ၾကားသိရသမွ်

အဆင်မပြေမှုတွေများစွာထဲက ရအောင်ကျော်ဖြတ်နေရတဲ့ ပြည်သူတွေကို စကားလက်ဆောင်ပါးခဲ့တဲ့ဖိုးချစ်

အဆင်မပြေမှုတွေများစွာထဲက ရအောင်ကျော်ဖြတ်နေရတဲ့ ပြည်သူတွေကို စကားလက်ဆောင်ပါးခဲ့တဲ့ဖိုးချစ်

ဇာတ်မင်းသား ဖိုးချစ်ကတော့ မကြာသေးခင်နာရီပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်တွင် ကိုယ်တိုင် အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာတောင်ပရိသတ်တွေကို စိုးရိမ်စိတ်အပြည့်နဲ့ စကားလက်ဆောင်လေးရေးသား ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။

ပြည်သူများနဲ့အတူ ချစ်ခင်တန်ဖိုးထားရတဲ့ မိသားစုများအားလုံး ကျန်းမာရေးအထူး ဂရုစိုက်ကြဖို့ မှာကြားနေတာ ဖြစ်ပါတယ်။နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး အဘက်ဘက်က စိန်ခေါ်မှုကြီးမားနေချိန်မှာ ရအောင် ဖြတ်သန်းနေထိုင်ခြင်းဟာလည်း လူသားတစ်ယောက် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားဖြစ်ကြောင်း ပြောပြထားပါသေးတယ်။

ခေတ်ကပေးသော ကာလကပေးသော လောကဓံအတွေ့အကြုံများကို လက်ခံရင်း ကိုယ်ယုံကြည်ရာပန်းတိုင်ကိုရောက်အောင် ချီတက်ရမှာ ဖြစ်ကြောင်းကိုလည်း ရေးသားထားပါတယ်။

အဆင်မပြေမှုတွေများစွာထဲက ရအောင်ရုန်းထွက် ကျော်ဖြတ်နေကြရတဲ့အတွက် ပင်ပန်းနေကြမှာကို နားလည်ပေမယ့်လည်း မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းလာကြသူများဖြစ်တဲ့အတွက် နိုင်ငံ့အရေးကို ရှောင်လွှဲလို့မရဘဲ ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

လောကကြီးကနေ စောစီးစွာ ထွက်ခွာသွားကြသူများအတွက်လည်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးရင်းနောက်ထပ် ထိခိုက်ဆုံးရှုံးမှုတွေ မရှိရလေအောင် ပြည်သူအချင်းချင်း လက်ချင်းယှက်ပြီး ။

ပန်းတိုင်ကို မရောက်ရောက်အောင် သွားကြဖို့ လိုအပ်ကြောင်း ရေးသား ဝေမျှရင်း သူ့ရဲ့ ဒုတိယမိသားစုဖြစ်တဲ့ ချစ်ပရိသတ်တွေကိုပြောမပြတတ်အောင် လွမ်းနေပြီဖြစ်ကြောင်းကိုလည်း ရေးသားထားတာ ဖြစ်ပါတယ်။

ပြည်သူများကလည်း ကျနေတဲ့ စိတ်ဓာတ်ကို ပြန်ဆွဲတင်ပြီး ရအောင်ကျော်ဖြတ်နေကြကြောင်း ဖိုးချစ်ရဲ့ပို့စ်အောက်တွင် ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။အကောင်းအဆိုးကို လက်ခံပြီး ရောင်နီလာမယ့် နေ့သစ်တွေကို မျှော်လင့်ရင်း ဒီအခြေအနေဆိုးကြီးကို ရအောင် ကျော်ဖြတ်နိုင်ကြဖို့ လိုအပ်လှပါတယ်။

အားလုံးလည်းကျန်းမာရေးဂရုစိုက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ဆီကို ရောက်အောင် လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit

အဆင္မေျပမႈေတြမ်ားစြာထဲက ရေအာင္ေက်ာ္ျဖတ္ေနရတဲ့ ျပည္သူေတြကို စကားလက္ေဆာင္ပါးခဲ့တဲ့ဖိုးခ်စ္

