ၾကားသိရသမွ်

အရှက်ကြောင့်ပစ်ခဲ့တာလား အသက်ကြောင့်ပစ်ခဲ့တာလား မေမေရယ်…

အမိမဲ့သားရေနဲငါးသွေးမပျက်ပါအမေပေးရက်တာအမေ့ဆန္ဒသံသယဆိုတာမထားပါရစေနဲ့တော့

သားဟာအမေ့သားပါအဖေထားခဲ့တာအမေပါအမေထားရက်တာသားပါအမေသားကို

အရှက်ကြောင့်ပစ်ခဲ့တာလား? အသက်ကြောင့်ပစ်ခဲ့တာလား? လွမ်းရေးကြောင့်ပစ်ခဲ့တာလား?

ဝမ်းရေးကြောင့်ပစ်ခဲ့တာလားနားလည်ပါရစေအမေနို့ဘူးထဲကနို့ချိုရည်အမေ့နို့မဟုတ်မှန်းသားသိတယ်

နူးညံ့စွာထွေးထားတဲ့လက်အမေ့လက်မဟုတ်မှန်းသားသိတယ်အသက်တစ်ချောင်းနဲ့

လူသားတန်ဘိုးထားပုံခြင်းများမှားနေသလားအမေ…ရယ်ရင်နဲ့လွယ်ထားရတဲ့ကာလ

မွေးဖွားရတဲ့ဒုက္ခအမေ့ကိုသနားတယ်ပစ်ပါအမေစွန့်ပါအမေ…

အမေ့ကိုသားဗွေမယူပါဘူးအမေထက်သာတဲ့ဂရုဏာရှင်တို့လက်အမေအပ်ခဲ့တာဘဲလေ…

အမေတာဝန်ကျေပါတယ်အသေားခံယူချင်တာအမေ့ဆီကမေတ္တာပါသားခံယူချင်တာ

အမေ့ဆီကဂရုဏာပါအမေဪသားဘဝမှာမွေးဘကျေးဇူးကိုမမေ့သလိုကျွေးကျေးဇူးတွေဆပ်ရပါဦးမယ်

ပုခက်တွင်းကနှလုံးသားရေနဲငါးဖြစ်ပါစေလူးလွန့်ရင်း

အသက်ရှင်ရင်ခွင်မဲ့တွေကြားမှာအားဖြစ်သမိုင်းတခေတ်မှာ…

အမေ့သား..ဟာဘာဖြစ်နေတယ်ဆိုတာလေးတော့အမေသိစေချင်ပါသေးတယ်ဗျာ…။

Credit

အမိမဲ့သားေရနဲငါးေသြးမပ်က္ပါအေမေပးရက္တာအေမ့ဆႏၵသံသယဆိုတာမထားပါရေစနဲ႔ေတာ့

သားဟာအေမ့သားပါအေဖထားခဲ့တာအေမပါအေမထားရက္တာသားပါအေမသားကို

အရွက္ေၾကာင့္ပစ္ခဲ့တာလား? အသက္ေၾကာင့္ပစ္ခဲ့တာလား? လြမ္းေရးေၾကာင့္ပစ္ခဲ့တာလား?

ဝမ္းေရးေၾကာင့္ပစ္ခဲ့တာလားနားလည္ပါရေစအေမႏို႔ဘူးထဲကႏို႔ခ်ိဳရည္အေမ့ႏို႔မဟုတ္မွန္းသားသိတယ္

ႏူးညံ့စြာေထြးထားတဲ့လက္အေမ့လက္မဟုတ္မွန္းသားသိတယ္အသက္တစ္ေခ်ာင္းနဲ႔

လူသားတန္ဘိုးထားပုံျခင္းမ်ားမွားေနသလားအေမ…ရယ္ရင္နဲ႔လြယ္ထားရတဲ့ကာလ

ေမြးဖြားရတဲ့ဒုကၡအေမ့ကိုသနားတယ္ပစ္ပါအေမစြန႔္ပါအေမ…

အေမ့ကိုသားေဗြမယူပါဘူးအေမထက္သာတဲ့ဂ႐ုဏာရွင္တို႔လက္အေမအပ္ခဲ့တာဘဲေလ…

အေမတာဝန္ေက်ပါတယ္အေသားခံယူခ်င္တာအေမ့ဆီကေမတၱာပါသားခံယူခ်င္တာ

အေမ့ဆီကဂ႐ုဏာပါအေမဪသားဘဝမွာေမြးဘေက်းဇူးကိုမေမ့သလိုေကြၽးေက်းဇူးေတြဆပ္ရပါဦးမယ္

ပုခက္တြင္းကႏွလုံးသားေရနဲငါးျဖစ္ပါေစလူးလြန႔္ရင္း

အသက္ရွင္ရင္ခြင္မဲ့ေတြၾကားမွာအားျဖစ္သမိုင္းတေခတ္မွာ…

အေမ့သား..ဟာဘာျဖစ္ေနတယ္ဆိုတာေလးေတာ့အေမသိေစခ်င္ပါေသးတယ္ဗ်ာ…။

Credit