ေဗဒင္

၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း 12.8.2021 မှ 18.8.2021 အထိ

၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း 12.8.2021 မှ 18.8.2021 အထိ

တနင်္ဂနွေ

ဒီကာလအတွင်းမှာ စိတ်ထဲလိုချင်တာတွေပြည့်ဝလာတတ်ပါတယ်။ မိမိတို့တောင်းဆုတွေပြည့်လာတတ်ပါ တယ်။ ကူညီမဲ့သူ၊မစမဲ့သူတွေပေါ်လာတတ်ပါတယ်။ အကြီးအကဲတွေနဲ့ အချိတ်အဆက်မိမိ အလုပ်လုပ်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးမှာတော့ မကျန်းမာသူတွေ၊ ဝေဒနာပြင်းထန်စွာခံစားရသူတွေ ကောင်းစွာနေပြန်ကောင်းလာတတ်ပါတယ်။

ကျန်းမာရေးအထူးစိတ်ပူဖို့မလိုသေးပါဘူး။ အလုပ်ဟောင်းတွေ အလုပ်ပြန်ခေါ်တာမျိုး၊ မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆုံပြီး မိမိအခက်အခဲကိုဖြေရှင်းပေးသွားတာမျိုးတွေကြုံဆုံရတတ်ပါတယ်။ ဒီကာလတွေမှာ သတိထားရမှာက အိမ်ထောင် ဘက်ရဲ့ကျန်းမာရေးနဲ့ သူစိတ်နဲ့ကိုယ်စိတ်မတိုက်ဆိုင်တာများနေတာကို သတိထားကိုင်တွယ်တတ်ဖို့ပါ။ ငွေရှာရလွယ်ပေ မဲ့ ငွေမမြဲတဲ့ကာလတွေပါပဲ။

တစ်ခုသတိထားရမှာက လောင်းကစားလုပ်မိရင် အရှုံးကြီး ရှုံးတတ်ပါတယ်။ ကျန်းမာရေး အားနည်းသူတွေကိုယ့်အိမ်လာတည်းပြီး ဆေးလာကုရင် ရောဂါက ပိုသည်းသွားတတ်ပါတယ်။ ရပ်ဝေးသွားတဲ့ကိစ္စတွေ ရပ်ဝေးကနေ ချိတ်ဆက်လုပ်တဲ့အလုပ်တွေ နိုင်ငံခြားသားနဲ့ဆက်စပ်လုပ်ကိုင်ရတဲ့အလုပ်တွေအဆင်မပြေဖြစ်ရတတ်ပါ တယ်။ အချစ်ရေးမှာတော့ ချစ်သူဟောင်းနဲ့ပြတ်သွားပြီး ချစ်သူသစ်ရတာမျိုးတွေ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာရတတ်ပါတယ်။ ပညာရေးအတွက် ကြိုးစားသမျှအရာမထင်သေးပါဘူး။

အကျိုးပေးဂဏန်း ၁၊၄၊၈ အထူးဟော တောင်းဆုတွေပြည့်မည်။ ယတြာ ငါးကြော်နှင့်ဘုရားရှင်ကိုဆွမ်းကပ်ပါ

တနင်္လာ

စိတ်ပူစရာ၊ကြောင့်ကြစိုက်စရာလေးတွေတော့ များနေတတ်ပါတယ်။ သံယောဇဉ်နဲ့ပတ်သက်ပြီး ခံစားရတဲ့ကိစ္စ တွေက ဒီကာလမှာပြင်းထန်တတ်ပါတယ်။ ငွေကိုလွယ်လွယ်မသုံးမိပါစေနဲ့။ မလိုအပ်ဘဲ အပိုကုန်တာတွေလဲ များနေရ တတ်ပါတယ်။ အပြီးမသတ်သေးတဲ့ကိစ္စတွေ၊ အဆုံးမသတ်ရသေးတဲ့အလုပ်ကြွေးတွေပြီးသွားနိုင်တဲ့ကာလပါပဲ။ ကတိ စကားလွယ်လွယ်မပေးမိပါစေနဲ့။

ပေးတဲ့ကတိတည်ဖို့လွန်စွာမှခက်ခဲပါလိမ့်မယ်။ စက်ပစ္စည်း လျှပ်စစ်ပစ္စည်းဝယ်မယ် ဆိုရင် တစ်ခါတည်းစမ်းသပ်ပြီး ကောင်းမကောင်းစစ်ပါ။ အလွယ်မစစ်ဘဲ မဝယ်မိပါစေနဲ့။ အကြံအစည်၊ ဘဝတိုးတတ် ရေးကိစ္စတွေအတွက် ကြီးကြီးမားမားတွေးခေါ်ကြံစည်လို့မကောင်းသေးပါဘူး။လက်တလောလုပ်ရမဲ့အလုပ်တွေ အတွက်ပဲစိတ်နှစ်ထားလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ပူဖို့မလိုပေမဲ့ လည်းချောင်းနာတာ အာသီးရောင်တာ အပူအားကြီးတာမျိုးတွေဖြစ်ရတတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ စိတ်ထဲမှာထားသင့်တဲ့မာန၊ မထားသင့်တဲ့မာနတွေကိုခွဲခြားသိဖို့လိုပါတယ်။ တလွဲမာနတွေကြောင့် အိမ်ထောင်ရေးမှာအဆိုးဆုံးအခြေအနေတွေဖြစ် လာရတတ်ပါတယ်။ လွတ်လပ်မှု၊ပျော်ရွှင်မှု၊ အလိုလိုက်မှုကို သိပ်လိုချင်တဲ့ ချစ်သူမျိုးကိုရထားသူတွေကတော့ဒီကာလ မှာချစ်သူရဲ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်တာမို့ ပြဿနာလေးတွေဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂၊၅၊၄ အထူးဟော အလုပ်တွေများနေတတ်သည်။ ယတြာ ငါးစာ၊ငှက်စာကျွေးပါ