ဇာတ္မင္းသား ဖိုးခ်စ္ကေတာ့ မၾကာေသးခင္နာရီပိုင္းေလာက္က သူ႔ရဲ႕ လူမႈကြန္ယက္တြင္ ကိုယ္တိုင္ အခက္အခဲေတြနဲ႔ ႀကဳံေနရခ်ိန္မွာေတာင္ပရိသတ္ေတြကို စိုးရိမ္စိတ္အျပည့္နဲ႔ စကားလက္ေဆာင္ေလးေရးသား ေဝမွ်ေပးလာခဲ့တာ ျဖစ္ပါတယ္။

ျပည္သူမ်ားနဲ႔အတူ ခ်စ္ခင္တန္ဖိုးထားရတဲ့ မိသားစုမ်ားအားလုံး က်န္းမာေရးအထူး ဂ႐ုစိုက္ၾကဖို႔ မွာၾကားေနတာ ျဖစ္ပါတယ္။ႏိုင္ငံေရး၊စီးပြားေရး၊ လူမႈေရး၊က်န္းမာေရး အဘက္ဘက္က စိန္ေခၚမႈႀကီးမားေနခ်ိန္မွာ ရေအာင္ ျဖတ္သန္းေနထိုင္ျခင္းဟာလည္း လူသားတစ္ေယာက္ ထမ္းေဆာင္ရမယ့္ တာဝန္ဝတၱရားျဖစ္ေၾကာင္း ေျပာျပထားပါေသးတယ္။

ေခတ္ကေပးေသာ ကာလကေပးေသာ ေလာကဓံအေတြ႕အႀကဳံမ်ားကို လက္ခံရင္း ကိုယ္ယုံၾကည္ရာပန္းတိုင္ကိုေရာက္ေအာင္ ခ်ီတက္ရမွာ ျဖစ္ေၾကာင္းကိုလည္း ေရးသားထားပါတယ္။

အဆင္မေျပမႈေတြမ်ားစြာထဲက ရေအာင္႐ုန္းထြက္ ေက်ာ္ျဖတ္ေနၾကရတဲ့အတြက္ ပင္ပန္းေနၾကမွာကို နားလည္ေပမယ့္လည္း ျမန္မာႏိုင္ငံမွာ ေမြးဖြားႀကီးျပင္းလာၾကသူမ်ားျဖစ္တဲ့အတြက္ ႏိုင္ငံ့အေရးကို ေရွာင္လႊဲလို႔မရဘဲ ရင္ဆိုင္ေျဖရွင္းၾကရမွာ ျဖစ္ပါတယ္။

ေလာကႀကီးကေန ေစာစီးစြာ ထြက္ခြာသြားၾကသူမ်ားအတြက္လည္း ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ေပးရင္းေနာက္ထပ္ ထိခိုက္ဆုံးရႈံးမႈေတြ မရွိရေလေအာင္ ျပည္သူအခ်င္းခ်င္း လက္ခ်င္းယွက္ၿပီး ။

ပန္းတိုင္ကို မေရာက္ေရာက္ေအာင္ သြားၾကဖို႔ လိုအပ္ေၾကာင္း ေရးသား ေဝမွ်ရင္း သူ႔ရဲ႕ ဒုတိယမိသားစုျဖစ္တဲ့ ခ်စ္ပရိသတ္ေတြကိုေျပာမျပတတ္ေအာင္ လြမ္းေနၿပီျဖစ္ေၾကာင္းကိုလည္း ေရးသားထားတာ ျဖစ္ပါတယ္။

ျပည္သူမ်ားကလည္း က်ေနတဲ့ စိတ္ဓာတ္ကို ျပန္ဆြဲတင္ၿပီး ရေအာင္ေက်ာ္ျဖတ္ေနၾကေၾကာင္း ဖိုးခ်စ္ရဲ႕ပို႔စ္ေအာက္တြင္ ေရးသားထားၾကတာကို ျမင္ေတြ႕ရပါတယ္။အေကာင္းအဆိုးကို လက္ခံၿပီး ေရာင္နီလာမယ့္ ေန႔သစ္ေတြကို ေမွ်ာ္လင့္ရင္း ဒီအေျခအေနဆိုးႀကီးကို ရေအာင္ ေက်ာ္ျဖတ္ႏိုင္ၾကဖို႔ လိုအပ္လွပါတယ္။

အားလုံးလည္းက်န္းမာေရးဂ႐ုစိုက္ၿပီး ေခတ္မီဖြံ႕ၿဖိဳးတိုးတက္တဲ့ ဒီမိုကေရစီႏိုင္ငံသစ္ဆီကို ေရာက္ေအာင္ ေလွ်ာက္လွမ္းႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Credit