ဗဟုသုတ

“ပညာရှင်များ၏ အဆိုအမိန့်များ”

“ပညာရှင်များ၏ အဆိုအမိန့်များ”

(၁) ။ထိပ်ဆုံးကိုရောက်ချင်ရင်လိုအပ်တဲ့အခါအားလုံးကိုစွန့်လွှတ်ဝံ့ရဲရတယ်။

( ၂) ။အကြီးမားဆုံးအခက်အခဲဟာအကြီးမားဆုံးအခွင့်အရေးလည်းဖြစ်နိုင်တယ်။

(၃) ။လောကမှာမသိတဲ့အရာကိုသိဟန်ဆောင်တာလောက် ပင်ပန်းဆင်းရဲတာမရှိဘူး။

(၄) ။မာန်မဲခြင်းဟာထောင်လွှားမူပါပဲ ပညာရှိဆိုတနားဝင်အောင်ဆုံးမတတ်တယ်။

(၅) ။မနာလိုဝန်တိုမူဆိုတာ မိမိကိုမိမိယုံကြည်မူနည်းပြီးအလိုလောဘကြီးသူတွေမှာဖြစ်တတ်တယ်။

(၆) ။အနိုင်ရှိမယ်အရှုံးရှိမယ် စိတ်လှူပ်ရှားမှုတွေရှိမယ်အဲဒါ……ဘဝပဲ။

( ၇) ။ ခြွေရံသင်းပင်းကို ငွေကဖန်တီးနိုင်တယ် ဗီဇစရိုက်ကိုတော့ဘုရားကတောင် မပြုပြင်နိုင်ဘူး

(၈) ။ရည်မှန်းချက်ထာပြီးရင်ရောက်အောင်လျှောက်ပါ လမ်းဆိုတာအလိုလိုပေါ်လာတတ်တယ်။

(၉) ။မြေခွေးကြားထဲမှာနေရင် မြေခွေးလိုအူရဲရမယ်။

(၁၀) ။ ပျင်းရိညည်းငွေ့ခြင်းကိုစွန့်လွှတ်ကြည့်ပါဘဝအတွက်အချိန်တွေသိပ်နည်းနေပြီဆိုတာ ထိတ်လန့်ဖွယ်တွေ့ရလိမ်.မယ်။

(၁၁) ။ဆင်းရဲတွင်းထဲကိုဝုန်းခနဲတွန်းချနိုင်တာဟာ ပျင်းရိခြင်းလက်တစ်ဖက်ပါပဲ။

(၁၂) ။တာဝန်ဆိုတာစွမ်းပကားရှိသူတို့ရဲ့ ကျေးကျွန်ပါ။

(၁၃) ။အခွင့်အလမ်းဆိုတာစည်တီးပြီးရောက်မလာဘူးတိတ်တဆိတ်လည်းဝင်မလာဘူးအခွင့်အလမ်းကိုရယူနိုင်တဲ့အရည်အချင်းဟာကိုယ့်မှာပဲရှိတယ်။

(၁၄) ။သင့်ဦးခေါင်းကိုဘယ်တော့မှငုံ့မထားပါနဲ့။မျှော်လင့်ချက်အပြည့်အဝနဲ့အထက်ကိုမော့်ကြည့်လိုက်စမ်းပါ သင့်ဘဝအတွက်မျှော်လင့်ချက်အလင်းရောင်တွေဖြာဝေနေပါတယ်။

(၁၅)။ ကိုယ့်ကိုကိုယ်အထင်ကြီးကိုးကွယ်တဲ့ဘဝင်သမားဟာ နေမင်းကြီထွက်ပေါ်လာတာကို သူတွန်တာနားထောင်ဖို့လို့ အထင်ရောက်နေတဲ့ ကြက်ဖနဲ့တူပါတယ်။

(၁၆) ။လူတွေဟာဘာနဲ့တည်ဆောက်ထားသလဲဆိုရင်လိင်စိတ်ရယ်….မိမိကိုယ်ကိုအထင်ကြီးလိုစိတ်ရယ်တဲ့။

(၁၇) ။မခံချင်စိတ်ကို အကျအနထူထောင်ပြီး ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုအရယူရမယ်။

(၁၈) ။သင်ကတစ်စုံတစ်ယောက်ကို ပြုံးပြလိုက်တယ်။အဲဒီလိုပြုံးပြလိုက်တဲ့အတွက်သင့်မှာဘာမှလျော့မသွားဘူး ဒါပေမဲ့…..တစ်ဖက်သားမှာအများကြီးရသွားသလိုပဲ။

( ၁၉) ။လူ့လောကမှာပြောတဲ့သူများတယ်။နားထောင်တဲ့သူနည်းတယ်။တစ်ဖက်သားပြောတကို တလေးတစားနားထောင်တာဟာ အင်မတန်ကြီးမားတဲ့ယဉ်ကျေးမှူပဲ..။

(၂၀)။ ကိုယ့်စိတ်ထဲမှာမရှင်းရင်ရဲရဲမေးဝံ့ရမယ်။ရဲရဲတွေးဝံ့ရမယ်။ပြောစရာရှိရင် ရဲရဲပြောဝံ့ရမယ်..။

(၂၁) ။ပျော်ရွှင်မူဆိုသည်မှာသင်ရောက်ရှိရမည့်စခန်းမဟုတ်ပျော်ရွှင်မှူဖြင့်လိုရာခရီးသွားရန်ဖြစ်သည်။

(၂၂) ။လူတိုင်းအတွက် မိမိတွင်ရှိသောအရည်အချင်းဖြင့်အကောင်းဆုးံဖြစ်အောင်လုပ်နိုင်သူသည် နံပတ်( ၁ ) ပင်ဖြစ်သည်။

ရှာဖွေစုဆောင်းတင်ပြပေးပါသည်။Credit #ဆူးဂီးနိုင်း(ဇလပ်မြေ)