မြန်မာနိုင်ငံတွင် ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းဟာ အတော်လေးကို ဆိုးရွားခဲ့ပြီး လူကြီးလူငယ်မရွေး အသက်ဆုံးရှုံးနေရတာကို ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရောဂါဖြစ်ပွားနှုန်းအနည်းငယ်ကျဆင်းလာပြီဖြစ်ပြီး သေဆုံးနှုန်းတွေလည်း လျော့လာပြီ ဖြစ်ပါတယ်။
မြို့နယ်တိုင်းမှာလည်းကိုဗစ်ရောဂါကာကွယ်ဆေးတွေကို အသက်(၆၀) နှင့်အထက် ထိုးပေးနေပြီး အချို့ပြည်သူများမှာတော့ ပြည်ပကနေ မှောင်ခိုတင်သွင်းလာတဲ့ covidshield vaccine တွေကို ရှာဖွေဝယ်ယူနေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှောင်ခိုဈေးကွက်ထဲ ရောက်ရှိနေတဲ့ covidshield တွေ ရာခိုင်နှုန်းတော်တော်များဟာ အတုတွေ ဖြစ်နေနိုင်ကြောင်း ဆရာဝန်တစ်ဦးရဲ့ လူမှုကွန်ယက်တွင် ရေးသားထားပါတယ်။
အခုလက်ရှိရောင်းနေတဲ့ covidshield တွေဟာ ရေခဲပုံးထဲ အလွယ်တကူထည့်ပြီး ရောင်းချနေကြတာ ဖြစ်ပါတယ်။ မှောင်ခိုရောင်းချနေသူများကလည်းဆေးထားသိုနည်းတွေကို ဂဂဃနမသိဘဲ တစ်ပုလင်းကို လူဆယ်ယောက်ထိုးနိုင်ကြောင်းကိုလည်း ဗီဒီယိုဖိုင်ထဲတွင်ပြောထားတာကို မြင်တွေ့ရပါတယ်။
ဆေးပညာလောကမှ တတ်သိနားလည်သူများရဲ့ ပြောကြားမှုတွေအရ မှောင်ခိုတင်သွင်းလာတဲ့ ဆေးတွေဟာအန္တရာယ်များလွန်းကြောင်း သိရပါတယ်။
COVID chain ဆိုတဲ့ အဓိပ္ပာယ်ဟာ ဆေးကိုစပြီး ထုတ်လုပ်လိုက်တဲ့စက်ရုံကစပြီး နောက်ဆုံးလူနာဆီရောက်တဲ့အထိ ကြားထဲက သယ်ယူပို့ဆောင်ထားသိုတဲ့ အဆင့်ဆင့်တိုင်းမှာ သူသတ်မှတ်ထားတဲ့ အပူချိန်အတိုင်း မပြတ်ထားရတဲ့ စနစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
တစ်လျှောက်လုံးမှာလဲtemperature record ဆိုတာရှိရမှာဖြစ်ပြီး လက်လွှဲပြောင်းယူတဲ့ အဆင့်ဆင့်တိုင်းမှာ temperature record ကောင်းလားဆိုတာ စစ်ဆေးပြီးမှသာ လက်ခံကြရတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ဗဟုသုတအဖြစ် ကြည့်ရှုနိုင်စေဖို့ ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို ရေခဲပုံးထဲထည့်ပြီး ဖြစ်သလိုရောင်းချနေတာကို ဗီဒီယိုဖိုင်ကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader
ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနတဲ့ ကိုဗစ္တတိယလႈိင္းဟာ အေတာ္ေလးကို ဆိုး႐ြားခဲ့ၿပီး လူႀကီးလူငယ္မေ႐ြး အသက္ဆုံးရႈံးေနရတာကို ဝမ္းနည္းစြာျဖင့္ ျမင္ေတြ႕ေနရတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေရာဂါျဖစ္ပြားႏႈန္းအနည္းငယ္က်ဆင္းလာၿပီျဖစ္ၿပီး ေသဆုံးႏႈန္းေတြလည္း ေလ်ာ့လာၿပီ ျဖစ္ပါတယ္။
ၿမိဳ႕နယ္တိုင္းမွာလည္းကိုဗစ္ေရာဂါကာကြယ္ေဆးေတြကို အသက္(၆၀) ႏွင့္အထက္ ထိုးေပးေနၿပီး အခ်ိဳ႕ျပည္သူမ်ားမွာေတာ့ ျပည္ပကေန ေမွာင္ခိုတင္သြင္းလာတဲ့ covidshield vaccine ေတြကို ရွာေဖြဝယ္ယူေနၾကတာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံေမွာင္ခိုေဈးကြက္ထဲ ေရာက္ရွိေနတဲ့ covidshield ေတြ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားဟာ အတုေတြ ျဖစ္ေနႏိုင္ေၾကာင္း ဆရာဝန္တစ္ဦးရဲ႕ လူမႈကြန္ယက္တြင္ ေရးသားထားပါတယ္။
အခုလက္ရွိေရာင္းေနတဲ့ covidshield ေတြဟာ ေရခဲပုံးထဲ အလြယ္တကူထည့္ၿပီး ေရာင္းခ်ေနၾကတာ ျဖစ္ပါတယ္။ ေမွာင္ခိုေရာင္းခ်ေနသူမ်ားကလည္းေဆးထားသိုနည္းေတြကို ဂဂဃနမသိဘဲ တစ္ပုလင္းကို လူဆယ္ေယာက္ထိုးႏိုင္ေၾကာင္းကိုလည္း ဗီဒီယိုဖိုင္ထဲတြင္ေျပာထားတာကို ျမင္ေတြ႕ရပါတယ္။
ေဆးပညာေလာကမွ တတ္သိနားလည္သူမ်ားရဲ႕ ေျပာၾကားမႈေတြအရ ေမွာင္ခိုတင္သြင္းလာတဲ့ ေဆးေတြဟာအႏၲရာယ္မ်ားလြန္းေၾကာင္း သိရပါတယ္။
COVID chain ဆိုတဲ့ အဓိပၸာယ္ဟာ ေဆးကိုစၿပီး ထုတ္လုပ္လိုက္တဲ့စက္႐ုံကစၿပီး ေနာက္ဆုံးလူနာဆီေရာက္တဲ့အထိ ၾကားထဲက သယ္ယူပို႔ေဆာင္ထားသိုတဲ့ အဆင့္ဆင့္တိုင္းမွာ သူသတ္မွတ္ထားတဲ့ အပူခ်ိန္အတိုင္း မျပတ္ထားရတဲ့ စနစ္ကို ဆိုလိုတာ ျဖစ္ပါတယ္။
တစ္ေလွ်ာက္လုံးမွာလဲtemperature record ဆိုတာရွိရမွာျဖစ္ၿပီး လက္လႊဲေျပာင္းယူတဲ့ အဆင့္ဆင့္တိုင္းမွာ temperature record ေကာင္းလားဆိုတာ စစ္ေဆးၿပီးမွသာ လက္ခံၾကရတာ ျဖစ္ပါတယ္။ ပရိသတ္ေတြ ဗဟုသုတအျဖစ္ ၾကည့္ရႈႏိုင္ေစဖို႔ ကိုဗစ္ေရာဂါကာကြယ္ေဆးေတြကို ေရခဲပုံးထဲထည့္ၿပီး ျဖစ္သလိုေရာင္းခ်ေနတာကို ဗီဒီယိုဖိုင္ကို တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Original Uploader