အင်္ဂါ

ရှေ့တိုးဆောင်ရွက်ပြီးအရာရာကို ပြင်းပြင်းထန်ထန်လုပ်ချင်စိတ်ရှိပေမဲ့…ငွေအားလူအားမလိုက်နိုင်တာမျိုးတွေ ဖြစ်နေရတတ်ပါတယ်။ ဒါကြောင့် ချင့်ချင့်ချိန်ချိန်သာလုပ်ပါ။ မနိုင်ဝန်တွေမထမ်းမိအောင်လို့ သတိထားဆောင်ရွက်ပါ။ မိမိမှာရှိတဲ့ စက်၊ကား၊ကွန်ပျူတာ၊ဖုန်းစတာတွေ ခြူခြာနိုင်တာကိုတွေ့ရတယ်။ပျက်ရင်တောင်ပြင်ဖို့ အခက်အခဲတွေရှိ နေတတ်တာကိုတွေ့ရပါတယ်။

ကျန်းမာရေးကတော့ လွယ်လွယ်ကူကူမဟုတ်ပေမဲ့ နေကောင်း၊ကျန်းမာလာပြီလို့ပြောလို့ ရတဲ့ကာလပါပဲ။ ကျန်းမာရေးအတွက်ဝေဒနာတွေခံစားနေရလဲ နလန်ပြန်ထလာပြီလို့ပြောချင်ပါတယ်။ ငွေကတော့ အလွန်အထွက်များတဲ့ကာလပါပဲ။ လူမှုရေး၊ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေရတတ်ပါတယ်။ ငွေကြေးနဲ့ ကံ တစ်ခုကောင်းတာက ဝင်စရာရှိတဲ့ငွေတွေလဲ ဝင်လာတတ်ပါတယ်။

လူမှုရေးကိစ္စ ပေါင်းသင်းဆက်ဆံရေးကိစ္စတွေမှာ ကိုယ့်ဘက်ပါအောင် ကိုယ်ပြောသမျှနားလည်လက်ခံနိုင်အောင်စည်းရုံးနိုင်မဲ့ကာလပါပဲ။အချစ်ရေးအတွက်စိတ်ချမ်းသာ ရမယ်။ ချစ်သူမရှိသေးသူများချစ်သူသစ်ရတတ်ပါတယ်။ အချစ်ရေးအတွက်ကူညီမဲ့သူတွေလဲ ရှိလာတတ်ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာ ထင်သလောက်အဆင်မပြေပါ။ အိမ်ထောင်ဘက်နဲ့အလုပ်ကြောင့်ဖြစ်စေ အခြားကိစ္စကြောင့် ဖြစ်စေခွဲနေရတတ်ပါတယ်။ပညာရေးမှာတော့ စိတ်ရှည်ဖို့လိုပါတယ်။

အကျိုးပေးဂဏန်း ၃၊၆၊၉ အထူးဟော ငွေကံအားနည်းမယ်။ ယတြာ ငွေ ၂၀၀ခန့် ပံ့သကူပစ်ပါ

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း မိမိလုပ်ငန်းတွေပြန်လည်ဦးမော့လာတတ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာ တတ်ပါတယ်။ အလုပ်ရှာနေသူများ အလုပ်သစ်၊စီးပွားသစ်ရနိုင်ပါတယ်။ တစ်ခုသတိထားရမှာကကြီးမားတဲ့ရင်းနှီးမြုပ် နှံမှုတွေကိုတော့ မလုပ်မိဖို့ လိုပါအပ်တယ်။ ကုန်တွေလှောင်လို့မကောင်းသေးပါ။ ကျန်းမာရေးကတော့ ထင်ထားသည် ထက်ပိုမိုအားနည်းစွာ ရပ်တည်နေပါတယ်။ ကျန်းမာရေးကိုအထူးဂရုစိုက်ပေးစေချင်ပါတယ်။

သွေးပေါင်ကျတာ၊ရုတ်တ ရက်သွေးတိုးတာတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ကျန်းမာရေးအတွက်စိတ်ဖိစီးမှုတွေလျှော့ချထားဖို့လိုပါလိမ့်မယ်။ လူအများနဲ့တွဲဖက်လုပ်ရတဲ့အလုပ်တွေ၊စပ်တူအလုပ်တွေ အကျိုးမပေးသေးပါဘူး။ ကိုယ့်စိတ်ကူး၊ကိုယ့်အကြံနဲ့ကိုယ် ထူ ကိုယ်ထသာဆောင်ရွက်လုပ်ကိုင်ပါ။ အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူခင်သူတွေပေါများပါလိမ့်မယ်။ ဒါပေမဲ့ တကယ်ကိုယ်ချစ်သူနဲ့ကတော့ ပဋိပက္ခလေး အနည်းငယ်ရှိနေနိုင်ပါတယ်။

