၄၄ လမ်း တိုက်ပေါ်က ခုန်ချခဲ့တဲ့ မဝေဝေမြင့် ခ မပန်းသီး ကို ဒီနေ့ညနေမှာ မီးသင်္ဂြိုလ်
သြဂုတ် ၁၁၊၂၀၂၁။ ဓာတ်ပုံရိုက်ခွင့်မရှိ။ အရိုးပြာကောက်ခွင့်မရှိလို့ ရသလောက်လေးတွေ မှတ်တမ်းတင်ခဲ့ပါတယ်
ဘယ်ပန်းကို သဲလေးကြိုက်လဲမေးတုန်းက ကိုကိုး ကနှင်းဆီလို့ ဖြေခဲ့တာလေ။ ဘာလို့ဆို သဲက နှင်းဆီတွေ ခဏခဏ ဝယ်တာကိုး
သဲကြိုက်တာ စံပါယ်လို့ပြောလို့ ကိုကိုး တော်တော် အံ့ဩသွားသေးတယ်
အခုတော့ ကိုကိုးက ကိုကိုး မသိတဲ့ ပန်းတပွင့်ကို သဲဝိညာဉ် အမှတ်တရ နဲ့ ယူလာခဲ့ရတယ်။
အဲပန်းလေးက သေးသေးလေးနဲ့ ချစ်စရာလေးနော်သဲ
တဝင်းလုံး ပန်းပွင့်ကြီးကြီးလဲ မတွေ့ပါဘူးသဲရယ်။
သဲကလဲ ပန်းပွင့်ကြီးကြီးမှ မကြိုက်တာလေနော
သဲလေး ကို အမြဲ အမှတ်ရနေမယ်နော်။
ကျွန်တော့်သဲလေးကို နောက်ဆုံး အနမ်းလေး ပေးခွင့်ရအောင်ကူညီပေးတဲ့သူအားလုံးကို ကျေးဇူးပါနော်။လို့ မဝေဝေမြင့်(ခ)မပန်းသီး ရဲ့ အမျိုးသားက သူရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်
Credit- eighty8
Zawgyi