မိန်းမကောင်းတို့၏အင်္ဂါ ၈ ပါး
(၁)ထမင်းစားသောအခါ မိခင်ကဲ့သို့လုပ်ကျွေးသောမိန်းမ။
(၂)လင်သားကို အဝတ်စားပြုပြင်ပေးတတ်သောမိန်းမ။
(၃)ဘေးအန္တရာယ်ကြုံသောအခါ တိုင်ပင်၍ ရသောမိန်းမ။
(၄)”ကျွန်” မကဲ့သို့လုပ်ကျွေးတက်သောမိန်းမ။
(၅)လင်သားကို မောင်ကဲ့သို့ရှက်ကြောက်ရိုသေလေးစားတက်သောမိန်းမ။
(၆)လင်သား၏အလိုကိုလိုက်၍ သည်းခံနိုင်သောမိန်းမ။
(၇)မွေ့လျော်ပျော်ဘွယ်များကို ပြုတက်သောမိန်းမ။
(၈)အရောင်အဆင်းရှိရှိ လှလှပပပြုပြင်နေထိုင်တက်သောမိန်းမ’
အိမ်ထောင်ရေး ရှောင်ရှားနိုင်ရန်
၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း
လင်နဲ့မယား လျှာနဲ့သွားပါ။
အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တဘက်သားကိုအပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။
အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင်မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို
ဖြစ်သွားတတ်ပါတယ်။နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ပွဲသိမ်းဖို့ ခက်ခဲသွားပါတယ်။
ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။
လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။
၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း
မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလို
ခိုလုံရာ လည်းဖြစ်ပါတယ်။ လင်မယားနှစ်ယောက်ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့အတွင်းစိတ်ကို ထိခိုက်
သွားနိုင်သလို သူတို့ရဲ့ အနာဂတ်အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါထိခိုက်နိုင်ပါတယ်။ တကယ်လို့ သားသမီးများဟာအိမ်မှာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင်နောင်မျိုးဆက်တစ်ခုလုံးကိုထိခိုက်သွားစေနိုင်ပါတယ်။
၃။ အိမ်ထောင်ဘက် နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း
အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင်စိတ်ဓါတ်ကျပြီး စိတ်ဆိုးလွယ်တတ်လေ့ရှိပါတယ်။အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကိုလုံးဝထိခိုက်သွားနိုင်ပါတယ်။
၄။ အနာဟောင်း ပြန်ဖော်ခြင်း
ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုး
