ဂရုစိုက်တာနဲ့ လိုက်ပြီး ထိန်းချုပ်ခြင်းတွေရဲ့ကြားမှာ စည်းလေးတစ်ခု ရှိပါတယ်။ ဒီနှစ်ခုကြားထဲက မတူညီခြင်းကို ကောင်းကောင်း သိသင့်ပါတယ်။ တကယ်လို့ သင့်ချစ်သူရဲ့ ဂရုစိုက်တာတွေ၊ ပြောဆိုတာတွေက သင့်အတွက် မွန်းကျပ်လာပြီ ဆိုကတည်းက သင်ထိန်းချုပ်ခံနေရပြီလို့ ယူဆနိုင်ပါတယ်။
ဒါကြောင့် ဘယ်လိုအချက်တွေက ထိန်းချုပ်နေလဲ ဆိုတာကို ကြည့်လိုက်ရအောင်။
၁။ ကိုယ်ကပဲ အမြဲတမ်း အရှုုံးပေးနေရတယ်။
သင်ဟာ တစ်စုံတစ်ခုကို ပြုလုပ်ဖို့အတွက် သင့်ချစ်သူနဲ့ တိုင်ပင်ပေမယ့်လည်း သူကလက်မခံဘဲ သူ့အကြံကိုသာ လက်ခံရမယ်လို့ ပြောနေရင်တော့ ချစ်သူကောင်းတစ်ယောက် မဟုတ်ပါဘူး။ တကယ့်ချစ်သူကောင်း တစ်ယောက်ကတော့ သင်ပြောပြတဲ့ အကြံဉာဏ်ကို လက်ခံပြီးတော့ မှားနေရင်လည်း မှားတဲ့နေရာကို ထောက်ပြပြင်ပြပေးမှာပါ။ သင်ပြောတာကို လက်မခံ အကြံလည်းမပေး သူပြောတဲ့အတိုင်းသာ အတင်းအကျပ် လုပ်ခိုင်းတယ် ဆိုရင်တော့ သင်ဟာသူ့အမိန့်နဲ့ အသက်ရှင်နေရပါပြီ။ အဖော်တွေကြားထဲမှာ ညှိနှိုင်းဆွေးနွေးတယ် ဆိုတာ အရမ်းကို အရေးကြီးပါတယ်။
၂။ သင်ပြောတဲ့အရာတွေကို နားမထောင်ပဲ သူလုပ်ချင်တာပဲ လုပ်တယ်။
ဆက်ဆံရေးတိုင်းမှာ လက်တွဲဖော်တိုင်း လိုက်နာရမယ့်စံနှုန်း (သို့) စည်းကမ်းတွေ ရှိပါတယ်။ ဒါပေမယ့် သူက သင်ပြောတဲ့ စည်းကမ်းတွေ၊ စကားတွေကို မလိုက်နာဘူး ဆိုရင်တော့ ရေရှည်အဆင်မပြေ နိုင်ပါဘူး။ သင်က ညှိယူဖို့ တိုင်ပင်ပေမယ့် တစ်ဖက်က မလိုက်နာရင်တော့ သင်ဟာ သူ့ရဲ့ အမူအကျင့်တွေနဲ့ အလိုလို အနိုင်ကျင့်ခံနေရပါပြီ။
၃။ အရာရာတိုင်းကို ပေါ့ပျက်ပျက်ပဲ ပြောတယ်။
ဂရုစိုက်တတ်တဲ့ လက်တွဲဖော်တစ်ယောက်ကို ရထားရင်တော့ သင့်ဘဝရဲ့ အကောင်းဆုံး ဆုလာဘ်ပါပဲ။ ဒါပေမယ့် သင်ခံစားနေရတာကိုတောင် ရင်ဖွင့်လို့ မရတဲ့အပြင် ဘာကိစ္စပဲဖြစ်ဖြစ် နင်ကငါပြောသလိုမှ မလုပ်တာ ခုတော့ ဖြစ်ပြီမလားလို့ သင့်ရဲ့လက်တွဲဖော်က ပြောလာပြီဆိုရင်တော့ အနှေးနဲ့အမြန် ဖြတ်သင့်ပါတယ်။ ကြာလာရင် သင်ကိုယ်တိုင်တောင် ယုံကြည်မှုတွေ ပျောက်ဆုံးပြီးတော့ ဘာကိုမှ မလုပ်ရဲတဲ့ အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။ ဒါဟာ အရာရာတိုင်းမှာ သူ့ကိုယ်သူ မှန်တယ်ထင်ပြီးတော့ သင့်ဘဝကို စိတ်ပူတာထက် စွက်ဖက်တာနဲ့ ပိုတူနေပါတယ်။
