3 မိနစ္ေလာက္ အခ်ိန္ေပးၿပီးဖက္လိုက္ပါ….
သူက မင္းကို တစ္အားလည္းရစ္တယ္ ။စိတ္ေကာက္ရင္လည္း ခဏ ခဏ ပဲ ။သဝန္တိုတာလည္း အႀကိမ္ႀကိမ္ ။
ဘယ္မွာလဲ ? ဘာလုပ္ေနလဲ ?ဆိုတဲ့ ေမးခြန္းေတြ နဲ႔ မင္း ကို ေမးေန ၊ ေျပာေနတာ ကို မင္း က သံသယ မ်က္လုံးေတြ နဲ႔ အၾကည့္ခံေနရတယ္ ဆိုၿပီး မႀကိဳက္ဘူး။
အဲ့လို မ်ား ထင္ရင္ အႀကီးႀကီးလြဲၿပီေပါ့ ။တစ္ခါတစ္ရံမွာ လူေတြက သိပ္ကို ခ်စ္မိသြားရင္ အခ်စ္ႀကီးလာတတ္ၾကတယ္ ။
အခ်စ္ႀကီးၿပီ ဆိုတာနဲ႔ မင္းအေပၚထားတဲ့ စိတ္က ေပါ့ေပါ့တန္တန္ မဟုတ္ေတာ့ဘူး။ေလးေလး နက္နက္ျဖစ္သြားၿပီ ။
မင္းလုပ္သမၽွ အေသး အဖြဲ ကိစၥ ေလးက အစ သူ႔ မွာ သိခ်ငိလာရတယ္ ။
မင္းအတြက္ ၂၄ နာရီလုံး စိတ္ပူလာရတယ္ ။အရမ္းကို ခ်စ္လြန္းလို့ သူခ်စ္သလို မင္းကို ခ်စ္ေစခ်င္လာတယ္။သူအေလးအနက္ထားသလို မင္းကို အေလး ထားေစခ်င္တယ္ ။
ေျပာရရင္ မင္းရဲ့ ခ်စ္ျခင္းေတြကို သူတစ္ေယာက္ထဲ ရေနေစခ်င္တာ မ်ိဳးေပါ့ကြာ ။မင္းကို သိပ္ခ်စ္တဲ့ အခ်စ္စိတ္ တစ္ခုရယ္ . . .
မင္းကို သူ လက္လႊတ္ ဆုံးရွုံးလိုက္ရမွာ ေၾကာက္တဲ့ အဲ့ဒၤ့ စိတ္ တစ္ခုရယ္ က မင္းရဲ့ သြားလာ လွုပ္ရွားမွု အစိတ္အပိုင္းတစ္ခုလုံးကို သူ သိခ်င္လာေတာ့တာပဲ ။
သူက မင့္ကို သိပ္ကို ခ်စ္မိေနၿပီကိုး ။ဒီေတာ့ မင္းက အေရးမပါဘူး လို့ ယူဆထားတဲ့ အေသးအဖြဲ ကိစၥေလးေတြက အစ သူ႔အတြက္ေတာ့ သိပ္ကို အေရးႀကီးတဲ့ ဧရာမ ကိစၥ ႀကီးေပါ့။
ဒါကို မင္းက ရစ္တယ္ လို့ သတ္မွတ္မယ္ ။သူ အဲ့လိုေတြ လုပ္ေနတာကို မင္းက မႀကိဳက္ဘူး။သူကလည္း မင္းက ဒါေလးေတာင္ သူ႔ကို ဂ႐ုမစိုက္ပါဘူး ဆိုၿပီး စိတ္ေကာက္မယ္ ။
ၿပီးတာနဲ႔ မင္းက သူ ခ်စ္သလိုေရာ ျပန္ခ်စ္ရဲ့လား။သူ႔ ထက္ သာတဲ့ သူကို မင္းက ေတြ႕သြားလို့မ်ားလား။စတဲ့ သံသယစိတ္ေတြ တစ္ျဖည္းျဖည္း ျဖစ္လာေတာ့တာ ။
အဓိကျပႆ နာကေတာ့ မင္းကို အရမ္း ခ်စ္လြန္းလို့ ျဖစ္ေနတာပဲ။ ဒါကို မင္းဘက္က အခ်ိန္ေပးၿပီး သူ႔ စိတ္ထဲ သံသယေတြ ၊ အလိုမက်မွုေတြ ေပ်ာက္သြားေအာင္ စိတ္ရွည္ရွည္ ထားၿပီး ရွင္းျပ ၊ေျပာျပေပး လိုက္ေလ ။
သူ စိတ္ပူေနရတာေတြ မရွိေအာင္ မင္းဘက္ကႀကိဳၿပီး သူ႔ ကို အသိေပးထားရမွာေပါ့။မင္းက သူ ခ်စ္တာကို ခံေနရတာပါကြာ။ဒါကို ဂုဏ္ယူလိုက္စမ္းပါ။
WaNa ZawPhyo / Lòvê T. Z. H
unicode
3မိနစ်လောက် အချိန်ပေးပြီးဖက်လိုက်ပါ….