လုံးဝရှောင်ကြင်သင့်ပါတယ်။ မမှားတဲ့ရှေ့နေ မသေတဲ့ဆေးသမားဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှား ဖူးတတ်ကြစမြဲပါ။အနာဟောင်းကို လက်ကိုင်တုတ်အဖြစ် ခဏခဏထုတ်သုံးရင်တော့ အဲဒီအိမ်ထောင်ရေးပြန်အဆင်ပြေဖို့ ခက်ခဲသွားတတ်ပါတယ်။
၅။ အိမ်ထောင်ဘက် ၏ မိဘနဲ့ အိမ်သားများကို
ထိခိုက်စေသော စကားများ
ရန်ဖြစ်တယ်ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘောမတူနိုင်လို့ ဖြစ်ပါတယ်။ အဲဒီကိစ္စအပေါ်သာ အချေအတင် ငြင်းခုန်သင့်ပါတယ်။အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊ထိခိုက်စေတဲ့ စကားမျိုး လုံးဝရှောင်ကြင်ရမှာပါ။
၆။ ပစ္စည်းလွင့်ပစ်တတ်တဲ့ အကျင့်
ရန်ဖြစ်ပြီဆိုမှ နဂိုကတည်းက အသံက
ကျယ်လှောင်ပြီးသား၊ ပစ္စည်းလွင့်ပစ်တဲ့ အသံ၊ ခုန်ထု တဲ့အသံ၊ ပစ္စည်းကျကွဲသွားတဲ့အသံ တွေနဲ့ ရောသွားရင် ပွဲအများကြီး ပိုကြမ်းသွားတတ်ပါတယ်။
ချစ်လို့ယူထားကြတာပဲ၊ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ နှလုံးသားကျ ကွဲတာနဲ့တူတတ်တယ်။
၇။ စိတ်နာစေတဲ့ စကားအသုံးအနူန်းများ
စိတ်ဆိုးအောင်လုပ်လို့ ရတယ်။ စိတ်နာအောင်မလုပ်ကြပါနဲ့၊စိတ်နာစေတဲ့ စကားမျိုး လုံးဝရှောင်ကြင်သင့်ပါတယ်။
“ ရှင်ကိုအားကိုးလို့တော့ သူတောင်းစားပဲဖြစ်သွားမှာ၊ သူများယော့ကျင်္ားတွေကြည့် ပိုက်ဆံရှာဘယ်လောက်တော်လဲ၊ရှင်နဲ့တစ် စက်ကလေးမှ မတူဘူး ”စတဲ့စကားမျိုး ကို မပြောဆိုရပါ။
၈။ သေတာနဲ့ ချိန်းခြောက်ခြင်း
ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊
ငါအသက်မရှင်ချင်တော့ဘူး ၊ ငါမင်းကို သေပြမယ်စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုး
လုံးဝရှောင်ကြင်သင့်ပါတယ်။
၉။ လက်ပါ ခြင်း
ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး ကိုယ့်လက်ကိုလုံးဝ ထိန်းထားရပါမယ်။ တစ်ချက်ရိုက်မိသွားရင်ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရူံးသွားနိုင်ပါတယ်။ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါ။
၁၀။ ကွဲမယ် ဆိုတဲ့စကား အလွယ်တကူသုံးခြင်း
ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ် မျိုး ဝင်တတ်ပါတယ်။ ကွဲမယ်ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ် ဖြစ်တတ်ပါတယ်။နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။
အချစ်ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့ အမျှရင်ခုန်တာတွေ ဓါတ်လိုက်တာတဖြည်းဖြည်းပျောက်ကွယ်သွားပေမဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ပြီးတန်ဖိုးထားနေသေးခြင်းကို ဆိုလိုပါကြောင်းတင်ပြလိုက်ရပါတယ်။
