Zawgyi ျဖင့္ဖတ္ရန္
လြန္ခဲ့တဲ့ေျခာက္ႏွစ္ေလာက္က ကြၽန္ေတာ့္မိတ္ေဆြတစ္ေယာက္နဲ႔ဆုံျဖစ္ပါတယ္ ။
အိပ္ယာထဲကမထႏိုင္သလို အစားအေသာက္ပါမစားႏိုင္တဲ့အတြက္ လူတစ္ကိုယ္လုံးက အ႐ိုးေပၚအေရတင္ေနပါၿပီ ။
သူခံစားေနရတဲ့ ေဝဒနာ ကိုေမးၾကည့္ေတာ့ ခ်က္နားက စူးေအာင့္ၿပီး နာေနသလို ဝမ္းလဲခ်ဳပ္ေနပါတယ္ ။
ေဆးခန္း ျပေတာ့လဲ ပိုးသတ္ေဆး နဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြပဲေပးသတဲ့ ။
ျဖစ္ႏိုင္ေျခကို ကြၽန္ေတာ္စဥ္းစားၾကည့္ပါတယ္..အစာအိမ္ မွာအနာရွိသလား..အူေခါက္သလား..အူကင္ဆာလားေပါ့ ။
စိတ္ထဲမွာမသကၤာလာတာနဲ႔ ေမေမ့တပည့္ ခြဲစိတ္ ဆရာဝန္ႀကီး ဆီကို အႀကံဉာဏ္ေတာင္းခံခဲ့ပါတယ္ ။
ဆရာဝန္ႀကီးက လူနာကိုခ်က္ခ်င္း ေဆး႐ုံႀကီးကိုေခၚလာဖို႔နဲ႔ သူကိုယ္တိုင္လာၾကည့္မယ္လို႔ေျပာပါတယ္ ။
ဓါတ္မွန္႐ိုက္ေတာ့လဲ ဘာမွမေပၚပါဘူး… ဆရာဝန္ ေတြေခါင္းစားရတဲ့ ျပသနာပါ ။
Operation လုပ္ဖို႔ကလဲ ေရာဂါ အတိအက်မသိရတဲ့အတြက္ လုပ္ဖို႔မလြယ္ပါ ။
အတိုခ်ဳံ႔ေျပာရရင္ေတာ့ လူနာ ဟာ ေျခာက္လအၾကာမွာ ဆုံးပါးသြားပါတယ္ ။
ရင္ခြဲၿပီးစစ္ေဆးတဲ့အခါ ရလာတဲ့Result က အူမႀကီး တစ္ခုလုံးပုပ္ေနပါၿပီ ။
အူမႀကီးကိုအေသအျခာစစ္ေဆးေတာ့မွ အူနံရံ မွာစိုက္ဝင္ေနတဲ့ Steel စေလးကိုေတြ႕ရပါတယ္ ။
အဲဒီ Steel စေလးက ပန္းကန္ ေတြေဆးရာမွာအသုံးျပဳတဲ့ Steel Wool အစေလးပါ..
အခန႔္မသင့္ရင္ အသက္ တစ္ေခ်ာင္းဆုံးရံႉးတတ္တာေၾကာင့္ Steel Wool ကိုမသုံးေစခ်င္ပါဘူးခင္ဗ်ာ…
Credit :လြင္ဦးဟန္
Unicode ဖြင့်ဖတ်ရန်

ပန်းကန်တွေဆေးရာမှာအသုံးပြုတဲ့ Steel Wool အကြောင်းသိကောင်းစရာ…လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ဆုံဖြစ်ပါတယ် ။
အိပ်ယာထဲကမထနိုင်သလို အစားအသောက်ပါမစားနိုင်တဲ့အတွက် လူတစ်ကိုယ်လုံးက အရိုးပေါ်အရေတင်နေပါပြီ ။
သူခံစားနေရတဲ့ဝေဒနာကိုမေးကြည့်တော့ ချက်နားက စူးအောင့်ပြီး နာနေသလို ဝမ်းလဲချုပ်နေပါတယ် ။
ဆေးခန်းပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲပေးသတဲ့ ။
ဖြစ်နိုင်ခြေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်..အစာအိမ်မှာအနာရှိသလား..အူခေါက်သလား..အူကင်ဆာလားပေါ့ ။
စိတ်ထဲမှာမသင်္ကာလာတာနဲ့ မေမေ့တပည့် ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ် ။
ဆရာဝန်ကြီးက လူနာကိုချက်ချင်း ဆေးရုံကြီးကိုခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ပြောပါတယ် ။
ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး… ဆရာဝန်တွေခေါင်းစားရတဲ့ပြသနာပါ ။
Operation လုပ်ဖို့ကလဲ ရောဂါအတိအကျမသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ ။
အတိုချုံ့ပြောရရင်တော့ လူနာဟာ ခြောက်လအကြာမှာ ဆုံးပါးသွားပါတယ် ။
ရင်ခွဲပြီးစစ်ဆေးတဲ့အခါ ရလာတဲ့Result က အူမကြီးတစ်ခုလုံးပုပ်နေပါပြီ ။
အူမကြီးကိုအသေအခြာစစ်ဆေးတော့မှ အူနံရံမှာစိုက်ဝင်နေတဲ့ Steel စလေးကိုတွေ့ရပါတယ် ။
အဲဒီ Steel စလေးက ပန်းကန်တွေဆေးရာမှာအသုံးပြုတဲ့ Steel Wool အစလေးပါ..
အခန့်မသင့်ရင် အသက်တစ်ချောင်းဆုံးရံှူးတတ်တာကြောင့် Steel Wool ကိုမသုံးစေချင်ပါဘူးခင်ဗျာ…
Credit :လွင်ဦးဟန်



