ကြားသိရသမျှ

အချစ်ဆုံးသူငယ်ချင်းရဲ့အသက် ၂၅ နှစ်အရွယ်သားဖြစ်သူနှင့် လက်ထပ်ထိမ်းမြားခဲ့တဲ့ အသက် ၄၀ အရွယ် single mother တစ်ဦး

မကြာသေးမီက “ အသက် ၄၀ အရွယ်ဇနီးနှင့် ၂၅ နှစ်အရွယ်ခင်ပွန်း” ရဲ့ဆက်ဆံရေးက ပုံမှန်ဘဲလားဆိုတာကို တရုတ်လူမှုကွန်ရက်တွေမှာ အငြင်းပွားစရာတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် သတို့သားဟာ ဇနီးဖြစ်သူရဲ့အခင်ဆုံးသူငယ်ချင်းရဲ့သားဖြစ်နေပါတယ်။သတင်းများအရ Chun Hua အမည်ရှိသတို့သမီးဖြစ်သူဟာ သူမရဲ့လက်ရှိခင်ပွန်းအား ခင်ပွန်းရဲ့အသက် ၈ နှစ်အရွယ်ရှိကတည်းကပင် တွေ့ဆုံခဲ့ပါတယ်။ “ အဲ့တာက လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ၁၇ နှစ်အကြာတုံးကပါ ၊ ကျွန်မက ကျွန်မခင်ပွန်းကြီးပြင်းလာတာကို နေ့တိုင်း ကြည့်နေခဲ့တယ်” ဟု Hua က ဆိုခဲ့ပါတယ်။၎င်းတို့နှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦး နှစ်ပေါင်းများစွာ သိနေခဲ့ကြပေမဲ့ ၎င်းတို့ဟာ တစ်ဦးပေါ်တစ်ဦး ရင်းနှီးလာခဲ့ပြီး အချင်းချင်းစကားများအချိတ်အဆက်များရှိလာတာကြောင့် ၎င်းတို့ဟာ ပြီးခဲ့တဲ့ ၂ လအကြာမှာဘဲ တစ်ဦးနှင့်တစ်ဦးတကယ်ချစ်မိသွားခဲ့ကြပါတယ်။

Hua ဟာ တစ်ချိန်က သူမရဲ့အရင်ခင်ပွန်းနှင့် သားသမီး ၃ ယောက်ရှိသော်လည်း ၎င်းဟာ သူတို့ရဲ့လက်ရှိဆက်ဆံရေးကို မထိခိုက်စေခဲ့ပါဘူး။Huaဟာ Weibo app မှာ သူမနှင့်အသစ်သောခင်ပွန်းတို့ရဲ့ ကြင်စဦးတွေရဲ့ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီးနောက် သူတို့ရဲ့ဆင်တူတဲ့ပုံရိပ်များကြောင့် လူအချို့ထံမှ ချီးကျူးခံခဲ့ရပါတယ်။ထို့အပြင် အသက် ၄၀ အရွယ် Hua ဟာ သူမရဲ့လက်ရှိခင်ပွန်းနဲ့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး “အဲဒီနေ့ဘဲ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ငါ့ရဲ့လက်ရှိခင်ပွန်းကို စောင့်ရှောက်ခိုင်းတဲ့နေ့ဘဲ ၊အဲဒီတုန်းက သူက ၈ နှစ်ဘဲရှိသေးတယ်၊ ငါသူ့ကို စားသောက်ဆိုင်ခေါ်သွားပြီး ကုန်တိုက်မှာ သွားကစားခဲ့ကြသေးတယ်၊တော်တော်ကို ပျော်ခဲ့ရတဲ့နေ့ပဲ” ဟု Hua က ပြန်ပြောပြခဲ့ပါတယ်။

Hua ဟာ သူမရဲ့ယောက္ခမအသစ်က သူမတို့ရဲ့ဆက်ဆံရေးကို မဆန့်ကျင်သလို ထောက်လည်းမထောက်ခံခဲ့ပေမဲ့ မင်္ဂဆောင်တဲ့နေ့မှာတော့ သူမက “ နင်တို့နှစ်ယောက်ပျော်ရင် ပြီးတာဘဲ ” လို့သာ ဆိုခဲ့ကြောင်း ပြောပြခဲ့ပါတယ်။Hua ရဲ့အဖြစ်အပျက်ဟာ Weibo app တွင် နေ့ချင်းညချင်းဆိုသလို ဂယက်ထသွားခဲ့ရပါတယ်။လူများစွာက ၎င်းသတင်းကို ဖတ်လိုက်ရပြီးနောက် “ သူတို့ရဲ့ကလေးတွေအတွက် တကယ်ကို စိတ်ပူမိတယ်” ဟု ပြောနေခဲ့ကြပါတယ်။သို့ပေမဲ့ အချစ်မှာ အသက်အရွယ်က အဓိကပြဿနာမဟုတ်ကြောင်းကို ထင်မြင်ချက်ပေးခဲ့ကြတဲ့သူများလည်း ရှိနေခဲ့ပါတယ်။

.

.

.

.

.

Mia (KBdailynews)

Reference : everytruenews24

Zawgyi