အိမ်ထောင်ရေးကတော့ ငွေကြေးနဲ့ဆက်နွယ် ပြီး အိမ်ထောင်ဘက်နဲ့စကားများပြဿနာဖြစ်ရတတ်ပါတယ်။ အပေါင်းအသင်းမိတ်ဆွေတွေဆီကဖြစ်စေ၊ဆွေမျိုးသား ချင်းတွေဆီကဖြစ်စေ အကူအညီကောင်းတွေရလာတတ်ပါတယ်။ ပညာရေးမှာတော့ ကျောင်းပညာထက် အလုပ်တိုး တက်စေဖို့ အထောက်အကူဖြစ်စေမဲ့ပညာရေးကံအားကောင်းပါတယ်။

အကျိုးပေးဂဏန်း ၈၊၇၊၀ အထူးဟော ကံမြင့်မားနေမယ်။ ယတြာ ကိတ်ခြောက်ဝယ်ပြီး လူကြီးသူမတစ်ဦးဦးကိုလှူလိုက်ပါ။

ကြာသပတေး

ဘာဖြစ်ချင်နေလဲ။ ဘာလုပ်ချင်နေတာလဲ ဆိုတာကိုဦးစားမပေးဘဲ လုပ်သင့်တာတွေကိုဦးစားပေးလိုက်ပါ။ ဒီကာလကအချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်မှတော်ကာကျပါလိမ့်မယ်။ အလုပ်တွေကို မနိုင်ဝန်မဖြစ်ပါစေနဲ့။ တစ်နေ့ အလုပ်တစ်နေ့ပြီးအောင်လုပ်ပါ။ ပစ္စည်းအော်ဒါများအချိန်မှီမပို့နိုင်တာကြောင့်နာမည်ပျက်တတ်ပါတယ်။ အကြီး အကဲဆရာသမားတွေကျန်းမာရေးညံ့နေတတ်ပါတယ်။

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အလုပ်မှာ မိမိက ငွေကိုင်လုပ်ရသူများ ငွေအပေးအယူကိစ္စတွေမှာ အငြင်းပွားဖွယ်ရာကြုံရတတ်ပါတယ်။ သတိထားစေချင်ပါတယ်။ ခရီးသွားဖို့ ကြုံပါက ယရလ၀ နဲ့စတဲ့မြို့တွေသွားရမယ်ဆိုရင်တော့ အလွန်မှအခက်အခဲများတတ်ပါတယ်။ စပ်တူ လုပ်ကိုင်တဲ့အလုပ်ရှင်များ ငွေကြေးစာရင်းဇယားကိုရှင်းလင်းစွာလုပ်ထားစေချင်ပါတယ်။ကျန်းမာရေးကတော့အညံ့ ကတော့ များနေတတ်ပါတယ်။

ရောဂါနာမည်တပ်မရပေမဲ့တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။အချစ်ရေးကံမြင့်မား နေပါတယ်။ ချစ်သူမရှိသေးသူများလဲချစ်သူသစ်ရလွယ်နေတာကိုတွေ့ရပါတယ်။ အိမ်ထောင်ရေးလဲ အညံ့အဆိုး မရှိသလောက်နည်းပါတယ်။ ပညာရေးကတော့ အညံ့ဆုံးအချိန်ပါ။ ရင်လောက်မှန်းမှ ဒူးလောက်တင်မဲ့ကာလပါ။

အကျိုးပေးဂဏန်း ၂၊၇၊ဝ အထူးဟော အရာရာ တွက်ဆပြီးမှလုပ်ကိုင်ဆောင်ရွက်ပါ။ ယတြာ ငါးသေတ္တာဟင်းချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း အနည်းငယ်စိတ်တိုဒေါသထွက်စရာတွေကြုံနေရတတ်ပါတယ်။မျက်စိရှေ့မြင်သမျှလဲ စိတ် တိုင်း မကျစရာတွေဖြစ်နေတတ်တယ်။စက်ကားမောင်းသူများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းမလိုက်နာမှုကြောင့် အရေး ယူခံရတတ်ပါတယ်။ ရွှေဝယ်ဖို့မသင့်ပေမဲ့ ရွှေရောင်း ချင်တယ်ဆိုရင်တော့ဒီကာလသင့်ပါတယ်။ အလုပ်လျှောက် ထားသူများ အလုပ်ရ လွယ်ပါတယ်။ ကုန်သည်အလုပ်များ အဆင်ပြေတတ်ပါတယ်။

ကျန်းမာရေးကတော့ အညံ့သိပ် မတွေ့ပါဘူး။ ဝမ်း မကောင်းသလိုတော့ဖြစ်တတ်ပါတယ်။ လုပ်ချင်နေတဲ့ကိစ္စတွေက လုပ်ခွင့်မရဘဲ နှောင့်နှေးကြန့် ကြာမှုတွေ ဖြစ်နေတတ် ပါတယ်။ ရှောင်လွှဲလို့မရတဲ့ လူမှုရေးကိစ္စတွေကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်များ တတ်နိုင်သမျှအသွား အလာသတိထားပါ။ မိုးတွင်းကာလမို့ချော်လဲ တတ်လို့ပါပဲ။

