အစားဆိုတိုင်း အလွန်အကျွံစားတတ်တဲ့ အကျင့်ကို ဒီလိုဖျောက်ပါ
(၁) တီဗွီကြည့်ရင်းအစားစားတဲ့ အကျင့်ကိုပြင်ပါ
အစားစားတဲ့အခါ အခြားတစ်ခုခုကို အာရုံစိုက်ထားတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ ပိုစားမိသွားနိုင်တာကြောင့်ပါ။ ဒါကြောင့် အစားစားနေချိန်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီကြည့်တာမျိုးတွေမလုပ်ပါနဲ့။ အများကြီးမစားမိစေဖို့ အစားစားနေချိန်မှာ စားစရာကလွဲလို့ အခြားအရာတွေကိုအာရုံစိုက်မထားပါနဲ့။
(၂) ကိုယ့်ရဲ့အားနည်းချက်ကိုသိအောင်လုပ်ပါ
အစားကိုလိုတာထက်ပိုမစားမိစေဖို့ အရင်ဆုံးလုပ်ရမှာက ကိုယ့်ရဲ့အားနည်းချက်ကိုသိအောင်လုပ်ဖို့ပါ။ ညနေစာစားပြီးတိုင်းရေခဲမုန့်တစ်ခွက်စားနေကျဆိုရင် နည်းနည်းချင်းစီလျှော့စားပြီးနောက်ဆုံးလုံးဝမစားမိတဲ့အထိ ကျင့်ယူပါ။ အချိုစာတွေအစား သစ်သီးတွေပြောင်းစားတာမျိုးလုပ်ပါ။
(၃) အရမ်းကြိုက်တဲ့ အစားတွေအကုန်လုံးကို တစ်ခါတည်းနဲ့ မဖြတ်ပါနဲ့
အကြိုက်ဆုံးပါဆိုတဲ့ အစားအစာတွေကို တစ်ခါတည်းနဲ့ မစားတော့ဘဲဖြတ်လိုက်တာက အဆင်ပြေမယ့်နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုချင်းစီလောက်ကနေ စဖြတ်တာမျိုးလုပ်ရင်လုပ်၊ မဟုတ်ရင် နည်းနည်းစီလျှော့စားသွားတာမျိုးက ပိုအဆင်ပြေမှာပါ။
(၄) ဗူးလိုက်ချစားတာမျိုးမလုပ်ပါနဲ့
အာလူးကြော်တွေ၊ရေခဲမုန့်တွေကို အထုပ်လိုက်၊ ဗူးလိုက်ချစားတာက အများကြီးစားမိစေနိုင်ပါတယ်။ ဒါကြောင့် ကုန်သလောက် နည်းနည်းချင်းစီ ခွဲထည့်ပြီးစားပေးပါ။ ဒီလိုစားပေးတာက မလိုအပ်ဘဲ အပိုစားမိတာကို ထိထိရောက်ရောက် ဟန့်တားနိုင်မှာပါ
(၅) စိတ်ဖိစီးမှုကိုလျှော့ချပါ
နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကလည်း မလိုအပ်ဘဲ စားမိတာမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုပြေလျော့စေနိုင်တဲ့ယောဂလေ့ကျင့်တာ၊ သီချင်းနားထောင်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ တရားထိုင်တာလိုမျိုး အလေ့အထလေးတွေကို လုပ်ပေးပါ။
(၆) အမျှင်ဓါတ်ကြွယ်ဝတာတွေကို စားသုံးပေးပါ
အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြတဲ့ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အုတ်ဂျုံနဲ့လုပ်ထားတဲ့ cerealတွေကို စားပေးပါ။ ဒီအစားအစာတွေက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး အလွန်အကျွံစားသုံးမိတာကို အထိရောက်ဆုံးလျှော့ချပေးနိုင်မှာပါ။
(၇) အစားကို အချိန်မှန်မှန်စားပေးပါ
အစားစားချိန်မှန်တာက ဝိတ်ကျဖို့အတွက်အထောက်အကူပြုနိုင်သလို ကယ်လ်လိုရီစားသုံးမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။ ပုံမှန်မစားမိတာက လိုတာထက်ပိုစားမိစေဖို့ အလားအလာတော်တော်လေးများစေနိုင်တာပါ။ ဒါကြောင့် အစားကို အချိန်မှန်မှန်စားပေးပါ။
(၈) ပရိုတင်းြပည့်ဝတာကို စားပါ
ပရိုတင်းကလည်း အဆာခံနိုင်စေပါတယ်။ ဒါကြောင့် အများကြီးမစားမိအောင်အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် မနက်စာကစပြီး တစ်နေ့တာစားသုံးမှုမှာ ပရိုတင်းပြည့်ဝအောင်စားသုံးပေးစေချင်ပါတယ်။
(၉) အစာကိုဖြည်းဖြည်းချင်းဝါးစားပါ
အစာကိုဖြည်းဖြည်းချင်းဝါးစားပေးတာကလည်း အများကြီးမစားမိအောင် ထိန်းရာကျပါတယ်။ ဒါကြောင့် အစားစားတဲ့အခါ အလောတကြီးနဲ့ ခပ်မြန်မြန် မစားပါနဲ့။ ဒါကြောင့် အစားစားတဲ့အခါ ခပ်မြန်မြန်စားတာမျိုး မလုပ်ပါနဲ့။
(၁၀) အချိုရည်အစားရေကိုပဲသောက်ပါ
အချိုရည်တွေသေက်သုံးမှုက အစားတွေကို ပိုစားမိစေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားတဲ့အခါသောက်စရာတစ်ခုခုသောက်ချင်တယ်ဆိုရင် အချိုရည်မသောက်ပါနဲ့။ရေပဲသောက်ပေးပါ။
အလွန်အကျွံစားမိတာကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေမဖြစ်စေဖို့ ဒီအချက်လေးတွေကို သတိထားစေချင်ပါတယ်နော်
Crd;