ဒီရက်ပိုင်းအတွင်း အခြေနေတွေ ပြောင်းလဲခြင်းတွေ အလွန်ကောင်းပြီး လာဘ်အထူးရွှင်နေလိမ့်မည့် နေ့နံပိုင်ရှင်များ
unicode
၂၀၂၀ ခုနှစ် ၊ ဇူလှိုင်လ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ
ဗုဒ္ဓဟူးသား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်း လာဘ်အထူးရွှင်နေလိမ့်မည်။အလှူမင်္ဂလာနှင့်ပွဲလမ်းသဘင်တွေနဲ့လည်း ကြုံတွေ့ရတတ်သည်။
နိုင်ငံခြားလူမျိုးနှင့်ပတ်သက်သော အလုပ်တွေ အကျိုးပေးအောင်မြင်ပါလိမ့်မည်။ပြည်တွင်းခရီးတွေလည်း ကောင်းပါသည်။
ထီး၊ဖိနပ်၊အထည်လိပ်လုပ်ငန်းတွေကတော့ တိုချဲ့သင့်သော လုပ်ငန်းတွေဖြစ်ပါသည်။မိတ်ရင်းဆရာရင်းတွေနှင့်တော့ အဆင်မပြေလမ်းခွဲရတတ်သည်။
ပညာရေးကိစ္စ သင်တန်းကိစ္စတွေမှာတော့ စိတ်ရှုပ်ရတတ်သည်။ရေလုပ်ငန်းအထူးကောင်းမွန် အကျိုးပေးပါလိမ့်မည်။
အိမ်ထောင်ရှင်များ စိတ်ညစ်စရာလေးတွေ ကြုံတွေ့ရတတ်သည်။ငယ်ရွယ်သူများ အချစ်ရေးကြည်နူးဖွယ်ရာများ ကြုံတွေ့ရတတ်သည်။
သင့်ကျန်းမာရေးကတော့ အနည်းငယ် ဖျားနာတတ်သည်။သင့်အတွက် ကံကောင်းစေသော အရောင်မှာ အနီရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်းစေမည့်ဂဏန်း (၅၆)အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။သင့်အတွက် ကံကောင်းစေရန ်ယတြာ-အိမ်ဘုရားတွင် နန်းကြီးသုပ်(၂)ပွဲလှူပြီး လိုရာဆုတောင်းပါ။
သင်၏အခက်အခဲများအားလုံးတို့သည်ပြီးစီးအောင်မြင်ပါလိမ့်မည်ဟုကျွနု်ပ်မှယုံကြည်ပါသည်။သင်၏အခက်အခဲများကို 1875 Baydin Messenger တွင်မေးမြန်းနိုင်ပါသည်။
#အချစ်ရေး #အိမ်ထောင်ရေး #စီးပွားရေး #1875Baydin #ဗေဒင်
၂၀၂၀ ခုနှစ် ၊ ဇူလှိုင်လ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ
ကြာသပတေး သား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်း လုပ်ငန်းသစ်စခြင်း၊အလုပ်နေရာအပြောင်းလဲခြင်း၊အခြေနေတွေ ပြောင်းလဲခြင်းတွေ အလွန်ကောင်းပါသည်။
ပြည်တွင်း ပြည်ပ ခရီးတွေလည်း အောင်မြင်ပါလိမ့်မည်။ထွက်နေတဲ့ငွေကြေးတွေလည်း ပြန်ဝင်လာလိမ့်မည်။
ကွဲကွာနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေနှင့်ပြန်ဆုံရမည်။သွပ်၊သံ၊သစ်နှင့်အသီးအနှံ လုပ်ငန်းတွေ အထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။
ခရီးသွားလုပ်ငန်းတွေလည်း အောင်မြင်ပါလိမ့်မည်။ငွေကြေးက အဝင်များသလို အထွက်လည်များပါလိမ့်မည်။
ဘာမဆိုအထစ်အငေါ့လေးတွေကြုံတွေ့ရပြီးမှ အောင်မြင်မှုတွေရရှိတတ်ပါသည်။အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်အတွက် စိတ်ပူပင်ရတတ်သည်။
ငယ်ရွယ်သူများ အချစ်ရေးစိတ်မတင်မကျ ဖြစ်တတ်ပါသည်။ ကျန်းမာရေး ဝမ်းဗိုက်၊ဦးခေါင်းရောဂါတွေ ဂရုစိုက်ပါ…အနည်းငယ်ညံ့နေမည်။
သင့်အတွက် ကံကောင်းစေသောအရောင်မှာ အဖြူရောင်ဖြစ်ပါသည်။သင်ထီထိုးမယ်ဆိုရင် ကံကောင်းစေမည့်ဂဏန်း (၄၆)အတွဲဟာ သင့်အတွက်ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာ-အိမ်ဘုရားတွင်ရွက်လှ(၄)ညွန့် ၊ သပြေ(၆)ညွန့်လှူပြီး လိုရာဆုတောင်းပါ။
သင်၏ အခက်အခဲများအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ကျွနု်ပ်မှယုံကြည်ပါသည်။သင်၏အခက်အခဲများကို 1875 Baydin Messenger တွင်မေးမြန်းနိုင်ပါသည်။
#အချစ်ရေး #အိမ်ထောင်ရေး #စီးပွားရေး #1875Baydin #ဗေဒင်