ရပ်ဝေးကဧည့်ဆိုးတွေ ရောက်လာ တတ်ပါတယ်။မိမိအတွက် အိမ်မကပ် ရသလို အလုပ်ထဲလဲစိတ်နှစ် လို့မရတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အလုပ်မှာ တော့ အထက်လူကြီးကို ကလန်ကဆန် မလုပ်မိပါစေနဲ့။ တတ်နိုင် သမျှသူပြောတာကငြင်းဆန်ရမဲ့ကိစ္စဆိုရင်တောင်မှ အေးဆေးပြောပြီး ငြင်းဆန်လိုက်ပါ။ အချစ်ရေးမှာတော့ ချစ်သူရဲ့ အားပေးစကားတွေ၊ကြင်နာမှုတွေရပါလိမ့်မယ်။ အိမ်ထောင်ရေး ပိုမိုအညံ့များနေတတ် ပါ တယ်။ ပညာရေးအခက်အခဲများပါတယ်။

အကျိုးပေးဂဏန်း ၁၊၈၊၆ အထူးဟော စိတ်အနည်းရှုပ်ရတတ်ပါတယ်။ ယတြာ အသုပ်စုံတစ်ပွဲဘုရားကပ်လှူလိုက်ပါ။

စနေ

ဘာပဲဖြစ်ဖြစ် မိမိမစဉ်းစားဘဲလုပ်ရင်တောင်မှလမ်းမှန်ကို ရောက်တတ်ပါတယ်။ သွားလိုတဲ့ခရီးမျိုးတွေကို တော့ ကောင်းစွာသွားခွင့်ကြုံရတတ်ပါတယ်။ ခရီးတိုလေးတွေနေ့ ချင်းပြန်ခရီးလေးတွေ သွားရတတ်ပါတယ်။ စီမံ အုပ်ချုပ်သူများ အောက်လက်ငယ်သားတွေကိုကောင်းစွာစည်းရုံး သိမ်းသွင်းနိုင်ပါလိမ့် မယ်။အလုပ်ကိုစနစ်တကျ လုပ် ကိုင်နိုင်တာကြောင့်အလုပ်အကြွေးတွေရှိရင် ပြီးသွားပါလိမ့်မယ်။

မီးဖိုချောင် ပစ္စည်းများ၊ဆန်ဆီစတဲ့ စားသောက် ကုန်များ ဝယ်မယ်ဆိုဒီကာလကအထူးကောင်းပါတယ်။မိမိစိတ်ကိုယ်က လုပ်ချင်ကိုင်ချင်စိတ်များနေတတ်ပါတယ်။ ပျင်းရိတတ်သူတောင် တတ်တတ်ကြွကြွလုပ် ကိုင်နေမိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင် အလုပ်များသိသာထင်ရှား စွာတိုးတတ်နိုင်ပါတယ်။ ဝန်ထမ်းများ အချိန် မဖြုန်းဘဲ အလုပ်အပေါ်ပဲစိတ်နှစ် လုပ်ကိုင်တာကြောင့် အများရဲ့အသိ အမှတ်ပြုခြင်း၊ အထက်လူကြီးသတိထားမိ ခြင်းကိုခံရတတ်ပါတယ်။

ကျန်းမာရေး အညံ့မရှိပါဘူး။ဖြစ်နေတဲ့ရောဂါ တွေလဲစတင်ပြီး လျော့ပါးသက်သာလာတော့မှာဖြစ်ပါတယ်။အချစ်ရေးမှာတော့ စိတ်အပြောင်းအလဲမြန်တဲ့ ချစ်သူ ကြောင့်စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင် ရေးကတော့ အိမ်ထောင်ဘက်ကျန်းမာရေးညံ့နေတတ်ပါ တယ်။ပညာရေး အထူးကောင်းနေချိန်ပါပဲ။

အကျိုးပေးဂဏန်း ဝ၊၃၊၅ အထူးဟော အလုပ်စီးပွားကောင်းမွန်တိုးတတ်ပါလိမ့်မယ်။ ယတြာ ထမင်းသုပ်ဘုရားကပ်လှူဆုတောင်းပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695

Zawgyi

၇ရက္သားသမီး တစ္ပတ္စာ ေဟာစာတမ္း 12.8.2021 မွ 18.8.2021 အထိ

တနဂၤေႏြ

ဒီကာလအတြင္းမွာ စိတ္ထဲလိုခ်င္တာေတြျပည့္ဝလာတတ္ပါတယ္။ မိမိတို႔ေတာင္းဆုေတြျပည့္လာတတ္ပါ တယ္။ ကူညီမဲ့သူ၊မစမဲ့သူေတြေပၚလာတတ္ပါတယ္။ အႀကီးအကဲေတြနဲ႔ အခ်ိတ္အဆက္မိမိ အလုပ္လုပ္ႏိုင္ပါလိမ့္မယ္။ က်န္းမာေရးမွာေတာ့ မက်န္းမာသူေတြ၊ ေဝဒနာျပင္းထန္စြာခံစားရသူေတြ ေကာင္းစြာေနျပန္ေကာင္းလာတတ္ပါတယ္။

