အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)မွ ဖြင့္လွစ္ခဲ့သည့္ေႏြဦးထီေပၚထြက္လာၿပီးေနာက္တြင္ ေငြေၾကးလႊဲ ေျပာ င္းမႈမ်ားအတြက္ wave money အပါအဝင္ မည္သည့္ Mobile payment ကိုမဆို အခ်က္အလက္အျပည္စုံျဖည့္တင္းၿပီးေငြလႊဲေျပာင္းနိုင္ေရးအတြက္လုပ္ငန္းစဥ္မ်ားကို ထိန္းခ်ဳပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။…
(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)
“အခ်က္အလက္ျပည့္စုံမွလႊဲရမယ္။စၿပီးလိုင္စင္ေလွ်ာ က္တည္းကလႊဲေျပာင္းသူက ဘယ္လိုအခ်က္အလက္ျဖည့္တင္းရမယ္လက္ခံသူက ဘယ္လိုအခ်က္အလက္ျဖည့္တင္းရမယ္ဆိုၿပီးစနစ္တက်နဲ႕လုပ္ခိုင္းထားတာ” ဟုဗဟိုဘဏ္ဒုတိယဥကၠဌ ဦးဝင္းေသာ္က ေျပာေၾကာင္း MPA သတင္းတြင္ ေဖာ္ျပထားပါတယ္။…
အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)မွ ေရာင္းခ်လ်က္ရွိေသာ ေႏြဦးထီႏွင့္ပတ္သက္ၿပီး ေငြေၾကးလႊဲေျပာင္းမႈမ်ားျပဳလုပ္မည့္ဘဏ္အေကာင့္မ်ားကို စိစစ္အေရးယူရန္ၫႊန္ၾကားထားၿပီးေနာက္ပိုင္းတြင္ ယခုကဲ့သို႔ ထိန္းခ်ဳပ္ရန္ျဖစ္ေပၚလာရျခင္းျဖစ္သည္ဟုသိရသည္။….
အခ်က္အလက္မျပည့္စုံဘဲလႊဲေျပာင္းျခင္းျပဳလုပ္ပါ ကလႊဲေျပာင္းသူသာမက လႊဲေျပာင္းေပးသည့္ကိုယ္စား လွယ္ကိုလည္းအေရးယူမႈမ်ားျပဳလုပ္သြားမည္ဟုသိရသည္။အာဏာသိမ္းစစ္တပ္၏စီမံကိန္းႏွင့္အခြန္ဘ႑ာဝန္ႀကီးဌာန လက္ေအာက္တြင္ေအာင္ဘာေလထီတစ္မ်ိဳးသာရွိသည္။သို႔ေသာ္ ႏွစ္လုံးထီ သုံးလုံးထီမ်ားကို…
အြန္လိုင္းေဈးကြက္တြင္ Mobile paymentမ်ားျဖင့္ ေပးေခ်ၿပီးအေရာင္းအဝယ္ျပဳလုပ္ေနေသာ္လည္း ဗဟိုဘဏ္ဘက္မွ ယခုကဲ့သို႔ၫႊန္ၾကားခ်က္တစ္စုံတစ္ရာထုတ္ျပန္ခဲ့ျခင္းမရွိေပ။အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး..