သူက မင်းကို တစ်အားလည်းရစ်တယ် ။စိတ်ကောက်ရင်လည်း ခဏ ခဏ ပဲ ။သဝန်တိုတာလည်း အကြိမ်ကြိမ် ။
ဘယ်မှာလဲ ? ဘာလုပ်နေလဲ ?ဆိုတဲ့ မေးခွန်းတွေ နဲ့ မင်း ကို မေးနေ ၊ ပြောနေတာ ကို မင်း က သံသယ မျက်လုံးတွေ နဲ့ အကြည့်ခံနေရတယ် ဆိုပြီး မကြိုက်ဘူး။
အဲ့လို များ ထင်ရင် အကြီးကြီးလွဲပြီပေါ့ ။တစ်ခါတစ်ရံမှာ လူတွေက သိပ်ကို ချစ်မိသွားရင် အချစ်ကြီးလာတတ်ကြတယ် ။
အချစ်ကြီးပြီ ဆိုတာနဲ့ မင်းအပေါ်ထားတဲ့ စိတ်က ပေါ့ပေါ့တန်တန် မဟုတ်တော့ဘူး။လေးလေး နက်နက်ဖြစ်သွားပြီ ။
မင်းလုပ်သမျှ အသေး အဖွဲ ကိစ္စ လေးက အစ သူ့ မှာ သိချငိလာရတယ် ။မင်းအတွက် ၂၄ နာရီလုံး စိတ်ပူလာရတယ် ။
အရမ်းကို ချစ်လွန်းလို့ သူချစ်သလို မင်းကို ချစ်စေချင်လာတယ်။သူအလေးအနက်ထားသလို မင်းကို အလေး ထားစေချင်တယ် ။
ပြောရရင် မင်းရဲ့ ချစ်ခြင်းတွေကို သူတစ်ယောက်ထဲ ရနေစေချင်တာ မျိုးပေါ့ကွာ ။မင်းကို သိပ်ချစ်တဲ့ အချစ်စိတ် တစ်ခုရယ် . . .
မင်းကို သူ လက်လွှတ် ဆုံးရှုံးလိုက်ရမှာ ကြောက်တဲ့ အဲ့င်္ဒ့ စိတ် တစ်ခုရယ် က မင်းရဲ့ သွားလာ လှုပ်ရှားမှု အစိတ်အပိုင်းတစ်ခုလုံးကို သူ သိချင်လာတော့တာပဲ ။
သူက မင့်ကို သိပ်ကို ချစ်မိနေပြီကိုး ။ဒီတော့ မင်းက အရေးမပါဘူး လို့ ယူဆထားတဲ့ အသေးအဖွဲ ကိစ္စလေးတွေက အစ သူ့အတွက်တော့ သိပ်ကို အရေးကြီးတဲ့ ဧရာမ ကိစ္စ ကြီးပေါ့။
ဒါကို မင်းက ရစ်တယ် လို့ သတ်မှတ်မယ် ။သူ အဲ့လိုတွေ လုပ်နေတာကို မင်းက မကြိုက်ဘူး။သူကလည်း မင်းက ဒါလေးတောင် သူ့ကို ဂရုမစိုက်ပါဘူး ဆိုပြီး စိတ်ကောက်မယ် ။
ပြီးတာနဲ့ မင်းက သူ ချစ်သလိုရော ပြန်ချစ်ရဲ့လား။သူ့ ထက် သာတဲ့ သူကို မင်းက တွေ့သွားလို့များလား။စတဲ့ သံသယစိတ်တွေ တစ်ဖြည်းဖြည်း ဖြစ်လာတော့တာ ။
အဓိကပြဿ နာကတော့ မင်းကို အရမ်း ချစ်လွန်းလို့ ဖြစ်နေတာပဲ။ ဒါကို မင်းဘက်က အချိန်ပေးပြီး သူ့ စိတ်ထဲ သံသယတွေ ၊ အလိုမကျမှုတွေ ပျောက်သွားအောင် စိတ်ရှည်ရှည် ထားပြီး ရှင်းပြ ၊ပြောပြပေး လိုက်လေ ။
သူ စိတ်ပူနေရတာတွေ မရှိအောင် မင်းဘက်ကကြိုပြီး သူ့ ကို အသိပေးထားရမှာပေါ့။မင်းက သူ ချစ်တာကို ခံနေရတာပါကွာ။ဒါကို ဂုဏ်ယူလိုက်စမ်းပါ။
WaNa ZawPhyo / Lòvê T. Z. H