က်န္းမာေရးအထူးစိတ္ပူဖို႔မလိုေသးပါဘူး။ အလုပ္ေဟာင္းေတြ အလုပ္ျပန္ေခၚတာမ်ိဳး၊ မိတ္ေဆြေဟာင္းေတြနဲ႔ျပန္ဆုံၿပီး မိမိအခက္အခဲကိုေျဖရွင္းေပးသြားတာမ်ိဳးေတြႀကဳံဆုံရတတ္ပါတယ္။ ဒီကာလေတြမွာ သတိထားရမွာက အိမ္ေထာင္ ဘက္ရဲ႕က်န္းမာေရးနဲ႔ သူစိတ္နဲ႔ကိုယ္စိတ္မတိုက္ဆိုင္တာမ်ားေနတာကို သတိထားကိုင္တြယ္တတ္ဖို႔ပါ။ ေငြရွာရလြယ္ေပ မဲ့ ေငြမၿမဲတဲ့ကာလေတြပါပဲ။

တစ္ခုသတိထားရမွာက ေလာင္းကစားလုပ္မိရင္ အရႈံးႀကီး ရႈံးတတ္ပါတယ္။ က်န္းမာေရး အားနည္းသူေတြကိုယ့္အိမ္လာတည္းၿပီး ေဆးလာကုရင္ ေရာဂါက ပိုသည္းသြားတတ္ပါတယ္။ ရပ္ေဝးသြားတဲ့ကိစၥေတြ ရပ္ေဝးကေန ခ်ိတ္ဆက္လုပ္တဲ့အလုပ္ေတြ ႏိုင္ငံျခားသားနဲ႔ဆက္စပ္လုပ္ကိုင္ရတဲ့အလုပ္ေတြအဆင္မေျပျဖစ္ရတတ္ပါ တယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူေဟာင္းနဲ႔ျပတ္သြားၿပီး ခ်စ္သူသစ္ရတာမ်ိဳးေတြ မထင္မွတ္တဲ့ အေျပာင္းအလဲေတြ ျဖစ္လာရတတ္ပါတယ္။ ပညာေရးအတြက္ ႀကိဳးစားသမွ်အရာမထင္ေသးပါဘူး။

အက်ိဳးေပးဂဏန္း ၁၊၄၊၈ အထူးေဟာ ေတာင္းဆုေတြျပည့္မည္။ ယၾတာ ငါးေၾကာ္ႏွင့္ဘုရားရွင္ကိုဆြမ္းကပ္ပါ

တနလၤာ

စိတ္ပူစရာ၊ေၾကာင့္ၾကစိုက္စရာေလးေတြေတာ့ မ်ားေနတတ္ပါတယ္။ သံေယာဇဥ္နဲ႔ပတ္သက္ၿပီး ခံစားရတဲ့ကိစၥ ေတြက ဒီကာလမွာျပင္းထန္တတ္ပါတယ္။ ေငြကိုလြယ္လြယ္မသုံးမိပါေစနဲ႔။ မလိုအပ္ဘဲ အပိုကုန္တာေတြလဲ မ်ားေနရ တတ္ပါတယ္။ အၿပီးမသတ္ေသးတဲ့ကိစၥေတြ၊ အဆုံးမသတ္ရေသးတဲ့အလုပ္ေႂကြးေတြၿပီးသြားႏိုင္တဲ့ကာလပါပဲ။ ကတိ စကားလြယ္လြယ္မေပးမိပါေစနဲ႔။

ေပးတဲ့ကတိတည္ဖို႔လြန္စြာမွခက္ခဲပါလိမ့္မယ္။ စက္ပစၥည္း လွ်ပ္စစ္ပစၥည္းဝယ္မယ္ ဆိုရင္ တစ္ခါတည္းစမ္းသပ္ၿပီး ေကာင္းမေကာင္းစစ္ပါ။ အလြယ္မစစ္ဘဲ မဝယ္မိပါေစနဲ႔။ အႀကံအစည္၊ ဘဝတိုးတတ္ ေရးကိစၥေတြအတြက္ ႀကီးႀကီးမားမားေတြးေခၚႀကံစည္လို႔မေကာင္းေသးပါဘူး။လက္တေလာလုပ္ရမဲ့အလုပ္ေတြ အတြက္ပဲစိတ္ႏွစ္ထားလိုက္တာအေကာင္းဆုံးျဖစ္ပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ပူဖို႔မလိုေပမဲ့ လည္းေခ်ာင္းနာတာ အာသီးေရာင္တာ အပူအားႀကီးတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။

အိမ္ေထာင္ေရးမွာေတာ့ စိတ္ထဲမွာထားသင့္တဲ့မာန၊ မထားသင့္တဲ့မာနေတြကိုခြဲျခားသိဖို႔လိုပါတယ္။ တလြဲမာနေတြေၾကာင့္ အိမ္ေထာင္ေရးမွာအဆိုးဆုံးအေျခအေနေတြျဖစ္ လာရတတ္ပါတယ္။ လြတ္လပ္မႈ၊ေပ်ာ္႐ႊင္မႈ၊ အလိုလိုက္မႈကို သိပ္လိုခ်င္တဲ့ ခ်စ္သူမ်ိဳးကိုရထားသူေတြကေတာ့ဒီကာလ မွာခ်စ္သူရဲ႕ဆႏၵကိုမျဖည့္ဆည္းေပးႏိုင္တာမို႔ ျပႆနာေလးေတြျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂၊၅၊၄ အထူးေဟာ အလုပ္ေတြမ်ားေနတတ္သည္။ ယၾတာ ငါးစာ၊ငွက္စာေကြၽးပါ

