ၾကားသိရသမွ်


နေအိမ်ဒီဇိုင်းပုံစံကို မော်ဒယ်နှစ်ဦးငှားရမ်းကာ ကျောပေါ်တွင် ရေးဆွဲပြီး ဝယ်ယူသူတွေ စိတ်ဝင်စားစေရန်အတွက် ကြော်ငြာခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီ




Shoon (Cele Daily)

Unicode

နေအိမ်ဒီဇိုင်းပုံစံကို မော်ဒယ်နှစ်ဦးငှားရမ်းကာ ကျောပေါ်တွင် ရေးဆွဲပြီး ဝယ်ယူသူတွေ စိတ်ဝင်စားစေရန်အတွက် ကြော်ငြာခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီ

စာဖတ်သူတို့အနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်စေရန်အတွက် ကြိုးစားရာ၌ လူအများစိတ်ဝင်စားအောင် ပြုလုပ်ရန် အခက်အခဲဖြစ်နေသည့်အချိန်မျိုးတွင် တရုတ်နိုင်ငံမှ လူများထံတွင် အကြံယူလိုက်ပါ။

တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို လူအများသိစေရန် လုပ်ဆောင်ရာ၌ အလွန်ထူးချွန်ထက်မြက်လှပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ Shaanxiပြည်နယ် Xi’anမြို့၏ အခြေစိုက် ဆောက်လုပ်ရေးနှင့် အိမ်ခြေမြေလုပ်ငန်းကုမ္ပဏီတစ်ခု၏ လူအများစိတ်ဝင်စားအောင် ကြေညာခဲ့ပုံဟာ လူအများကို သဘောတွေ့စေခဲ့ပါတယ်။

ကုမ္ပဏီဟာ သူတို့ဆောက်လုပ်ထားတဲ့ နေအိမ်ပုံစံတွေကို လူအများက စိတ်ဝင်စားစေရန်အတွက် မော်ဒယ်နှစ်ဦးကို ငှားရမ်းပြီး မော်ဒယ်နှစ်ဦး၏ ကျောပေါ်တွင် အိမ်ဒီဇိုင်းကို ရေးဆွဲပြထားခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)