Credit
Zawgyi ျဖင့္ဖတ္ပါ
မိန္းမေကာင္းတို႔၏အဂၤါ ၈ ပါး
(၁)ထမင္းစားေသာအခါ မိခင္ကဲ့သို႔လုပ္ေကြၽးေသာမိန္းမ။
(၂)လင္သားကို အဝတ္စားျပဳျပင္ေပးတတ္ေသာမိန္းမ။
(၃)ေဘးအႏၲရာယ္ႀကဳံေသာအခါ တိုင္ပင္၍ ရေသာမိန္းမ။
(၄)ကြၽန္ မကဲ့သို႔လုပ္ေကြၽးတက္ေသာမိန္းမ။
(၅)လင္သားကို ေမာင္ကဲ့သို႔ရွက္ေၾကာက္႐ိုေသေလးစားတက္ေသာမိန္းမ။
(၆)လင္သား၏အလိုကိုလိုက္၍ သည္းခံႏိုင္ေသာမိန္းမ။
(၇)ေမြ႕ေလ်ာ္ေပ်ာ္ဘြယ္မ်ားကို ျပဳတက္ေသာမိန္းမ။
(၈)အေရာင္အဆင္းရွိရွိ လွလွပပျပဳျပင္ေနထိုင္တက္ေသာမိန္းမ
အိမ္ေထာင္ေရး ေရွာင္ရွားႏိုင္ရန္
၁။ လူေရွ႕သူေရွ႕ မေရွာင္ အိမ္ေထာက္ဘက္ကို အျပစ္တင္ျခင္း
လင္နဲ႔မယား လွ်ာနဲ႔သြားပါ။
အိမ္ေထာင္သက္ ရလာတာနဲ႔ အမြ္ အထစ္အေငွာ့ေလးေတာ့ ရွိတတ္ၾကပါတယ္။ လူေရွ႕သူေရွ႕ မေရွာင္ တဘက္သားကိုအျပစ္တင္ ရန္ေထာင္ရင္ေတာ့ ရႏၸျဲ ျဖစ္လာမွာပါ။ အဲလိုရန္ျဖစ္တာ ျပႆနာကို ေျပလည္ေအာင္ မေျဖရွင္း ႏိုင္တဲ့ အျပင္မီးလွ်ံထဲကို ဓါတ္ဆီ ေလာင္းလိုက္သလို
ျဖစ္သြားတတ္ပါတယ္။ေနာက္ဆုံးက်ရင္ ဘယ္သဴမြ ေအလြ္ာ့ ေပးလို႔ မရတဲ့ ေအနအထား ေရာက္သြားတတ္ၿပီး ပြဲသိမ္းဖို႔ ခက္ခဲသြားပါတယ္။ ဒါေၾကာင္မို႔လို႔ လင္မယား မြတၳားရ မြာက မည္သူရဲ႕ေရွ႕မွာမဆို အိမ္ေထာက္ဘက္ကို အျပစ္တင္မိတာမ်ိဳး လုံးဝေရွာင္ၾကင္ပါ။ လက္ဝါးတဘက္ ထဲ ဘယ္ေတာ့မွ လက္ခုတ္တီးလို႔ မရပါဘူး။
၂။ သားသမီး ေရွ႕မွာ ရန္ျဖစ္ျခင္း
မိဘဆိုတာ သားသမီး ရဲ႕ အားကိုးရာ ်ဖစ္သလို
ခိုလုံရာ လည္းျဖစ္ပါတယ္။ လင္မယားႏွစ္ေယာက္ျပႆနာ တစၡဳခု ရွိခဲ့ရင္ သားသမီးကို ေရွာင္ပါ။လင္မယား ရန္ျဖစ္တယ္ဆိုတာ လူႀကီး ႏွစ္ဦးရဲ႕ ကိစၥပါ။
မိဘရန္ျဖစ္တာကို ကေလးေတြ ေတြ႕သြားရင္ ကေလးရဲ႕အတြင္းစိတ္ကို ထိခိုက္
သြားႏိုင္သလို သူတို႔ရဲ႕ အနာဂတ္အိမ္ေထာင္ေရး အေပၚထားရွိတဲ့ စိတၳား ကိုပါထိခိုက္ႏိုင္ပါတယ္။ တကယ္လို႔ သားသမီးမ်ားဟာအိမ္မွာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင္ေနာင္မ်ိဳးဆက္တစ္ခုလုံးကိုထိခိုက္သြားေစႏိုင္ပါတယ္။
၃။ အိမ္ေထာင္ဘက္ ေနမေကာင္းတဲ့အခါ ရန္ျဖစ္ျခင္း
အိမ္ေထာင္ဘက္ တစ္ဦးဦးက နာမက်န္းျဖစ္ေနရင္စိတ္ဓါတ္က်ၿပီး စိတ္ဆိုးလြယ္တတ္ေလ့ရွိပါတယ္။အဲဒီအခ်ိန္မွာ ရန္ျဖစ္မိရင္ အိမ္ေထာင္ေရးကိုလုံး၀ထိခိုက္သြားႏိုင္ပါတယ္။
၄။ အနာေဟာင္း ျပန္ေဖာ္ျခင္း