အဂၤါ

ေရွ႕တိုးေဆာင္႐ြက္ၿပီးအရာရာကို ျပင္းျပင္းထန္ထန္လုပ္ခ်င္စိတ္ရွိေပမဲ့…ေငြအားလူအားမလိုက္ႏိုင္တာမ်ိဳးေတြ ျဖစ္ေနရတတ္ပါတယ္။ ဒါေၾကာင့္ ခ်င့္ခ်င့္ခ်ိန္ခ်ိန္သာလုပ္ပါ။ မႏိုင္ဝန္ေတြမထမ္းမိေအာင္လို႔ သတိထားေဆာင္႐ြက္ပါ။ မိမိမွာရွိတဲ့ စက္၊ကား၊ကြန္ပ်ဴတာ၊ဖုန္းစတာေတြ ျခဴျခာႏိုင္တာကိုေတြ႕ရတယ္။ပ်က္ရင္ေတာင္ျပင္ဖို႔ အခက္အခဲေတြရွိ ေနတတ္တာကိုေတြ႕ရပါတယ္။

က်န္းမာေရးကေတာ့ လြယ္လြယ္ကူကူမဟုတ္ေပမဲ့ ေနေကာင္း၊က်န္းမာလာၿပီလို႔ေျပာလို႔ ရတဲ့ကာလပါပဲ။ က်န္းမာေရးအတြက္ေဝဒနာေတြခံစားေနရလဲ နလန္ျပန္ထလာၿပီလို႔ေျပာခ်င္ပါတယ္။ ေငြကေတာ့ အလြန္အထြက္မ်ားတဲ့ကာလပါပဲ။ လူမႈေရး၊က်န္းမာေရးေၾကာင့္ ေငြကုန္ေၾကးက်မ်ားေနရတတ္ပါတယ္။ ေငြေၾကးနဲ႔ ကံ တစ္ခုေကာင္းတာက ဝင္စရာရွိတဲ့ေငြေတြလဲ ဝင္လာတတ္ပါတယ္။

လူမႈေရးကိစၥ ေပါင္းသင္းဆက္ဆံေရးကိစၥေတြမွာ ကိုယ့္ဘက္ပါေအာင္ ကိုယ္ေျပာသမွ်နားလည္လက္ခံႏိုင္ေအာင္စည္း႐ုံးႏိုင္မဲ့ကာလပါပဲ။အခ်စ္ေရးအတြက္စိတ္ခ်မ္းသာ ရမယ္။ ခ်စ္သူမရွိေသးသူမ်ားခ်စ္သူသစ္ရတတ္ပါတယ္။ အခ်စ္ေရးအတြက္ကူညီမဲ့သူေတြလဲ ရွိလာတတ္ပါတယ္။ အိမ္ေထာင္ေရးကိစၥေတြမွာ ထင္သေလာက္အဆင္မေျပပါ။ အိမ္ေထာင္ဘက္နဲ႔အလုပ္ေၾကာင့္ျဖစ္ေစ အျခားကိစၥေၾကာင့္ ျဖစ္ေစခြဲေနရတတ္ပါတယ္။ပညာေရးမွာေတာ့ စိတ္ရွည္ဖို႔လိုပါတယ္။

အက်ိဳးေပးဂဏန္း ၃၊၆၊၉ အထူးေဟာ ေငြကံအားနည္းမယ္။ ယၾတာ ေငြ ၂၀၀ခန႔္ ပံ့သကူပစ္ပါ

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း မိမိလုပ္ငန္းေတြျပန္လည္ဦးေမာ့လာတတ္ပါတယ္။ အလုပ္အကိုင္အခြင့္အလမ္းေတြေပၚလာ တတ္ပါတယ္။ အလုပ္ရွာေနသူမ်ား အလုပ္သစ္၊စီးပြားသစ္ရႏိုင္ပါတယ္။ တစ္ခုသတိထားရမွာကႀကီးမားတဲ့ရင္းႏွီးျမဳပ္ ႏွံမႈေတြကိုေတာ့ မလုပ္မိဖို႔ လိုပါအပ္တယ္။ ကုန္ေတြေလွာင္လို႔မေကာင္းေသးပါ။ က်န္းမာေရးကေတာ့ ထင္ထားသည္ ထက္ပိုမိုအားနည္းစြာ ရပ္တည္ေနပါတယ္။ က်န္းမာေရးကိုအထူးဂ႐ုစိုက္ေပးေစခ်င္ပါတယ္။

ေသြးေပါင္က်တာ၊႐ုတ္တ ရက္ေသြးတိုးတာေတြကို ဂ႐ုစိုက္ေပးဖို႔လိုပါတယ္။ က်န္းမာေရးအတြက္စိတ္ဖိစီးမႈေတြေလွ်ာ့ခ်ထားဖို႔လိုပါလိမ့္မယ္။ လူအမ်ားနဲ႔တြဲဖက္လုပ္ရတဲ့အလုပ္ေတြ၊စပ္တူအလုပ္ေတြ အက်ိဳးမေပးေသးပါဘူး။ ကိုယ့္စိတ္ကူး၊ကိုယ့္အႀကံနဲ႔ကိုယ္ ထူ ကိုယ္ထသာေဆာင္႐ြက္လုပ္ကိုင္ပါ။ အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူခင္သူေတြေပါမ်ားပါလိမ့္မယ္။ ဒါေပမဲ့ တကယ္ကိုယ္ခ်စ္သူနဲ႔ကေတာ့ ပဋိပကၡေလး အနည္းငယ္ရွိေနႏိုင္ပါတယ္။

