အချစ်ရေး

ချစ်သူ/လင်မယား အချင်းချင်း mutual respect လိုသလား?

ချစ်သူအချင်းချင်း mutual respect လိုသလား?
လင်မယားအချင်းချင်း mutual respect လိုသလား?

ဟုတ်ကဲ့ လိုပါတယ်…

မတူညီတဲ့လူနှစ်ဦး တူတူသွားရမယ့်ခရီးမို့လို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားဖို့သိပ်လိုပါတယ်

အပြန်အလှန်လေးစားမှုမရှိရင် ‌ရှေ့ဆက်လို့မရပါဘူး…

တစ်ဦးကိုတစ်ဦး အထင်မကြီးရင် လက်တွဲလို့မရပါဘူး….

တစ်ယောက်အပေါ်တစ်ယောက်မလေးစားဘဲ အပြစ်သာမြင်နေရင် တူတူသြားလို့မရပါဘူး…..

ကျွန်တော်တို့တွေက တစိမ်းတွေပါ..

အတိတ်တွေမတူကြပါဘူး အတွေးတွေမတူကြပါဘူး အမြင်တွေကွဲပြားကြပါတယ်…

တစ်ယောက်မှာရှိတဲ့ အရည်အချင်းကိုမြင်အောင်ကြည့်ရပါမယ်

တစ်ယောက်မှာရှိတဲ့ ‌စေတနာတွေကို လေးစားရပါမယ်

တစ်ယောက်မှာရှိတဲ့ အားနည်းချက်တွေကို နားလည်ပေးပြီး တက်နိုင်သလောက်ပြုပြင်ယူရပါမယ်..

ဒါဟာ mutual respect ပါ…

ကျွန်တော်တို့ဟာ သူတို့တွေရဲ့ အရည်အချင်းကို အသိအမှတ်မပြုခဲ့ဘူး

သူတို့တွေရဲ့ ယုံကြည်ချက်တွေကို အထင်မကြီးခဲ့မိဘူး သူတို့တွေရဲ့ ဝါသနာတွေကိုပြက်ရယ်ပြုမိခဲ့တယ်

သူတို့တွေရဲ့ စေတနာတွေ ကူညီမှုတွေ အနစ်နာခံပေးမှုတွေကို တန်ဖိုးမထားမိခဲ့ဘူး

သူတို့အတွေးတွေကို နေရာမပေးခဲ့မိဘူး

‘ငါသာလျှင်ကောင်းတယ်’ ‘ငါကပဲမှန်တယ်’ဆိုတဲ့အတ္တတွေကို ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး ဖော့တွေးရင်း

သူတို့အပေါ် မလေးစားခဲ့မိဘူး…

ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ဥပေက္ခာတွေအားလုံး စုပေါင်းမိသွားတဲ့တနေ့မှာ သူတို့ဟာကျွန်တော်တို့နားက စွန့်ခွာသွားကြပါတယ်

ချစ်သူတော်တော်များများဟာ ဒီအချက်တွေကြောင့်သာ လမ်းခွဲသွားကြတာပါ..

ဒါဟာ ဝမ်းနည်းစရာဖြစ်ရပ်ပါ…

ဟုတ်ကဲ့…
ချစ်သူပဲဖြစ်ဖြစ် လင်မယားပဲဖြစ်ဖြစ် ချစ်ကြပါ

တစ်ဦးနဲ့တစ်ဦးလည်း အပြန်အလှန်လေးစားပေးပါ

တစ်ယောက်လုပ်နိုင်တာကို တစ်ယောက်က ‌လေးလေးနက်နက် အသိအမှတ်ပြုပါ

တစ်ယောက်မလုပ်နိုင်သေးတာ မရင့်ကျက်သေးတာ အားနည်းသေးတာကိုလည်း နားလည်ပေးပါ

‘နင်ညံ့လွန်းတယ်’ ‘နင်မလုပ်နိုင်ဘူး’ ‘သူကနင့်ထက်ပိုတော်တယ်’ စတဲ့ ဝမ်းနည်းစေတဲ့အပြစ်စကားတွေနဲ့ နှိုင်းယှဉ်တာတွေမလုပ်ပါနဲ့…

စီးပွားရေးရော အိမ်ထောင်ရေးရောပါ ‌အောင်မြင်နေတဲ့စုံတွဲတိုင်းကိုကြည့်ပါ…

သူတို့ဟာ အကောင်းဆုံးကိုရလိုက်တာမဟုတ်ပါဘူး ရလိုက်တဲ့လူကိုအကောင်းဆုံးဖေးမသွားကြတာပါ

Relationship သက်တမ်းတွေကြာပြီး အရမ်းချစ်ကြတဲ့စုံတွဲတွေကိုကြည့်ပါ

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားရင်း ‌ကောင်းတာတွေကိုအသိအမှတ်ပြု မကောင်းတာတွေကို အပြန်အလှန်ထိန်းကျောင်းရင်း လက်တွဲခဲ့ကြတာပါ

ဘယ်သူမှဖန်ဆင်းပေးတာမဟုတ်ဘဲ စစ်မှန်တဲ့ချစ်ခြင်းတရား မှန်ကန်တဲ့ယုံကြည်ချက်နဲ့ အပြန်အလှန်လေးစားခြင်းတွေကသာ သူတို့ကိုမွေးဖွားပေးလိုက်တာဖြစ်ပါတယ်…

ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားခြင်း (mutual respect) ဟာ သိပ်ကိုအရေးကြီးပါတယ်

ချစ်ပါ ချီးကျူးပါ အားပေးပါ အပြစ်တင်မစောပါနဲ့ မကောင်းပြောမယ့်အစား ပြုပြင်ဖို့သာအကြံပေးပါ အထင်မသေးပါနဲ့
ငါကပဲမှန်တယ်ဆိုတဲ့ အစွဲကိုလျော့ပါ

သူ့ဆီက သက်တံ့ပေါ်တဲ့အချိန်မှာ သင်ကတေးသီချင်းတွေသီဆိုပေးနိုင်သလိုပဲ သူ့ဆီမှာ လမိုက်ညရောက်ခဲ့ရင်လည်း
ဖယောင်းတိုင်နဲ့အလင်းပြနိုင်ပါစေ…

ချွေးထွက်ရင်လည်း မလွှတ်တဲ့လက်တစ်စုံ အားပေးရင်းလည်း မလွှတ်တဲ့လက်တစ်စုံနဲ့ တစ်ဦးအပေါ်တစ်ဦး ဖေးမရင်း
ခရီးအဆုံးထိ လျှောက်လှမ်းကြည့်ပါ

မလွယ်ကူပေမယ့် ပန်းတိုင်ရောက်မှာပါ…

ချစ်ခြင်းတရားတွေ အဓွန့်ရှည်ပါစေ…

Credit …#KK