”အဲ့ဒါေတြထက္ပိုအေရးႀကီးတယ္။ ဒါက (ေႏြဦးထီ)။ ႏွစ္လုံးထီတို႔ဘာတို႔က ကိုယ့္ စီးပြားေရးအတြက္ ကိုယ္လုပ္တာေပါ့သတ္မွတ္ထားတဲ့ ဥပေဒကိုခ်ိဳးေဖာက္တာေပါ့ေလ။ဒီေႏြဦးထီဆိုတာက ေတာ့နိုင္ငံ ေတာ္ကိုဆန႔္က်င္တဲ့အဖြဲ႕ကလုပ္တာေလ မတူဘူး” ဟု ဦးဝင္းေသာ္ကဆိုသည္။
ၫြန္ၾကားခ်က္သည္ ၁၃ရက္ေန႕ရက္စြဲျဖင့္ ဗဟိုဘဏ္မွဘဏ္မ်ားသို႔ လွ်ို႔ဝွက္စာျဖင့္ေပးပို႔ခဲ့ေသာ္လည္း ၁၆ရက္ေန႕တြင္ ျပင္ပသို႔သတင္းေပါက္ၾကားခဲ့သည္။ စာထြက္လာၿပီးေနာက္ ထိုၫႊန္ၾကားစာႏွင့္ပတ္သက္ၿပီး လက္မွတ္ထိုးထုတ္ေပးခဲ့သည့္ ဗဟိုဘဏ္ဒုတိယဥကၠဌေဒၚသန္းသန္းေဆြကို ေမးျမန္းခဲ့ရာ စာအတုဟုေျပာဆိုခဲ့သည္။…
ဒီကေန႕မွာေတာ့ ဗဟိုဘဏ္ဒုတိယဥကၠဌ ဦးဝင္းေသာ္က စာအစစ္အမွန္ျဖစ္ေၾကာင္းအတည္ျပဳခဲ့ၿပီး လွ်ို႔ဝွက္စာေပါက္ၾကားမႈအတြက္ ဘဏ္မ်ားကိုစစ္ေဆးမႈမ်ားျပဳ လုပ္ေနေၾကာင္းေျပာၾကားသည္။အမ်ိဳးသားညီၫြတ္ ေရးအစိုးရမွေရာင္းခ်ေသာ ေႏြဦးထီကိုထိုးသည့္ဘဏ္အေကာင့္မ်ား၊ Mobile paymentမ်ားကို
ေစာင့္ၾကည့္စစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး နည္းပညာမ်ားလည္းတိုးျမႇင့္ထားေၾကာင္း သိရသည္။NUGအစိုးရကျပဳလုပ္သည့္ ေအာင္လံလႊင့္ခ်ီေႏြဦးထီကို ၾသဂုတ္လ ၁၄ ရက္ေန႕ညေန၄နာရီတြင္စတင္ေရာင္း ခ်ခဲ့ရာ တစ္နာရီအတြင္း ျပည္သူမ်ား အားေပးမ်ားလြန္းသည့္အတြက္ ၾကန႔္ၾကာမႈမ်ားျဖစ္ေပၚခဲ့ၿပီး စိတ္ ရွည္သည္းခံေပးၾကဖို႔ေမတၱာရပ္ခံစာကို ထုတ္ျပန္ရသည္ အထိျဖစ္ခဲ့သည္။…
ယူနီကုဒ်ဖြင့် ဖတ်ရန်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖွင့်လှစ်ခဲ့သည့်နွေဦးထီပေါ်ထွက်လာပြီးနောက်တွင် ငွေကြေးလွှဲ ပြော င်းမှုများအတွက် wave money အပါအဝင် မည်သည့် Mobile payment ကိုမဆို အချက်အလက်အပြည်စုံဖြည့်တင်းပြီးငွေလွှဲပြောင်းနိုင်ရေးအတွက်လုပ်ငန်းစဉ်များကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အချက်အလက်ပြည့်စုံမှလွှဲရမယ်။စပြီးလိုင်စင်လျှော က်တည်းကလွှဲပြောင်းသူက ဘယ်လိုအချက်အလက်ဖြည့်တင်းရမယ်လက်ခံသူက ဘယ်လိုအချက်အလက်ဖြည့်တင်းရမယ်ဆိုပြီးစနစ်တကျနဲ့လုပ်ခိုင်းထားတာ” ဟုဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော်က ပြောကြောင်း MPA သတင်းတွင် ဖော်ပြထားပါတယ်။…
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ရောင်းချလျက်ရှိသော နွေဦးထီနှင့်ပတ်သက်ပြီး ငွေကြေးလွှဲပြောင်းမှုများပြုလုပ်မည့်ဘဏ်အကောင့်များကို စိစစ်အရေးယူရန်ညွှန်ကြားထားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ထိန်းချုပ်ရန်ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုသိရသည်။….
