ၾကားသိရသမွ်

ထီအရမ်းထိုးချင်နေတဲ့သူတွေအတွက် NUGထီဘယ်လိုထိုးရမလဲ၊ဘယ်လိုဆုကြေးထုတ်မလဲ






Unicode

ထီအရမ်းထိုးချင်နေတဲ့သူတွေအတွက် NUGထီဘယ်လိုထိုးရမလဲ၊ဘယ်လိုဆုကြေးထုတ်မလဲ

NUG ထီဘယ်လိုရောင်းမလဲ အဖြေကရှင်းပါတယ် 21ရာစုပါ။ ကုန်းဘောင်ခေတ်မဟုတ်တော့ပါဘူး။ထီလက်မှတ်ကြီးကိုင် ငွေထုပ်ကြီးထမ်း လမ်းသလားရမယ့်ကာလမဟုတ်ပါ။ မိတ်ဆွေတို့ရဲ့ ဖုန်း၊ ကွန်ပျူတာ၊တက်လဘက်တွေကညထီလက်မှတ်တွေ၊ ငွေ ထုပ်ကြီးတွေ၊ ကား၊ ရထား၊ လေယဉ်လက်မှတ်ဖြစ်ကုန်တဲ့ဒီဂျစ်တယ် ခေတ်ကြီးပါ။ ကွီးဖြိုးက ဒီလို ဒီဂျစ်တယ်ထီလက်မှတ်ရောင်းဖို့စီစဉ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် မအလတိုရဲ့နှောက်ယှက်မှုကြောင့် ကြန့်ကြာခဲ့ရပါတယ်။ ဒီဂျစ်တယ်နည်းဖြင့်ရောင်းလျင်အရောင်းကိုယ်စားလှယ်မလိုတော့လို့ ဈေးပိုပေးရတာမျိုးမရှိတော့ပါ။ နောက်ထပ်သတင်းကောင်းကထီပေါက်နိုင်ခြေများလာစေရန် ဂဏန်းတွေရှေ့က (က..ခ..ဂ)ဆိုတဲ့ အက္ခရာတွေကို ဖြုတ်ပစ်မှာပါ။

အချိန်အားဖြင့်လည်း အချိန်တိုအတွင်းထီပြန်ဖွင့်နိုင်ပါတယ်။ ထီပေါက်စဉ်တိုက်စရာမလိုပဲထီဖွင့်ရက်မှာထီပေါက်ခြင်းကို ချက်ချင်းသိရမှာဖြစ်လို့ ထီပေါက်စဉ်ဝယ်စရာမလိုပါ။ဒီဂျစ်တယ် ထီတိုက်စနစ်ထည့်ပေးထားလို့ ကိုယ်တိုင်လည်းထီတိုက်နိုင်မှာပါ။

ပေါက်တဲ့ငွေက ကိုယ်ဖုန်းထဲရောက်လာမှာဖြစ်ပါတယ်။ ဥပမာ..Wave Money လိုမျိုးပေါ့။ပြီးရင်သက်ဆိုင်ရာငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ကိုယ့်ရဲ့ QR Code ကလေးပြလိုက်ယုံပါပဲ။

ထီအရမ်းထိုးချင်နေတဲ့သူတွေအတွက် NUGထီဘယ်လိုထိုးရမလဲ၊ဘယ်လိုဆုကြေးထုတ်မလဲ

NUG ထီဘယ်လိုရောင်းမလဲ အဖြေကရှင်းပါတယ် 21ရာစုပါ။ ကုန်းဘောင်ခေတ်မဟုတ်တော့ပါဘူး။ထီလက်မှတ်ကြီးကိုင် ငွေထုပ်ကြီးထမ်း လမ်းသလားရမယ့်ကာလမဟုတ်ပါ။ မိတ်ဆွေတို့ရဲ့ ဖုန်း၊ ကွန်ပျူတာ၊

တက်လဘက်တွေကညထီလက်မှတ်တွေ၊ ငွေ ထုပ်ကြီးတွေ၊ ကား၊ ရထား၊ လေယဉ်လက်မှတ်ဖြစ်ကုန်တဲ့ဒီဂျစ်တယ် ခေတ်ကြီးပါ။ ကွီးဖြိုးက ဒီလို ဒီဂျစ်တယ်ထီလက်မှတ်ရောင်းဖို့စီစဉ်ခဲ့ဖူးပါတယ်။