အိမ္ေထာင္ေရးကေတာ့ ေငြေၾကးနဲ႔ဆက္ႏြယ္ ၿပီး အိမ္ေထာင္ဘက္နဲ႔စကားမ်ားျပႆနာျဖစ္ရတတ္ပါတယ္။ အေပါင္းအသင္းမိတ္ေဆြေတြဆီကျဖစ္ေစ၊ေဆြမ်ိဳးသား ခ်င္းေတြဆီကျဖစ္ေစ အကူအညီေကာင္းေတြရလာတတ္ပါတယ္။ ပညာေရးမွာေတာ့ ေက်ာင္းပညာထက္ အလုပ္တိုး တက္ေစဖို႔ အေထာက္အကူျဖစ္ေစမဲ့ပညာေရးကံအားေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း ၈၊၇၊၀ အထူးေဟာ ကံျမင့္မားေနမယ္။ ယၾတာ ကိတ္ေျခာက္ဝယ္ၿပီး လူႀကီးသူမတစ္ဦးဦးကိုလႉလိုက္ပါ။

ၾကာသပေတး

ဘာျဖစ္ခ်င္ေနလဲ။ ဘာလုပ္ခ်င္ေနတာလဲ ဆိုတာကိုဦးစားမေပးဘဲ လုပ္သင့္တာေတြကိုဦးစားေပးလိုက္ပါ။ ဒီကာလကအခ်ိန္ကိုေကာင္းစြာစီမံခန႔္ခြဲႏိုင္မွေတာ္ကာက်ပါလိမ့္မယ္။ အလုပ္ေတြကို မႏိုင္ဝန္မျဖစ္ပါေစနဲ႔။ တစ္ေန႔ အလုပ္တစ္ေန႔ၿပီးေအာင္လုပ္ပါ။ ပစၥည္းေအာ္ဒါမ်ားအခ်ိန္မွီမပို႔ႏိုင္တာေၾကာင့္နာမည္ပ်က္တတ္ပါတယ္။ အႀကီး အကဲဆရာသမားေတြက်န္းမာေရးညံ့ေနတတ္ပါတယ္။

ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ အလုပ္မွာ မိမိက ေငြကိုင္လုပ္ရသူမ်ား ေငြအေပးအယူကိစၥေတြမွာ အျငင္းပြားဖြယ္ရာႀကဳံရတတ္ပါတယ္။ သတိထားေစခ်င္ပါတယ္။ ခရီးသြားဖို႔ ႀကဳံပါက ယရလ၀ နဲ႔စတဲ့ၿမိဳ႕ေတြသြားရမယ္ဆိုရင္ေတာ့ အလြန္မွအခက္အခဲမ်ားတတ္ပါတယ္။ စပ္တူ လုပ္ကိုင္တဲ့အလုပ္ရွင္မ်ား ေငြေၾကးစာရင္းဇယားကိုရွင္းလင္းစြာလုပ္ထားေစခ်င္ပါတယ္။က်န္းမာေရးကေတာ့အညံ့ ကေတာ့ မ်ားေနတတ္ပါတယ္။

ေရာဂါနာမည္တပ္မရေပမဲ့တေရွာင္ေရွာင္ျဖစ္ေနတတ္ပါတယ္။အခ်စ္ေရးကံျမင့္မား ေနပါတယ္။ ခ်စ္သူမရွိေသးသူမ်ားလဲခ်စ္သူသစ္ရလြယ္ေနတာကိုေတြ႕ရပါတယ္။ အိမ္ေထာင္ေရးလဲ အညံ့အဆိုး မရွိသေလာက္နည္းပါတယ္။ ပညာေရးကေတာ့ အညံ့ဆုံးအခ်ိန္ပါ။ ရင္ေလာက္မွန္းမွ ဒူးေလာက္တင္မဲ့ကာလပါ။

အက်ိဳးေပးဂဏန္း ၂၊၇၊ဝ အထူးေဟာ အရာရာ တြက္ဆၿပီးမွလုပ္ကိုင္ေဆာင္႐ြက္ပါ။ ယၾတာ ငါးေသတၱာဟင္းခ်က္ၿပီး ရဟန္းသံဃာေတြကိုေလာင္းလႉလိုက္ပါ။

ေသာၾကာ

ဒီကာလအတြင္း အနည္းငယ္စိတ္တိုေဒါသထြက္စရာေတြႀကဳံေနရတတ္ပါတယ္။မ်က္စိေရွ႕ျမင္သမွ်လဲ စိတ္ တိုင္း မက်စရာေတြျဖစ္ေနတတ္တယ္။စက္ကားေမာင္းသူမ်ား ယာဥ္စည္းကမ္း၊လမ္းစည္းကမ္းမလိုက္နာမႈေၾကာင့္ အေရး ယူခံရတတ္ပါတယ္။ ေ႐ႊဝယ္ဖို႔မသင့္ေပမဲ့ ေ႐ႊေရာင္း ခ်င္တယ္ဆိုရင္ေတာ့ဒီကာလသင့္ပါတယ္။ အလုပ္ေလွ်ာက္ ထားသူမ်ား အလုပ္ရ လြယ္ပါတယ္။ ကုန္သည္အလုပ္မ်ား အဆင္ေျပတတ္ပါတယ္။