၄။ ကောင်းကျိုးအတွက်ဆိုပြီး သူဖြစ်ချင်တာတွေပဲ ပြောတယ်။
ဥပမာပြောရရင် သင်ဖျားနာ နေမကောင်းဖြစ်တဲ့ အချိန်မှာ သင့်ရဲ့အဖော်က သင်စားချင်တာတွေကို လုပ်ကျွေးတယ် ဒါမှမဟုတ် ကျောနာနေတဲ့အချိန် လေ့ကျင့်ခန်း လုပ်ဖို့အတွက် ကူညီပေးတယ် ဆိုရင်တော့ အဖော်ကောင်းပါ။ ဒါပေမယ့် သင်နေမကောင်းတာကို ထည့်မတွက်ပဲ သူစားချင်တာတွေပဲ လုပ်စားနေတာတွေ၊ ကျောနာနေလည်း အပြင်ကို လိုက်ပို့ခိုင်းတယ် ဆိုရင်တော့ အဖော်ကောင်း မဟုတ်နိုင်ပါဘူး။ ကျောနာနေတာကို သက်သာစေဖို့ အပြင်သွားရအောင်လို့ ပြောတာဟာ သင့်ရဲ့အခြေအနေကို ထည့်မတွက်တာပါပဲ။
၅။ သူလုပ်တဲ့ အရာတွေက သင့်ကို ထိခိုက်လာတယ်။
သူဖြစ်သမျှ အရာအားလုံးကို သင့်ကိုပြောပြနေတာက နှစ်ဦးကြား အဆင်ပြေစေပါတယ်။ ဒါပေမယ့် နင့်ကိုပြောပြလည်း ဘာမှမထူးဘူး၊ နင့်ကိုပြောရတာ ပိုတောင်စိတ်ရှုပ်သေးတယ် ဆိုတဲ့ စကားတွေကို ပြောလာပြီဆိုရင်တော့ သင့်ကို မလေးစားတဲ့အပြင် သင်ဘယ်လိုဖြစ်သွားမလဲ ဆိုတာကိုပါ ထည့်မတွက်လိုက်တာပါပဲ။ ဒါဟာ သင့်ကို အထင်သေးသလို ပြောလိုက်တာဖြစ်ပြီး ကြာလာရင် နင်က ဘာလုပ်တတ်မှာလဲ၊ ငါပြောသလိုသာလုပ် ဆိုတဲ့ ထိန်းချုပ်မှု အကြီးစား အခြေအနေကိုပါ ရောက်သွားပါလိမ့်မယ်။
၆။ အရာရာတိုင်းမှာ လိုက်ပိတ်ပင်နေတယ်။
လက်တွဲဖော်ကောင်း တစ်ယောက်ကတော့ သင်ဘာလုပ်လုပ် အမြဲအားပေးနေမှာပါပဲ။ ဥပမာ သင်က ကိစ္စကြီးကြီးမားမား တစ်ခု လုပ်မယ် ဆိုရင်တောင် သင့်ကို အများကြီး အားပေးမယ့်အပြင် အားနည်းချက်တွေ၊ လိုအပ်ချက်တွေကိုပါ ထောက်ပြပေးမှာပါ။ တကယ်လို့ ကျရှူံးသွားခဲ့ရင်တောင် သင့်ကို စိတ်အားတက်ကြွစေမယ့် စကားလုံးတွေနဲ့ပဲ နှစ်သိမ့်မှာပါ။ သင့်ကို ဘာလုပ်လုပ် အပြစ်မြင်နေတဲ့သူကတော့ သင်ဘာမှ မလုပ်ရသေးခင်မှာတောင် လိုက်ပြီးတားနေမှာပါ။ နင်လုပ်လည်းရမှာ မဟုတ်ဘူးဆိုတဲ့ စကားတွေနဲ့ပဲ သင့်ရည်မှန်းချက်ကို ဖျက်စီးသွားပါလိမ့်မယ်။
၇။ မိဘ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာတောင် လိုက်ပြီး ချုပ်ချယ်တယ်။
