ကိုဗစ်နဲ့ သေပြီထင်ပြီး မီးသင်းဂြိုလ်စက်ထဲ ထည့်ချိန်ကျမှ ပြန်ထလာတယ် ဆိုတော့ပြောစရာရှိပါတယ်
ပန်းတနော်မှာ ကိုဗစ်နဲ့ သေပြီထင်ပြီး မီးသင်းဂြိုလ်စက်ထဲ ထည့်ချိန်ကျမှပြန်ထလာတယ် ကြားတော့ သတိပေးစရာလေးရှိပါတယ်
အရင်တုန်းက ဆရာဝန်တွေက စစ်ဆေးပြီးမှ သေဆုံးကြောင်း အတည်ပြု …
ပြီးရင် ၃ ရက်ထား သဂြိုလ်ကြပေမဲ့ …
ခုကိုဗစ် တတိယလှိုင်းမှာ ကိုဗစ်ထိပြီး ဆုံးတာနဲ့အချိန်မဆိုင်းဘဲ … ချက်ချင်းသဂြိုလ်ကြ …
နယ်မပြောနဲ့ ရန်ကုန်အချို့နေရာတွေမှာဆရာဝန်တွေနဲ့လဲ မစစ်နိုင်ကြတော့ရွာဘက်တွေမှာ လူနာကတကယ်သေလား မသေလားဘယ်လိုစစ်ပြီး ဘယ်လိုတွေ မီးသဂြိုလ်ကြလဲစိတ်ပူစရာ …🥺
ခုရောဂါကလဲ အရမ်းပြင်းထန်ရင် သတိလစ် မေ့မြောတတ်တာတွေရှိတော့ …
ခေါ်မရ လှုပ်နှိုးမရရင် သေပြီလို့ပဲ အလွယ်သတ်မှတ်ကြရင်ဖြင့် မတွေးဝံ့စရာပါ …
ပြည်သူတွေမှာ အပူအား အကြောက်အား စုံနေပြီး ကော့နေအောင်ခံစားနေကြရပြီအားလုံး အထူးဂရုစိုက် နေထိုင်သွားလာဆင်ခြင်ပြီး ကပ်ရောဂါကြီးကို ကျော်လွှားနိုင်ကြပါစေ….။
Zawgyi
ကိုဗစ္နဲ႔ ေသၿပီထင္ၿပီး မီးသင္းၿဂိဳလ္စက္ထဲ ထည့္ခ်ိန္က်မွ ျပန္ထလာတယ္ ဆိုေတာ့ေျပာစရာရွိပါတယ္
ပန္းတေနာ္မွာ ကိုဗစ္နဲ႔ ေသၿပီထင္ၿပီး မီးသင္းၿဂိဳလ္စက္ထဲ ထည့္ခ်ိန္က်မွျပန္ထလာတယ္ ၾကားေတာ့ သတိေပးစရာေလးရွိပါတယ္
အရင္တုန္းက ဆရာဝန္ေတြက စစ္ေဆးၿပီးမွ ေသဆုံးေၾကာင္း အတည္ျပဳ …
ၿပီးရင္ ၃ ရက္ထား သၿဂိဳလ္ၾကေပမဲ့ …
ခုကိုဗစ္ တတိယလႈိင္းမွာ ကိုဗစ္ထိၿပီး ဆုံးတာနဲ႔အခ်ိန္မဆိုင္းဘဲ … ခ်က္ခ်င္းသၿဂိဳလ္ၾက …
နယ္မေျပာနဲ႔ ရန္ကုန္အခ်ိဳ႕ေနရာေတြမွာဆရာဝန္ေတြနဲ႔လဲ မစစ္ႏိုင္ၾကေတာ့႐ြာဘက္ေတြမွာ လူနာကတကယ္ေသလား မေသလားဘယ္လိုစစ္ၿပီး ဘယ္လိုေတြ မီးသၿဂိဳလ္ၾကလဲစိတ္ပူစရာ …🥺
ခုေရာဂါကလဲ အရမ္းျပင္းထန္ရင္ သတိလစ္ ေမ့ေျမာတတ္တာေတြရွိေတာ့ …
ေခၚမရ လႈပ္ႏႈိးမရရင္ ေသၿပီလို႔ပဲ အလြယ္သတ္မွတ္ၾကရင္ျဖင့္ မေတြးဝံ့စရာပါ …
ျပည္သူေတြမွာ အပူအား အေၾကာက္အား စုံေနၿပီး ေကာ့ေနေအာင္ခံစားေနၾကရၿပီအားလုံး အထူးဂ႐ုစိုက္ ေနထိုင္သြားလာဆင္ျခင္ၿပီး ကပ္ေရာဂါႀကီးကို ေက်ာ္လႊားႏိုင္ၾကပါေစ….။



