နွေဦးတော်လှန်ရေးတွင် မိုးစက်တွေနဲ့အတူ ကြွေလွင့်ခဲ့ရသော သူရဲကောင်းမလေး မသူသူဇင်
မန္တလေး၊ဇူလိုင်လ၊၂၇ရက် ယနေ့ ဇူလိုင်လ ၂၇ရက်နေ့ နေ့လည်ပိုင်း ၁၂နာရီခွဲခန့် အချိန်တွင် မဟာမြတ်မုနိဘုရားကြီးအရှေ့ပေါက်၌
မြတောင်သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး သပိတ်ကြောင်းတွင်လိုက်ပါလာသော သူရဲကောင်း
မသူသူဇင်သည် ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် ကျဆုံးသွားကြောင်း သိရပါသည်
အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၆၉ ရက်မြောက်တွင် အာဏာသိမ်းစစ်တပ်၏ လက်ချက်ဖြင့် ထပ်မံ၍သွေးမြေကျခဲ့ရခြင်း ဖြစ်သည် Source- သပြေညိုသတင်းလွှာ
Zawgyi
Categoriesကြားသိသမျှ