အေႂကြးပိေနသူမ်ားအတြက္ အေႂကြးသံသရာတြင္ နစ္ျမဳပ္ေနလွ်င္ မိတ္ေတြတို႔တြင္ ျမဳပ္ေနေသာ ေငြေၾကး၊ အေႂကြးပတ္လည္ဝိုင္းေနတာမ်ိဳး ရွိလွ်င္ အဆင္ေျပဖို႔၊ စီးပြားေရးလုပ္ငန္းမ်ား
ျပန္ေပၚလာ၊ ျပန္လည္ဦးေမာ့လာဖို႔အတြက္ ေရွးဆရာအစဥ္အဆက္ ကုန္းေဘာင္ေခတ္ကတည္းက လက္ဆင့္ကမ္း အသုံးျပဳလာခဲ့တဲ့ ဓာတ္ယၾတာနည္းတစ္ခုျဖစ္ပါတယ္။
မုန္႔လုံးေရေပၚ ဆယ္ယၾတာ ျပဳလုပ္နည္း
(မုန္႔လုံးေရေပၚက အိုးထဲ ထည့္ခါစမွာ ျမဳပ္ေနတယ္။ က်က္မွ ျပန္ေပၚလာတဲ့အတြက္ ျမဳပ္ေနတဲ့ အရာေတြ ျပန္ေပၚလာေစတတ္တဲ့ ဓာတ္သေဘာပဲ ျဖစ္ပါတယ္)
သင္၏ေရာက္ဆဲ အသက္ကို ၄ ျဖင့္ ေျမာက္ပါ။ ရေသာအေရအတြက္ကို မုန္႔လုံးေရေပၚ လုပ္ပါ။ ထိုအထဲမွာ မုန္႔လုံးေရေပၚ ဆယ္လုံးကို အိမ္၏ဘုရားတြင္ ကပ္လႉပါ။
သင္၏အသက္ကို (၇) ျဖင့္စားပါ။
၁ ႂကြင္းလွ်င္ တနဂၤေႏြေန႔တြင္ ျပဳလုပ္ပါ။
၂ ႂကြင္းလွ်င္ တနလၤာေန႔တြင္ ျပဳလုပ္ပါ။
၃ ႂကြင္းလွ်င္ အဂၤါေန႔တြင္ ျပဳလုပ္ပါ။
၄ ႂကြင္းလွ်င္ ဗုဒၶဟူးေန႔တြင္ ျပဳလုပ္ပါ
၅ ႂကြင္းလွ်င္ ၾကာသပေတးေန႔တြင္ ျပဳလုပ္ပါ
၆ ႂကြင္းလွ်င္ ေသာၾကာေန႔တြင္ ျပဳလုပ္ပါ
ဝ ႂကြင္းလွ်င္ စေနေန႔တြင္ ျပဳလုပ္ပါ။
မုန္႔လုံးေရေပၚ ၁၀ လုံးတိတိကို ျမတ္စြာဘုရားအားကပ္လႉၿပီးလွ်င္ ပိုေသာမုန္႔လုံးေရေပၚမ်ားကို အိမ္နီးခ်င္းမ်ားအားေဝလိုက္ပါ။
သေဗၺသတၱာ ကမၼႆကာ
မင္းသိခၤ
Unicode
အကြွေးပိနေသူများအတွက် အကြွေးသံသရာတွင် နစ်မြုပ်နေလျှင် မိတ်တွေတို့တွင် မြုပ်နေသော ငွေကြေး၊ အကြွေးပတ်လည်ဝိုင်းနေတာမျိုး ရှိလျှင် အဆင်ပြေဖို့၊ စီးပွားရေးလုပ်ငန်းများ
ပြန်ပေါ်လာ၊ ပြန်လည်ဦးမော့လာဖို့အတွက် ရှေးဆရာအစဉ်အဆက် ကုန်းဘောင်ခေတ်ကတည်းက လက်ဆင့်ကမ်း အသုံးပြုလာခဲ့တဲ့ ဓာတ်ယတြာနည်းတစ်ခုဖြစ်ပါတယ်။
မုန့်လုံးရေပေါ် ဆယ်ယတြာ ပြုလုပ်နည်း
(မုန့်လုံးရေပေါ်က အိုးထဲ ထည့်ခါစမှာ မြုပ်နေတယ်။ ကျက်မှ ပြန်ပေါ်လာတဲ့အတွက် မြုပ်နေတဲ့ အရာတွေ ပြန်ပေါ်လာစေတတ်တဲ့ ဓာတ်သဘောပဲ ဖြစ်ပါတယ်)
သင်၏ရောက်ဆဲ အသက်ကို ၄ ဖြင့် မြောက်ပါ။ ရသောအရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှာ မုန့်လုံးရေပေါ် ဆယ်လုံးကို အိမ်၏ဘုရားတွင် ကပ်လှူပါ။
သင်၏အသက်ကို (၇) ဖြင့်စားပါ။
၁ ကြွင်းလျှင် တနင်္ဂနွေနေ့တွင် ပြုလုပ်ပါ။
၂ ကြွင်းလျှင် တနင်္လာနေ့တွင် ပြုလုပ်ပါ။
၃ ကြွင်းလျှင် အင်္ဂါနေ့တွင် ပြုလုပ်ပါ။
၄ ကြွင်းလျှင် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ
၅ ကြွင်းလျှင် ကြာသပတေးနေ့တွင် ပြုလုပ်ပါ
၆ ကြွင်းလျှင် သောကြာနေ့တွင် ပြုလုပ်ပါ
ဝ ကြွင်းလျှင် စနေနေ့တွင် ပြုလုပ်ပါ။
မုန့်လုံးရေပေါ် ၁၀ လုံးတိတိကို မြတ်စွာဘုရားအားကပ်လှူပြီးလျှင် ပိုသောမုန့်လုံးရေပေါ်များကို အိမ်နီးချင်းများအားဝေလိုက်ပါ။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