဲဆိုမႈမ်ားျပဳလုပ္ခဲ့သည္။
ၿပီးခဲ့သည့္ ကိုဗစ္လႈိင္းမ်ားအတြင္း ေရာဂါထ်န္းခ်ဳပ္ရာတြင္ အဓိကပါဝင္ခဲ့သည့္ က်န္းမာေရးဝန္ထမ္းမ်ားမွာလည္း ေထာင္သြင္းအက်ဥ္းခ်ခံထားရၿပီး CDM က်န္းမာေရးဝန္ထမ္းအမ်ားစုကေတာ့ ၎တို႔၏ ေတာင္းဆိုခ်က္ကို မလိုက္နာမခ်င္း CDM လႈပ္ရွားမႈတြင္ ဆက္လက္ပါဝင္ေနဦးမည္ဟု မီဒီယာမ်ားကို ေျပာဆိုထားသည္။
Unicode
“ဆေးရုံကိုပြန်လာကြပါ” ဟု CDM ကျန်းမာရေးဝန်ထမ်းများကို မအလ မေတ္တာရပ်ခံ
ကိုဗစ်တတိယလှိုင်းတွင် ကူးစက်မှုများပြင်းထန်နေပြီး ဆေးရုံများတွင် ဆရာဝန်များမလောက်ငှမှုများဖြစ်ပေါ်လျက်ရှိရာ CDM ဆရာဝန်များ ဆေးရုံကိုပြန်လာကြရန် မေတ္တာရပ်ခံကြောင်း မြန်မာ့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ဖိတ်ခေါ်ခဲ့သည်။
“ကျွန်တော်လည်း အကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်တယ်။ လာကြပါ။ ဒါက လူမှုရေးကိစ္စဖြစ်တယ်။ နိုင်ငံ့အရေးကိစ္စဖြစ်တယ်။ အမျိုးသားရေးကိစ္စဖြစ်တယ်။ တစ်ချို့လည်း လာကြတာရှိတယ်။ တစ်ချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ကြတာရှိပါတယ်။ ကျွန်တော်ထပ်ပြီး မေတ္တာရပ်ခံပါတယ်။
ကျန်းမာရေးနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော်ပြောလိုတယ်” ဟု ၎င်းက ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
လက်ရှိ ဆေးရုံဆေးခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ကျန်းမာရေးဝန်ထမ်းနှင့် စစ်တပ်မှ ကျန်းမာရေးဝန်ထမ်းစုစုပေါင်း အင်အား ၃၀,၀၀၀ ကျော်ဖြင့် ကုသ ဆောင်ရွက်ပေးနေကြောင်း ၎င်းကဆိုပြီး ကိုဗစ်ကူးစက်ခံလူနာများကို ကုသရာတွင် မနိုင်မနင်းဖြစ်နေကြခြင်းဖြစ်သည်။
စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းအများစု အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတစ်ရပ်- CDM ကို စတင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလေးစားရန်၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် အုပ်ချုပ်ရေးတာဝန်ယူထားသည့် စစ်တပ်က စစ်တန်းလျားကို ပြန်ရန် တောင်းဆိုထားသည်။
စစ်တပ်ကလည်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဆရာဝန်များကို ဖမ်းဆီးခဲ့ပြီး ကြီးလေးသည့် ပုဒ်မများဖြင့် တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ကိုဗစ်လှိုင်းများအတွင်း ရောဂါထျန်းချုပ်ရာတွင် အဓိကပါဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများမှာလည်း ထောင်သွင်းအကျဉ်းချခံထားရပြီး CDM ကျန်းမာရေးဝန်ထမ်းအများစုကတော့ ၎င်းတို့၏ တောင်းဆိုချက်ကို မလိုက်နာမချင်း CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်နေဦးမည်ဟု မီဒီယာများကို ပြောဆိုထားသည်။
crd