သူဖြစ်ချင်တိုင်း ဖြစ်နိုင်ဖို့အတွက် သင့်ကို သင့်မိဘတွေ၊ သူငယ်ချင်းတွေနဲ့တောင် လိုက်ပြီးသွေးခွဲ ပါလိမ့်မယ်။ တကယ်လို့ သင်က သူပြောတဲ့အတိုင်း လိုက်မလုပ်ဘူးဆိုရင်လည်း လမ်းခွဲမယ် ဆိုတဲ့စကားနဲ့ သင့်ကို အကျပ်ကိုင်ပါလိမ့်မယ်။ တကယ် ဂရုစိုက်တတ်တဲ့သူကတော့ သင့်ကို ဘယ်သူနဲ့မှ သွေးလိုက်ခွဲမှာ မဟုတ်ပဲ မကောင်းရင် မကောင်းဘူးဆိုတဲ့ အချက်တွေကို လမ်းညွှန်ပြပါလိမ့်မယ်။
၈။ ကိုယ့်ကိုယ်ကို သိမ်ငယ်လာတယ်။
ဆက်ဆံရေးတစ်ခုမှာ ကိုယ့်ကိုယ်ကို သိမ်ငယ်တယ်၊ အသုံးမကျဘူးလို့ ခံစားနေရရင် စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။ သင့်ရဲ့လက်တွဲဖော်က တကယ်ဂရုစိုက်တယ်ဆိုရင် သင်ကသူတို့ရှေ့မှာ ရှိနေတယ်၊ လက်ခံတယ်၊ ချစ်တယ်၊ ထောက်ခံတယ်ဆိုတာကို သင်ခံစားရမိမှာပါ။ ဒါပေမယ့် သင်အမှား တစ်ခုခုကို လုပ်လိုက်မိတာကို နားမလည်ပေးပဲ လမ်းခွဲမယ်၊ ပြတ်မယ်ပြောနေပြီ ဆိုရင်တော့ သင်ဟာ တော့်တော့်ကို ထိန်းချုပ်ခံထားရတာပါပဲ။
Zombie (Lovemedia)
for zawgyi
သင့္ခ်စ္သူက သင့္ကို တကယ္ဂ႐ုစိုက္တာလား ထိန္းခ်ဳပ္ေနတာလားဆိုတာ သိႏိုင္တဲ့အခ်က္ (၈) ခ်က္
ဂ႐ုစိုက္တာနဲ႔ လိုက္ၿပီးထိန္းခ်ဳပ္ျခင္းေတြရဲ႕ၾကားမွာ စည္းေလးတစ္ခု ရွိပါတယ္။ ဒီႏွစ္ခုၾကားထဲက မတူညီျခင္းကို ေကာင္းေကာင္း သိသင့္ပါတယ္။ တကယ္လို႔ သင့္ခ်စ္သူရဲ႕ ဂ႐ုစိုက္တာေတြ၊ ေျပာဆိုတာေတြက သင့္အတြက္ မြန္းက်ပ္လာၿပီ ဆိုကတည္းက သင္ထိန္းခ်ဳပ္ခံေနရၿပီလို႔ ယူဆႏိုင္ပါတယ္။ ဒါေၾကာင့္ ဘယ္လိုအခ်က္ေတြက ထိန္းခ်ဳပ္ေနလဲ ဆိုတာကို ၾကည့္လိုက္ရေအာင္။
၁။ ကိုယ္ကပဲ အၿမဲတမ္း အရႈုံးေပးေနရတယ္။
သင္ဟာ တစ္စုံတစ္ခုကို ျပဳလုပ္ဖို႔အတြက္ သင့္ခ်စ္သူနဲ႔ တိုင္ပင္ေပမယ့္လည္း သူကလက္မခံဘဲ သူ႔အႀကံကိုသာ လက္ခံရမယ္လို႔ ေျပာေနရင္ေတာ့ ခ်စ္သူေကာင္းတစ္ေယာက္ မဟုတ္ပါဘူး။ တကယ့္ခ်စ္သူေကာင္း တစ္ေယာက္ကေတာ့ သင္ေျပာျပတဲ့ အႀကံဉာဏ္ကို လက္ခံၿပီးေတာ့ မွားေနရင္လည္း မွားတဲ့ေနရာကို ေထာက္ျပျပင္ျပေပးမွာပါ။ သင္ေျပာတာကို လက္မခံ အႀကံလည္းမေပး သူေျပာတဲ့အတိုင္းသာ အတင္းအက်ပ္ လုပ္ခိုင္းတယ္ ဆိုရင္ေတာ့ သင္ဟာသူ႔အမိန႔္နဲ႔ အသက္ရွင္ေနရပါၿပီ။ အေဖာ္ေတြၾကားထဲမွာ ညႇိႏႈိင္းေဆြးေႏြးတယ္ ဆိုတာ အရမ္းကို အေရးႀကီးပါတယ္။
