ၾကားသိရသမွ်

အောက်စီဂျင်စက်တွေ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေလာတဲ့ နန္ဒာလှိုင်

အောက်စီဂျင်စက်တွေ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေလာတဲ့ နန္ဒာလှိုင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နန္ဒာလှိုင်ကတော့ လတ်တလောမှာပြည်သူတွေအတွက်လိုအပ်နေတဲ့အောက်စီဂျင်စက်ရုံကို ဆောက်လုပ်လှူဒါန်းဖို့လုပ်ဆောင်နေပြီး စက်ရုံမပြီးခင်ကြားကာလမှာ အောက်စီဂျင်ရရှိနိုင်ဖို့အတွက် အောက်စီဂျင် concetrator တွေကို လှူဒါန်းပေးနေတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ ပြီးခဲ့တဲ့ ရက်တွေကတည်းကလည်း ဝယ်ယူလိုရသလောက် အောက်စီဂျင်

concetratorကို ဝယ်ယူလှူဒါန်းပေးနေခဲ့ပြီးဒီနေ့မှာလည်း နောက်ထပ် ဝယ်ယူထားတဲ့ အောက်စီဂျင် concetrator တွေကထပ်မံရောက်ရှိလာခဲ့ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြလာခဲ့ပါတယ်။ “နောက်ဆုံးတော့ရောက်လာပါပြီ။ စိတ်ရှည်သည်းခံပြီးစောင့်ပေးခဲ့ကြတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင်” လို့ အောက်စီဂျင် concetrator စက်တွေ သူရဲ့

အိမ်ကိုရောက်ရှိနေပြီဖြစ်ကြောင်းပစ္စည်းတွေကို ကားပေါ်ကချနေတဲ့ ပုံလေးတွေကိုပါဖော်ပြထားခဲ့ပါသေးတယ်။ဒီနေ့နေ့ချင်းပဲ အောက်စီဂျင် concetrator စက်တွေကို လှူဒါန်းပေးသွားမှာဖြစ်ပြီး သူရဲ့ကန်ရိပ်သာအိမ်မှာ အောက်စီဂျင် concetrator စက်တွေကို လာရောက်ထုတ်ယူနိုင်ပါပြီတဲ့။ CeleZone ပရိသတ်ကြီးရေ တကယ်လိုအပ်နေတဲ့ပြည်သူတွေအတွက်တော့ ဝမ်းသာစရာသတင်းလေးမို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။Source – Nandar Hlaing

ေအာက္စီဂ်င္စက္ေတြ ေရာက္ရွိလာၿပီျဖစ္ေၾကာင္း သတင္းေကာင္းေလးကို မွ်ေဝလာတဲ့ နႏၵာလႈိင္

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ နႏၵာလႈိင္ကေတာ့ လတ္တေလာမွာျပည္သူေတြအတြက္လိုအပ္ေနတဲ့ေအာက္စီဂ်င္စက္႐ုံကို ေဆာက္လုပ္လႉဒါန္းဖို႔လုပ္ေဆာင္ေနၿပီး စက္႐ုံမၿပီးခင္ၾကားကာလမွာ ေအာက္စီဂ်င္ရရွိႏိုင္ဖို႔အတြက္ ေအာက္စီဂ်င္ concetrator ေတြကို လႉဒါန္းေပးေနတာပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါေနာ္။ ၿပီးခဲ့တဲ့ ရက္ေတြကတည္းကလည္း ဝယ္ယူလိုရသေလာက္ ေအာက္စီဂ်င္

concetratorကို ဝယ္ယူလႉဒါန္းေပးေနခဲ့ၿပီးဒီေန႔မွာလည္း ေနာက္ထပ္ ဝယ္ယူထားတဲ့ ေအာက္စီဂ်င္ concetrator ေတြကထပ္မံေရာက္ရွိလာခဲ့ၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလးကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနမွ်ေဝေဖာ္ျပလာခဲ့ပါတယ္။ “ေနာက္ဆုံးေတာ့ေရာက္လာပါၿပီ။ စိတ္ရွည္သည္းခံၿပီးေစာင့္ေပးခဲ့ၾကတဲ့သူေတြအားလုံးေက်းဇူးတင္ပါတယ္ရွင္” လို႔ ေအာက္စီဂ်င္ concetrator စက္ေတြ သူရဲ႕

အိမ္ကိုေရာက္ရွိေနၿပီျဖစ္ေၾကာင္းပစၥည္းေတြကို ကားေပၚကခ်ေနတဲ့ ပုံေလးေတြကိုပါေဖာ္ျပထားခဲ့ပါေသးတယ္။ဒီေန႔ေန႔ခ်င္းပဲ ေအာက္စီဂ်င္ concetrator စက္ေတြကို လႉဒါန္းေပးသြားမွာျဖစ္ၿပီး သူရဲ႕ကန္ရိပ္သာအိမ္မွာ ေအာက္စီဂ်င္ concetrator စက္ေတြကို လာေရာက္ထုတ္ယူႏိုင္ပါၿပီတဲ့။ CeleZone ပရိသတ္ႀကီးေရ တကယ္လိုအပ္ေနတဲ့ျပည္သူေတြအတြက္ေတာ့ ဝမ္းသာစရာသတင္းေလးမို႔ ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။Source – Nandar Hlaing