unicode
အဆိုတော်ရဲရင့်အောင်နဲ့ အေးငြိမ်းဖြူတို့ လမ်းခွဲလိုက်ကြပြီဆိုတဲ့အကြောင်းကို
အေးငြိမ်းဖြူမှ သူ့ရဲ့အကောင့်မှာ ခုလိုတင်ထားတာပဲ ဖြစ်ပါတယ်
သေလောက်အောင်ချစ်ခဲ့ရတဲ့သူမို့
လမ်းခွဲတဲ့အချိန်မှာလဲ သေလောက်အောင်နာကျင်ရပါတယ်
A သူ့ကိုဘယ်လောက်နာကျည်းနေပါစေ
ဒါပေမဲ့ A တို့နှစ်ယောက်ကို အခြားသူတွေအမြင်မှာ ကောင်းသော အမှတ်တရလေးတွေနဲ့ပဲ ကျန်ခဲ့စေချင်လို့ပါ
အဲ့ကြောင့် A ဒီလမ်းခွဲတဲ့ကိစ္စနဲ့ပက်သက်ပြီး
နောက်ထပ် ဘာမှထပ်ပြောတော့မှာမဟုတ်ပါဘူးနော်
လေးနှစ်ကျော်လုံး ဘယ်တော့မှ လွှတ်မချနိုင်ခဲ့ပဲမရရအောင် ဆုပ်ကိုင်ခဲ့တဲ့ လက်တစ်စုံ
နောက်ဆုံးတော့ လွှတ်ချနိုင်ခဲ့ပါပြီအခြားသူအတွက်ပေးဆပ်ရင်း ကိုယ့်အတွက်ကိုယ်
အသက်ရှုဖို့တောင် မေ့နေခဲ့တဲ့သူမို့ ရှေ့ဆက်ရမဲ့ ဘဝမှာ ကိုယ့်ကိုကိုယ် အများကြီး ပြန်ကြည့်ပေးပြီး ကြိုးစား နေထိုင်သွားမှာပါ
ဒီကာလကြီးမှာ ဒီလိုကိစ္စမျိုး အသိပေးရတဲ့အတွက်လည်း တကယ် တောင်းပန်ပါတယ်