၂။ သင္ေျပာတဲ့အရာေတြကို နားမေထာင္ပဲ သူလုပ္ခ်င္တာပဲ လုပ္တယ္။
ဆက္ဆံေရးတိုင္းမွာ လက္တြဲေဖာ္တိုင္း လိုက္နာရမယ့္စံႏႈန္း (သို႔) စည္းကမ္းေတြ ရွိပါတယ္။ ဒါေပမယ့္ သူက သင္ေျပာတဲ့ စည္းကမ္းေတြ၊ စကားေတြကို မလိုက္နာဘူးဆိုရင္ေတာ့ ေရရွည္အဆင္မေျပ ႏိုင္ပါဘူး။ သင္က ညႇိယူဖို႔ တိုင္ပင္ေပမယ့္ တစ္ဖက္က မလိုက္နာရင္ေတာ့ သင္ဟာ သူ႔ရဲ႕ အမူအက်င့္ေတြနဲ႔ အလိုလို အႏိုင္က်င့္ခံေနရပါၿပီ။
၃။ အရာရာတိုင္းကို ေပါ့ပ်က္ပ်က္ပဲ ေျပာတယ္။
ဂ႐ုစိုက္တတ္တဲ့ လက္တြဲေဖာ္တစ္ေယာက္ကို ရထားရင္ေတာ့ သင့္ဘဝရဲ႕ အေကာင္းဆုံး ဆုလာဘ္ပါပဲ။ ဒါေပမယ့္ သင္ခံစားေနရတာကိုေတာင္ ရင္ဖြင့္လို႔ မရတဲ့အျပင္ ဘာကိစၥပဲျဖစ္ျဖစ္ နင္ကငါေျပာသလိုမွ မလုပ္တာ ခုေတာ့ ျဖစ္ၿပီမလားလို႔ သင့္ရဲ႕လက္တြဲေဖာ္က ေျပာလာၿပီဆိုရင္ေတာ့ အေႏွးနဲ႔အျမန္ ျဖတ္သင့္ပါတယ္။ ၾကာလာရင္ သင္ကိုယ္တိုင္ေတာင္ ယုံၾကည္မႈေတြ ေပ်ာက္ဆုံးၿပီးေတာ့ ဘာကိုမွ မလုပ္ရဲတဲ့ အေျခအေနေတြ ျဖစ္လာပါလိမ့္မယ္။ ဒါဟာ အရာရာတိုင္းမွာ သူ႔ကိုယ္သူ မွန္တယ္ထင္ၿပီးေတာ့ သင့္ဘဝကို စိတ္ပူတာထက္ စြက္ဖက္တာနဲ႔ ပိုတူေနပါတယ္။
၄။ ေကာင္းက်ိဳးအတြက္ဆိုၿပီး သူျဖစ္ခ်င္တာေတြပဲ ေျပာတယ္။
ဥပမာေျပာရရင္ သင္ဖ်ားနာ ေနမေကာင္းျဖစ္တဲ့ အခ်ိန္မွာ သင့္ရဲ႕အေဖာ္က သင္စားခ်င္တာေတြကို လုပ္ေကြၽးတယ္ ဒါမွမဟုတ္ ေက်ာနာေနတဲ့အခ်ိန္ ေလ့က်င့္ခန္း လုပ္ဖို႔အတြက္ ကူညီေပးတယ္ ဆိုရင္ေတာ့ အေဖာ္ေကာင္းပါ။ ဒါေပမယ့္ သင္ေနမေကာင္းတာကို ထည့္မတြက္ပဲ သူစားခ်င္တာေတြပဲ လုပ္စားေနတာေတြ၊ ေက်ာနာေနလည္း အျပင္ကို လိုက္ပို႔ခိုင္းတယ္ ဆိုရင္ေတာ့ အေဖာ္ေကာင္း မဟုတ္ႏိုင္ပါဘူး။ ေက်ာနာေနတာကို သက္သာေစဖို႔ အျပင္သြားရေအာင္လို႔ ေျပာတာဟာ သင့္ရဲ႕အေျခအေနကို ထည့္မတြက္တာပါပဲ။
၅။ သူလုပ္တဲ့ အရာေတြက သင့္ကို ထိခိုက္လာတယ္။