ရန္ျဖစ္တိုင္း အနာေဟာင္းကို ျပန္ေဖာ္တာမ်ိဳး
လုံးဝေရွာင္ၾကင္သင့္ပါတယ္။ မမွားတဲ့ေရွ႕ေန မေသတဲ့ေဆးသမားဆိုသလို လူတိုင္းကိုယ္စီ တစၡဳခု မြား ဖူးတတ္ၾကစၿမဲပါ။အနာေဟာင္းကို လက္ကိုင္တုတ္အျဖစ္ ခဏခဏထုတ္သုံးရင္ေတာ့ အဲဒီအိမ္ေထာင္ေရးျပန္အဆင္ေျပဖို႔ ခက္ခဲသြားတတ္ပါတယ္။
၅။ အိမ္ေထာင္ဘက္ ၏ မိဘနဲ႔ အိမ္သားမ္ားကို
ထိခိုက္ေစေသာ စကားမ္ား
ရန္ျဖစ္တယ္ဆိုတာ တစ္ခုခုအေပၚ မေက်နပ္လို႔ သေဘာမတူႏိုင္လို႔ ျဖစ္ပါတယ္။ အဲဒီကိစၥအေပၚသာ အေခ်အတင္ ျငင္းခုန္သင့္ပါတယ္။အိမ္ေထာင္ဘက္ရဲ႕ မိဘနဲ႔ မိသားစု ကို ေစာင္းေျပာတာမ်ိဳး၊ထိခိုက္ေစတဲ့ စကားမ်ိဳး လုံးဝေရွာင္ၾကင္ရမွာပါ။
၆။ ပစၥည္းလြင့္ပစ္တတ္တဲ့ အက်င့္
ရန္ျဖစ္ၿပီဆိုမွ နဂိုကတည္းက အသံက
က်ယ္ေလွာင္ၿပီးသား၊ ပစၥည္းလြင့္ပစ္တဲ့ အသံ၊ ခုႏၳဳ တဲ့အသံ၊ ပစၥည္းက်ကြဲသြားတဲ့အသံ ေတြနဲ႔ ေရာသြားရင္ ပြဲအမ်ားႀကီး ပိုၾကမ္းသြားတတ္ပါတယ္။
ခ်စ္လို႔ယူထားၾကတာပဲ၊ပစၥည္းလြင့္ပစ္လို႔ က္ႀကဲတယ္ဆိုတာ ႏွလုံးသားက် ကြဲတာနဲ႔တူတတ္တယ္။
၇။ စိတ္နာေစတဲ့ စကားအသုံးအႏူန္းမ်ား
စိတ္ဆိုးေအာင္လုပ္လို႔ ရတယ္။ စိတ္နာေအာင္မလုပ္ၾကပါနဲ႔၊စိတ္နာေစတဲ့ စကားမ်ိဳး လုံးဝေရွာင္ၾကင္သင့္ပါတယ္။ ရွင္ကိုအားကိုးလို႔ေတာ့ သူေတာင္းစားပဲျဖစ္သြားမွာ၊
သူမ်ားေယာ့က်ၤားေတြၾကည့္ ပိုက္ဆံရွာဘယ္ေလာက္ေတာ္လဲ၊ရွင္နဲ႔တစ္ စေကၠလးမြ မတူဘူး စတဲ့စကားမ်ိဳး ကို မေျပာဆိုရပါ။
၈။ ေသတာနဲ႔ ခ်ိန္းေျခာက္ျခင္း
ငါအသက္ရွင္ေနတာ ဘာထူးေသးလဲ၊
ငါအသက္မရွင္ခ်င္ေတာ့ဘူး ၊ ငါမင္းကို ေသျပမယ္စသည္ျဖင့္ ေသတာနဲ႔ ခ်ိန္းေျခာက္ တာမ်ိဳး
လုံးဝေရွာင္ၾကင္သင့္ပါတယ္။
၉။ လက္ပါ ျခင္း
ဘယ္ေလာက္ပဲ စိတ္ဆိုးစိတ္ဆိုး ကိုယ့္လက္ကိုလုံး၀ ထိန္းထားရပါမယ္။ တစ္ခ်က္႐ိုက္မိသြားရင္ခ်စ္ခဲ့သမွ် အတိုးေရာ အရင္းပါ ဆုံး႐ူံးသြားႏိုင္ပါတယ္။ျပင္ပ ဒဏ္ရာ ကုစားရ လြယ္သေလာက္ စိတ္တြင္းက ဒဏ္ရာကို ေဖ်ာက္ပစ္ဖို႔ မလြယ္လွပါ။
၁၀။ ကြဲမယ္ ဆိုတဲ့စကား အလြယ္တကူသုံးျခင္း
ဘယ္သဴပဲ ျဖစ္ျဖစ္ စိတ္ဆိုးတဲ့ အခါ ျဖစ္ခ်င္ရာျဖစ္ဆိုတဲ့စိတ္ မ်ိဳး ၀င္တတ္ပါတယ္။ ႀကဲမယ္ဆိုတဲ့ စကားဟာ အင္မတန္မွ ေၾကာက္စရာ ေကာင္းတဲ့ နိမိတ္ ျဖစ္တတ္ပါတယ္။ေနာက္ဆုံး ေျပာခ်င္တာကေတာ့ ရႏၼ်ဖစၱာ အေကာင္းဆုံးပါ။
အခ္စ္ဆိုတာဟာ အိမ္ေထာင္သက္ ၾကာလာတာနဲ႔ အမွ်ရင္ခုန္တာေတြ ဓါတ္လိုက္တာတျဖည္းျဖည္းေပ်ာက္ကြယ္သြားေပမဲ့ တစ္ဦးအေပၚတစ္ဦး ဆက္ၿပီးတန္ဖိုးထားေနေသးျခင္းကို ဆိုလိုပါေၾကာင္းတင္ျပလိုက္ရပါတယ္။
Credit



