ၾကားသိရသမွ်

ဒေါက်တာသန်းမင်းထွဋ် ပင်းတယမီးအိမ်ရှင် ၂ရက်နေ့လွတ်တော့မည်

နိုင်ငံ့ဝန်ထမ်းတွေအနက် အချို့ကို ဩဂုတ်လ ၂ ရက်နေ့မှာ အမှုပိတ်သိမ်း ပြန်လည်လွှတ်ပေးမည့် စာရင်းတွင် ပင်းတယမီးအိမ်ရှင် ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီး။

ဒေါက်တာသန်းမင်းထွဋ်ပါ ပါဝင်ကြောင်း စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းယူပြီးနောက်မှာ CDMလှုပ်ရှားမှု ဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်ခဲ့တဲ့ ပြည် သူ့ဝန် ထမ်း ၂၇ဦးကို အမှုအသီးသီးကနေ ရုပ်သိမ်းပြီးတော့။

ဩဂုတ်လ ၂ရက်နေ့မှာ ပြန်လည်လွှတ်ပေးဖို့ စိစစ်ထားတဲ့ စာရင်းမှာ ဆရာကြီး ဒေါက်တာသန်းမင်းထွဋ် ပါဝင်လာတာပါ။

ဆရာကြီးဒေါက်တာ သန်းမင်းထွဋ်နဲ့အတူ မြို့ နယ်အသီးသီးက ဆန္ဒပြပွဲတွေနဲ့ CDMလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်းတချို့နဲ့။

ကျန်းမာရေးဝန်ထမ်းရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကို ပြန်လည်လွှတ်ပေးဖို့ စိစစ်စာမှာ ဖော် ပြထားပါတယ်။

ပြန်လည်လွတ်ပေးဖို့ စိစစ်ထားသူတွေထဲမှာ ပုသိမ်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသံတော်ဆင့်သတင်းဌာနက ဦးရဲရင့်ထွန်းတော့ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Credit

zawgyi

ႏိုင္ငံ့ဝန္ထမ္းေတြအနက္ အခ်ိဳ႕ကို ဩဂုတ္လ ၂ ရက္ေန႔မွာ အမႈပိတ္သိမ္း ျပန္လည္လႊတ္ေပးမည့္ စာရင္းတြင္ ပင္းတယမီးအိမ္ရွင္ ပုသိမ္ခ႐ိုင္ေဆး႐ုံအုပ္ႀကီး။

ေဒါက္တာသန္းမင္းထြဋ္ပါ ပါဝင္ေၾကာင္း စစ္အုပ္စုလက္ေအာက္ခံ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္တဲ့ စာရင္းေတြအရ သိရပါတယ္။

အာဏာသိမ္းယူၿပီးေနာက္မွာ CDMလႈပ္ရွားမႈ ဆႏၵထုတ္ေဖာ္မႈေတြမွာ ပါဝင္ခဲ့တဲ့ ျပည္ သူ႔ဝန္ ထမ္း ၂၇ဦးကို အမႈအသီးသီးကေန ႐ုပ္သိမ္းၿပီးေတာ့။

ဩဂုတ္လ ၂ရက္ေန႔မွာ ျပန္လည္လႊတ္ေပးဖို႔ စိစစ္ထားတဲ့ စာရင္းမွာ ဆရာႀကီး ေဒါက္တာသန္းမင္းထြဋ္ ပါဝင္လာတာပါ။

ဆရာႀကီးေဒါက္တာ သန္းမင္းထြဋ္နဲ႔အတူ ၿမိဳ႕ နယ္အသီးသီးက ဆႏၵျပပြဲေတြနဲ႔ CDMလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တဲ့ ပညာေရးဝန္ထမ္းတခ်ိဳ႕နဲ႔။

က်န္းမာေရးဝန္ထမ္းရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးအခ်ိဳ႕ကို ျပန္လည္လႊတ္ေပးဖို႔ စိစစ္စာမွာ ေဖာ္ ျပထားပါတယ္။

ျပန္လည္လြတ္ေပးဖို႔ စိစစ္ထားသူေတြထဲမွာ ပုသိမ္အက်ဥ္းေထာင္အတြင္း ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျမန္မာသံေတာ္ဆင့္သတင္းဌာနက ဦးရဲရင့္ထြန္းေတာ့ ပါဝင္ခဲ့ျခင္းမရွိခဲ့ပါဘူး။

Credit