သူျဖစ္သမွ် အရာအားလုံးကို သင့္ကိုေျပာျပေနတာက ႏွစ္ဦးၾကား အဆင္ေျပေစပါတယ္။ ဒါေပမယ့္ နင့္ကိုေျပာျပလည္း ဘာမွမထူးဘူး၊ နင့္ကိုေျပာရတာ ပိုေတာင္စိတ္ရႈပ္ေသးတယ္ ဆိုတဲ့ စကားေတြကို ေျပာလာၿပီဆိုရင္ေတာ့ သင့္ကို မေလးစားတဲ့အျပင္ သင္ဘယ္လိုျဖစ္သြားမလဲ ဆိုတာကိုပါ ထည့္မတြက္လိုက္တာပါပဲ။ ဒါဟာ သင့္ကို အထင္ေသးသလို ေျပာလိုက္တာျဖစ္ၿပီး ၾကာလာရင္ နင္က ဘာလုပ္တတ္မွာလဲ၊ ငါေျပာသလိုသာလုပ္ ဆိုတဲ့ ထိန္းခ်ဳပ္မႈ အႀကီးစား အေျခအေနကိုပါ ေရာက္သြားပါလိမ့္မယ္။
၆။ အရာရာတိုင္းမွာ လိုက္ပိတ္ပင္ေနတယ္။
လက္တြဲေဖာ္ေကာင္း တစ္ေယာက္ကေတာ့ သင္ဘာလုပ္လုပ္ အၿမဲအားေပးေနမွာပါပဲ။ ဥပမာ သင္က ကိစၥႀကီးႀကီးမားမား တစ္ခု လုပ္မယ္ ဆိုရင္ေတာင္ သင့္ကို အမ်ားႀကီး အားေပးမယ့္အျပင္ အားနည္းခ်က္ေတြ၊ လိုအပ္ခ်က္ေတြကိုပါ ေထာက္ျပေပးမွာပါ။ တကယ္လို႔ က်ရႉံးသြားခဲ့ရင္ေတာင္ သင့္ကို စိတ္အားတက္ႂကြေစမယ့္ စကားလုံးေတြနဲ႔ပဲ ႏွစ္သိမ့္မွာပါ။ သင့္ကို ဘာလုပ္လုပ္ အျပစ္ျမင္ေနတဲ့သူကေတာ့ သင္ဘာမွ မလုပ္ရေသးခင္မွာေတာင္ လိုက္ၿပီးတားေနမွာပါ။ နင္လုပ္လည္းရမွာ မဟုတ္ဘူးဆိုတဲ့ စကားေတြနဲ႔ပဲ သင့္ရည္မွန္းခ်က္ကို ဖ်က္စီးသြားပါလိမ့္မယ္။
၇။ မိဘ၊ သူငယ္ခ်င္းေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြ ၾကားမွာေတာင္ လိုက္ၿပီး ခ်ဳပ္ခ်ယ္တယ္။
သူျဖစ္ခ်င္တိုင္း ျဖစ္ႏိုင္ဖို႔အတြက္ သင့္ကို သင့္မိဘေတြ၊ သူငယ္ခ်င္းေတြနဲ႔ေတာင္ လိုက္ၿပီးေသြးခြဲ ပါလိမ့္မယ္။ တကယ္လို႔ သင္က သူေျပာတဲ့အတိုင္း လိုက္မလုပ္ဘူးဆိုရင္လည္း လမ္းခြဲမယ္ ဆိုတဲ့စကားနဲ႔ သင့္ကို အက်ပ္ကိုင္ပါလိမ့္မယ္။ တကယ္ ဂ႐ုစိုက္တတ္တဲ့သူကေတာ့ သင့္ကို ဘယ္သူနဲ႔မွ ေသြးလိုက္ခြဲမွာ မဟုတ္ပဲ မေကာင္းရင္ မေကာင္းဘူးဆိုတဲ့ အခ်က္ေတြကို လမ္းၫႊန္ျပပါလိမ့္မယ္။
၈။ ကိုယ့္ကိုယ္ကို သိမ္ငယ္လာတယ္။
ဆက္ဆံေရးတစ္ခုမွာ ကိုယ့္ကိုယ္ကို သိမ္ငယ္တယ္၊ အသုံးမက်ဘူးလို႔ ခံစားေနရရင္ စိတ္ခ်မ္းသာရမွာ မဟုတ္ပါဘူး။ သင့္ရဲ႕လက္တြဲေဖာ္က တကယ္ဂ႐ုစိုက္တယ္ဆိုရင္ သင္ကသူတို႔ေရွ႕မွာ ရွိေနတယ္၊ လက္ခံတယ္၊ ခ်စ္တယ္၊ ေထာက္ခံတယ္ဆိုတာကို သင္ခံစားရမိမွာပါ။ ဒါေပမယ့္ သင္အမွား တစ္ခုခုကို လုပ္လိုက္မိတာကို နားမလည္ေပးပဲ လမ္းခြဲမယ္၊ ျပတ္မယ္ေျပာေနၿပီ ဆိုရင္ေတာ့ သင္ဟာ ေတာ့္ေတာ့္ကို ထိန္းခ်ဳပ္ခံထားရတာပါပဲ။
Zombie (Lovemedia)