အမျိုးသမီးစစ်သည်ရဲ့သတ္တိ
အမျိုးသမီးတပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းရဲ့ ပြည်သူထံပေးစာပါ။ လက်ရှိမှာ တောတွင်းရောက်ရှိနေပြီ ဖြစ်ပါတယ်။
ပထမတင်ထားတဲ့ ပို့စ်ဟာ Report ကြောင့် ပျက်သွားပါတယ်။ သူ့လိုအမျိုးသမီးတစ်ယောက်တောင် ရုန်းထွက်နိုင်ခဲ့ပါလျှက်…
တပ်မတော်မှတ်တမ်းဌာမှ အမျိုးသမီးစစ်သည်တစ်ဦးသည် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ဘက်သို့ ရပ်တည်လာကြောင်း People’s Soldier မှ သတင်းထုတ်ပြန်သည်။
“အမျိုးသားစစ်သည်တွေက ပြည်သူ့ဘက်ရပ်တည်နေချိန်မှာ အမျိုးသမီးစစ်သည်က ရဲဝင့်စွာဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အခုအခါမှာတော့ တောတွင်းတစ်နေရာကို ရောက်ရှိနေပါပြီ” ဟု လည်းဖော်ပြထားသည်။
ကိုယ်ပိုင်အမှတ် မ ၄၉၃၃ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်း သည် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ဘက်မှ ရပ်တည်ခဲ့ခြင်းဖြစ်ကာ ၎င်းကိုယ်တိုင် လက်ရေးဖြင့် ရေးသားထားသည့် လက်ရေးစာကိုလည်း ထပ်မံဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
အာဏာသိမ်းပြိးနောက်တွင် စစ်ကောင်စီ၏ လုပ်ရပ်များကို လက်မခံနိုင်သည့် စစ်သည်များ တပ်ကိုစွန့်ခွာ၍ ပြည်သူ့ဘက်သို့ ရပ်တည်လာသည့်အရေအတွက်မှာ ၁၅၀၀ ကျော်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။
————————
အမ်ိဳးသမီးစစ္သည္ရဲ႕သတၱိ
အမ်ိဳးသမီးတပ္ၾကပ္ႀကီး ယဥ္လဲ့လဲ့ထြန္းရဲ႕ ျပည္သူထံေပးစာပါ။ လက္ရွိမွာ ေတာတြင္းေရာက္ရွိေနၿပီ ျဖစ္ပါတယ္။
ပထမတင္ထားတဲ့ ပို႔စ္ဟာ Report ေၾကာင့္ ပ်က္သြားပါတယ္။ သူ႔လိုအမ်ိဳးသမီးတစ္ေယာက္ေတာင္ ႐ုန္းထြက္ႏိုင္ခဲ့ပါလွ်က္…
တပ္မေတာ္မွတ္တမ္းဌာမွ အမ်ိဳးသမီးစစ္သည္တစ္ဦးသည္ အာဏာသိမ္းစစ္တပ္ကို စြန႔္ခြာ၍ ျပည္သူ႔ဘက္သို႔ ရပ္တည္လာေၾကာင္း People’s Soldier မွ သတင္းထုတ္ျပန္သည္။
“အမ်ိဳးသားစစ္သည္ေတြက ျပည္သူ႔ဘက္ရပ္တည္ေနခ်ိန္မွာ အမ်ိဳးသမီးစစ္သည္က ရဲဝင့္စြာဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ အခုအခါမွာေတာ့ ေတာတြင္းတစ္ေနရာကို ေရာက္ရွိေနပါၿပီ” ဟု လည္းေဖာ္ျပထားသည္။
ကိုယ္ပိုင္အမွတ္ မ ၄၉၃၃ တပ္ၾကပ္ႀကီး ယဥ္လဲ့လဲ့ထြန္း သည္ အာဏာသိမ္းစစ္တပ္ကို စြန႔္ခြာ၍ ျပည္သူ႔ဘက္မွ ရပ္တည္ခဲ့ျခင္းျဖစ္ကာ ၎ကိုယ္တိုင္ လက္ေရးျဖင့္ ေရးသားထားသည့္ လက္ေရးစာကိုလည္း ထပ္မံေဖာ္ျပသြားမည္ျဖစ္ေၾကာင္းသိရသည္။
အာဏာသိမ္းၿပိးေနာက္တြင္ စစ္ေကာင္စီ၏ လုပ္ရပ္မ်ားကို လက္မခံႏိုင္သည့္ စစ္သည္မ်ား တပ္ကိုစြန႔္ခြာ၍ ျပည္သူ႔ဘက္သို႔ ရပ္တည္လာသည့္အေရအတြက္မွာ ၁၅၀၀ ေက်ာ္ခန႔္ရွိၿပီျဖစ္ေၾကာင္းသိရသည္။