အချက်အလက်မပြည့်စုံဘဲလွှဲပြောင်းခြင်းပြုလုပ်ပါ ကလွှဲပြောင်းသူသာမက လွှဲပြောင်းပေးသည့်ကိုယ်စား လှယ်ကိုလည်းအရေးယူမှုများပြုလုပ်သွားမည်ဟုသိရသည်။အာဏာသိမ်းစစ်တပ်၏စီမံကိန်းနှင့်အခွန်ဘဏ္ဍာဝန်ကြီးဌာန လက်အောက်တွင်အောင်ဘာလေထီတစ်မျိုးသာရှိသည်။သို့သော် နှစ်လုံးထီ သုံးလုံးထီများကို…
အွန်လိုင်းဈေးကွက်တွင် Mobile paymentများဖြင့် ပေးချေပြီးအရောင်းအဝယ်ပြုလုပ်နေသော်လည်း ဗဟိုဘဏ်ဘက်မှ ယခုကဲ့သို့ညွှန်ကြားချက်တစ်စုံတစ်ရာထုတ်ပြန်ခဲ့ခြင်းမရှိပေ။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး..
”အဲ့ဒါတွေထက်ပိုအရေးကြီးတယ်။ ဒါက (နွေဦးထီ)။ နှစ်လုံးထီတို့ဘာတို့က ကိုယ့် စီးပွားရေးအတွက် ကိုယ်လုပ်တာပေါ့သတ်မှတ်ထားတဲ့ ဥပဒေကိုချိုးဖောက်တာပေါ့လေ။ဒီနွေဦးထီဆိုတာက တော့နိုင်ငံ တော်ကိုဆန့်ကျင်တဲ့အဖွဲ့ကလုပ်တာလေ မတူဘူး” ဟု ဦးဝင်းသော်ကဆိုသည်။
ညွန်ကြားချက်သည် ၁၃ရက်နေ့ရက်စွဲဖြင့် ဗဟိုဘဏ်မှဘဏ်များသို့ လျှို့ဝှက်စာဖြင့်ပေးပို့ခဲ့သော်လည်း ၁၆ရက်နေ့တွင် ပြင်ပသို့သတင်းပေါက်ကြားခဲ့သည်။ စာထွက်လာပြီးနောက် ထိုညွှန်ကြားစာနှင့်ပတ်သက်ပြီး လက်မှတ်ထိုးထုတ်ပေးခဲ့သည့် ဗဟိုဘဏ်ဒုတိယဥက္ကဌဒေါ်သန်းသန်းဆွေကို မေးမြန်းခဲ့ရာ စာအတုဟုပြောဆိုခဲ့သည်။…
ဒီကနေ့မှာတော့ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော်က စာအစစ်အမှန်ဖြစ်ကြောင်းအတည်ပြုခဲ့ပြီး လျှို့ဝှက်စာပေါက်ကြားမှုအတွက် ဘဏ်များကိုစစ်ဆေးမှုများပြု လုပ်နေကြောင်းပြောကြားသည်။အမျိုးသားညီညွတ် ရေးအစိုးရမှရောင်းချသော နွေဦးထီကိုထိုးသည့်ဘဏ်အကောင့်များ၊ Mobile paymentများကို…
စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး နည်းပညာများလည်းတိုးမြှင့်ထားကြောင်း သိရသည်။NUGအစိုးရကပြုလုပ်သည့် အောင်လံလွှင့်ချီနွေဦးထီကို သြဂုတ်လ ၁၄ ရက်နေ့ညနေ၄နာရီတွင်စတင်ရောင်း ချခဲ့ရာ တစ်နာရီအတွင်း ပြည်သူများ အားပေးများလွန်းသည့်အတွက် ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီး စိတ် ရှည်သည်းခံပေးကြဖို့မေတ္တာရပ်ခံစာကို ထုတ်ပြန်ရသည် အထိဖြစ်ခဲ့သည်။…