က်န္းမာေရးကေတာ့ အညံ့သိပ္ မေတြ႕ပါဘူး။ ဝမ္း မေကာင္းသလိုေတာ့ျဖစ္တတ္ပါတယ္။ လုပ္ခ်င္ေနတဲ့ကိစၥေတြက လုပ္ခြင့္မရဘဲ ေႏွာင့္ေႏွးၾကန႔္ ၾကာမႈေတြ ျဖစ္ေနတတ္ ပါတယ္။ ေရွာင္လႊဲလို႔မရတဲ့ လူမႈေရးကိစၥေတြႀကဳံရတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္သည္မ်ား တတ္ႏိုင္သမွ်အသြား အလာသတိထားပါ။ မိုးတြင္းကာလမို႔ေခ်ာ္လဲ တတ္လို႔ပါပဲ။

ရပ္ေဝးကဧည့္ဆိုးေတြ ေရာက္လာ တတ္ပါတယ္။မိမိအတြက္ အိမ္မကပ္ ရသလို အလုပ္ထဲလဲစိတ္ႏွစ္ လို႔မရတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ အလုပ္မွာ ေတာ့ အထက္လူႀကီးကို ကလန္ကဆန္ မလုပ္မိပါေစနဲ႔။ တတ္ႏိုင္ သမွ်သူေျပာတာကျငင္းဆန္ရမဲ့ကိစၥဆိုရင္ေတာင္မွ ေအးေဆးေျပာၿပီး ျငင္းဆန္လိုက္ပါ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူရဲ႕ အားေပးစကားေတြ၊ၾကင္နာမႈေတြရပါလိမ့္မယ္။ အိမ္ေထာင္ေရး ပိုမိုအညံ့မ်ားေနတတ္ ပါ တယ္။ ပညာေရးအခက္အခဲမ်ားပါတယ္။

အက်ိဳးေပးဂဏန္း ၁၊၈၊၆ အထူးေဟာ စိတ္အနည္းရႈပ္ရတတ္ပါတယ္။ ယၾတာ အသုပ္စုံတစ္ပြဲဘုရားကပ္လႉလိုက္ပါ။

စေန

ဘာပဲျဖစ္ျဖစ္ မိမိမစဥ္းစားဘဲလုပ္ရင္ေတာင္မွလမ္းမွန္ကို ေရာက္တတ္ပါတယ္။ သြားလိုတဲ့ခရီးမ်ိဳးေတြကို ေတာ့ ေကာင္းစြာသြားခြင့္ႀကဳံရတတ္ပါတယ္။ ခရီးတိုေလးေတြေန႔ ခ်င္းျပန္ခရီးေလးေတြ သြားရတတ္ပါတယ္။ စီမံ အုပ္ခ်ဳပ္သူမ်ား ေအာက္လက္ငယ္သားေတြကိုေကာင္းစြာစည္း႐ုံး သိမ္းသြင္းႏိုင္ပါလိမ့္ မယ္။အလုပ္ကိုစနစ္တက် လုပ္ ကိုင္ႏိုင္တာေၾကာင့္အလုပ္အေႂကြးေတြရွိရင္ ၿပီးသြားပါလိမ့္မယ္။

မီးဖိုေခ်ာင္ ပစၥည္းမ်ား၊ဆန္ဆီစတဲ့ စားေသာက္ ကုန္မ်ား ဝယ္မယ္ဆိုဒီကာလကအထူးေကာင္းပါတယ္။မိမိစိတ္ကိုယ္က လုပ္ခ်င္ကိုင္ခ်င္စိတ္မ်ားေနတတ္ပါတယ္။ ပ်င္းရိတတ္သူေတာင္ တတ္တတ္ႂကြႂကြလုပ္ ကိုင္ေနမိတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုင္ အလုပ္မ်ားသိသာထင္ရွား စြာတိုးတတ္ႏိုင္ပါတယ္။ ဝန္ထမ္းမ်ား အခ်ိန္ မျဖဳန္းဘဲ အလုပ္အေပၚပဲစိတ္ႏွစ္ လုပ္ကိုင္တာေၾကာင့္ အမ်ားရဲ႕အသိ အမွတ္ျပဳျခင္း၊ အထက္လူႀကီးသတိထားမိ ျခင္းကိုခံရတတ္ပါတယ္။

က်န္းမာေရး အညံ့မရွိပါဘူး။ျဖစ္ေနတဲ့ေရာဂါ ေတြလဲစတင္ၿပီး ေလ်ာ့ပါးသက္သာလာေတာ့မွာျဖစ္ပါတယ္။အခ်စ္ေရးမွာေတာ့ စိတ္အေျပာင္းအလဲျမန္တဲ့ ခ်စ္သူ ေၾကာင့္စိတ္ညစ္ရတတ္ပါတယ္။ အိမ္ေထာင္ ေရးကေတာ့ အိမ္ေထာင္ဘက္က်န္းမာေရးညံ့ေနတတ္ပါ တယ္။ပညာေရး အထူးေကာင္းေနခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း ဝ၊၃၊၅ အထူးေဟာ အလုပ္စီးပြားေကာင္းမြန္တိုးတတ္ပါလိမ့္မယ္။ ယၾတာ ထမင္းသုပ္ဘုရားကပ္လႉဆုေတာင္းပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

0977 5555 695