ဗဟုသုတ

၃ မိနစ်ရေနွေးအိုးမှတဆင့် မီးလောင်ခြင်းမဖြစ်စေရန် သိသင့်သည်များ

၃ မိနစ်ရေနွေးအိုးမှတဆင့် မီးလောင်ခြင်းမဖြစ်စေရန် သိသင့်သည်များ

၃ မိနစ်အိုးကနေ မီးလောင်မှုတွေဖြစ်ခဲ့ဖူးတာကြောင့် မဖြစ်အောင် အားလုံး သတိထားနိုင်ဖို့ မျှဝေပေးပါတယ်နော်။ကျနော်တို့ နိုင်ငံတွင် ယခု အခါ ၃မိနစ် ရေနွေးအိုးများကို အိမ်ထောင်စုတိုင်းနီးပါး အသုံးပြုလာကြပါတယ်။ ဒီရေ
နွေး

အိုးမှာ ၁၀၀၀ဝပ် အသုံးပြုထားသော်လည်း အပူကိုကို ရေထဲသို့ အလျှင်အမြန် စီးဝင်နိုင်အောင် တည်ဆောက်ထားလို့ အချိန်တိုအတွင်းကိစ္စပြီးမြောက်စေတဲ့အတွက် လျှပ်စစ်ဓာတ်အား ချွေတာရာ ရောက်သလို security

အဆင့်ဆင့် ခံတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူကို ကရိကထလည်း အလွန်နည်းစေပါတယ်။ဒါပေမယ့် ဒီလို ခေတ်ပေါ်ပစ္စည်းမျိုး အသုံးပြုမည်ဆိုလျင် အန္တရယ်ကင်းကင်း အသုံးပြုနိုင်ရန် သူ့အကြောင်းကိုအကြမ်းဖျဉ်း

တော့ သိထားရင် ပိုကောင်းပါမယ်။ဤအိုးတွင် ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့် switch,1 သည် လက်ကိုင်ကိုင်း အပေါ်ထိပ်တွင် ရှိပြီး ရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏ အပူချိန်ဖြင့်

သည် လက်ကိုင်ကိုင်း အပေါ်ထိပ်တွင် ရှိပြီး ရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏ အပူချိန်ဖြင့် ခလုပ်ကိုပိတ်စေသော်လည်း အိုးထဲတွင် ရေမရှိပါက ရေနွေးငွေ့ တက်မလာနိုင်သဖြင့် အလုပ်မလုပ်နိုင်ပါ။Switch, 2 သည်

အိုး၏အောက်ခြေတွင် ကပ်လျက် ရှိပြီး ရေမပါပဲ power on မိသည့်အခါ အလိုအလျောက် ပိတ်နိုင်ရန်စီမံထားသော်လည်း မြင့်မားသည့် အပူချိန်ရမှ အလုပ်လုပ်သောကြောင့်ကြာရှည်စွာ မေ့ထားမိပါက မီးဘေး

အန္တရယ်စိုးရိမ်ရသဖြင့် ဤအိုးမျိုးကို အသုံးပြုလျှင်

(၁) အိုးထဲတွင် ရေလက်ကျန် ထားရန်နှင့်

(၂) အမြဲတန်း မီးပလပ်ကို မတပ်ထားရန်

သတိပြုသင့်ပါသည်။ကျေးဇူးတင်ပါတယ်။

Credit