နေ့ခင်းကြောင်တောင်ကြီး ဝင်ခိုးတဲ့သူခိုးက အိမ်ရှင်ကောင်မလေးကိုပါ သတ်ဖို့ကြံစည်
ဒေါဥခူရပ်ကွက်ထဲ ကိုယ်တေအိမ်နားမှာဖြစ်သွားတာ သူခိုးက နေ့လည်ကြီး အိမ်ထဲဝင် laptop phone ပိုက်ဆံယူပြီး ပြန်အထွက် အိမ်ရှင် ကောင်မလေးနဲ့ တိုးပီး လူကိုပါသတ်ဖို့ကြံစည်
ကတ်ကြီးနဲ့ ခေါင်းရယ် ရင်ဘတ်ရယ် ထိုးတာ လူကိုဒုက္ခမပေးပါနဲ့ နင်လိုချင်တာရှိရင်ပေးပါမယ် ပြောတာတောင်မရ ဝင်ထိုးတာ
အမလေး ကြားရတာ မြင်ရတာ ကြောက်စရာ
အိမ်ရှင် မိန်းကလေးက အားရှိလို့ အသက်မသေ သူခိုးနဲ့ ရသလောက်လုံးထွေးပြန်ခုခံပြီး အပြင်ပြေးထွက် အကူညီတောင်းလို့ ဘေးအိမ်က သခိုးဖမ်းကူ ပြေးပြီးမလွတ်နိုင်မှန်းသိတော့ခြုံထဲဝင်ပုန်းနေတဲ့
သူခိုးကိုမိသွားပါတယ် အမျိုးတို့အဆွေတို့ရေ သတိထားကြပါ နော်
ကြုံတွေ့ရတဲ့မိန်းကလေး ကိုသနားလိုက်တာ စိတ်ဒဏ်ရာရလောက်တယ်
သူခိုးကလည်း အရင်က သူခိုးဟုတ်လား မဟုတ်လားတော့မသိ
သူ့မိန်းမနဲ့သူ့အမေရောက်လာပြီး တောင်းပန်ကြပေမဲ့ သူ့လုပ်ရပ်ကိုတော့ရပ်ကွက်က လက်မခံနိုင် ခုတော့ ရဲလက်အပ်လိုက်ပီ
သူထိုက်သူ့ကံ ပြောလို့ရပေမဲ့ တဖက်ကတော့စိတ်ဒဏ်ရာ စိတ်မလုံခြုံမှုတွေ ကျန်ခဲ့ပြီ
သတိထားကြပါ မိသားစု ပတ်ဝန်းကျင် စည်းလုံးကြပါ
တဦးကိုတဦး ဖေးမကြပါ ကူညီကြပါ
ဒုစရိုက်ကိုရှောင်ကြပါ အားလုံးဘေးကင်းကြပါစေ
Courtesy – Naw Paleh Wah
ေန႔ခင္းေၾကာင္ေတာင္ႀကီး ဝင္ခိုးတဲ့သူခိုးက အိမ္ရွင္ေကာင္မေလးကိုပါ သတ္ဖို႔ႀကံစည္
ေဒါဥခူရပ္ကြက္ထဲ ကိုယ္ေတအိမ္နားမွာျဖစ္သြားတာ သူခိုးက ေန႔လည္ႀကီး အိမ္ထဲဝင္ laptop phone ပိုက္ဆံယူၿပီး ျပန္အထြက္ အိမ္ရွင္ ေကာင္မေလးနဲ႔ တိုးပီး လူကိုပါသတ္ဖို႔ႀကံစည္
ကတ္ႀကီးနဲ႔ ေခါင္းရယ္ ရင္ဘတ္ရယ္ ထိုးတာ လူကိုဒုကၡမေပးပါနဲ႔ နင္လိုခ်င္တာရွိရင္ေပးပါမယ္ ေျပာတာေတာင္မရ ဝင္ထိုးတာ
အမေလး ၾကားရတာ ျမင္ရတာ ေၾကာက္စရာ
အိမ္ရွင္ မိန္းကေလးက အားရွိလို႔ အသက္မေသ သူခိုးနဲ႔ ရသေလာက္လုံးေထြးျပန္ခုခံၿပီး အျပင္ေျပးထြက္ အကူညီေတာင္းလို႔ ေဘးအိမ္က သခိုးဖမ္းကူ ေျပးၿပီးမလြတ္နိုင္မွန္းသိေတာ့ျခဳံထဲဝင္ပုန္းေနတဲ့
သူခိုးကိုမိသြားပါတယ္ အမ်ိဳးတို႔အေဆြတို႔ေရ သတိထားၾကပါ ေနာ္
ၾကဳံေတြ႕ရတဲ့မိန္းကေလး ကိုသနားလိုက္တာ စိတ္ဒဏ္ရာရေလာက္တယ္
သူခိုးကလည္း အရင္က သူခိုးဟုတ္လား မဟုတ္လားေတာ့မသိ
သူ႔မိန္းမနဲ႔သူ႔အေမေရာက္လာၿပီး ေတာင္းပန္ၾကေပမဲ့ သူ႔လုပ္ရပ္ကိုေတာ့ရပ္ကြက္က လက္မခံနိုင္ ခုေတာ့ ရဲလက္အပ္လိုက္ပီ
သူထိုက္သူ႔ကံ ေျပာလို႔ရေပမဲ့ တဖက္ကေတာ့စိတ္ဒဏ္ရာ စိတ္မလုံျခဳံမႈေတြ က်န္ခဲ့ၿပီ
သတိထားၾကပါ မိသားစု ပတ္ဝန္းက်င္ စည္းလုံးၾကပါ
တဦးကိုတဦး ေဖးမၾကပါ ကူညီၾကပါ
ဒုစရိုက္ကိုေရွာင္ၾကပါ အားလုံးေဘးကင္းၾကပါေစ
Courtesy – Naw Paleh Wah