ရွှေတောင်မြို့ ရွှေမျက်မှန်ဘုရား မျက်စိဝေဒနာ ပျောက်ကင်းစေသော ဂါထာတော်
ဒက္ခိဏက္ခိစ သူရိယော ဝါမ အက်ခိစ စန်ဒိမာ ဗုဒ္ဓစက္ခုနိ ဓာတုယော အဟံ ဝန္ဒာမိ သဗ္ဗဒါ ဧတနေ ပုည ကမ်မနေ စက္ခုရောဂါ ဝိနဿတု
လက်ယာဖက်မျက်စိတော်၌ နေမင်းသည်တည်၏ လက်ဝဲဖက် မျက်စိတော်၌ လမင်းသည်တည်၏ ဘုရားရှင်ကိုယ်တော်မြတ်၏
မျက်စိတော် ဓာတ်တော်တို့ကို တပည့်တော်သည် နေ့ရော,ညပါ အခါခပ်သိမ်း ရိုသေမြတ်နိုးစွာ ရှိခိုးပါ၏ ဘုရား ဤသို့ ရှိခိုးရသော
ကောင်းမှုကံ စေတနာကြောင့် မျက်စိ၌ဖြစ်သော ရောဂါဝေဒနာသည် ကင်းစင်လွင့်ပျောက် ပါစေသတည်း
ဒွတ္တဘောင်မင်းကြီး ကောင်းမှု့တော် ရွှေမျက်မှန်ဘုရားကြီးရွှေမျက်မှန်ဘုရားကြီးသည် ပဲခူးတိုင်းဒေသကြီး ၊ ရွှေတောင်မြို့ တွင် ရှိ
သည် အာဇာနည် ကျောက်တိုင်အနီး လမ်းညွှန်ဆိုင်းဘုတ်ကြီးကို ကျော်လာပြီးနောက်လက်ယာဘက်တွင် ရွှေမျက်မှန်ဘုရားကြီး
ကိန်းဝပ်ရာ တန်ဆောင်းတော်ကြီး တည်ရှိသည်
ရွှေတောင်မြို့ ရွှေမျက်မှန်ဘုရားရွှေမျက်မှန်ဘုရားကြီးမှာ ဉာဏ်တော် အတောင် ၂၀ ခန့် မြင့်သည် ရုပ်ပွားတော်၏ မျက်နှာ သုံးပုံတစ်
ပုံခန့်သာသာ အရွယ်ရှိ ရွှေမျက်မှန်ကြီး တပ်ဆင်ထားသည်မျက်မှန်တော်ကြီးမှာ တစ်ဖက်မှတစ်ဖက် အထက်အောက် ကွင်း
အကျယ် လက်မ ၂၀ စီ ရှိသည် အလျား ၂၂ လက်မ ရှိသည် မျက်လုံးတော်မှာ လက်မ ၂၀ ရှိပြီး မဟူရာမျက်လုံးတော်များ ဖြစ်သည်
သရေခေတ္တရာတည် ဒွတ္တဘောင်မင်းကြီး လက်ထက်မှ စတင်တည်ထား ကိုးကွယ်ခဲ့သည်ဟု ဆိုသည် နှောင်းခေတ်တွင်
မျက်စိဝေဒနာရှင်များသည် ရုပ်ပွားတော်ကြီး၏ မျက်မှန်တော်ကို ပြုပြင်လှူဒါန်းခဲ့ကြသည် သန့်စင်ပေးခဲ့ကြသည် ဤနည်းဖြင့် မျက်စိ
ရောဂါများ သက်သာပျောက်ကင်းသည်ဟု ယုံကြည်ကြသည်
လက်ယာဖက်မျက်စိတော်၌ နေမင်းသည်တည်၏ လက်ဝဲဖက် မျက်စိတော်၌ လမင်းသည်တည်၏ ဘုရားရှင်ကိုယ်တော်မြတ်၏ မျက်စိေ
တာ် ဓာတ်တော်တို့ကို တပည့်တော်သည် နေ့ရော,ညပါ အခါခပ်သိမ်း ရိုသေမြတ်နိုးစွာ ရှိခိုးပါ၏ ဘုရား ဤသို့ ရှိခိုးရသောကောင်းမှုကံေ
စတနာကြောင့် မျက်စိ၌ဖြစ်သော ရောဂါဝေဒနာသည် ကင်းစင်လွင့်ပျောက် ပါစေသတည်း