ၾကားသိရသမွ်

ကေလးထိန္း အိမ္အကူ အမ်ဳိးသမီးတစ္ေယာက္ရဲ႕ ရက္စက္တဲ့လုပ္ရပ္

အ႐ြယ္မေရာက္ေသးတဲ့ ကေလးေတြကို လူတစ္စိမ္းနဲ႔ ထိန္းခိုင္းခဲ့ဖို႔ဆိုတာ မိဘေတြအတြ္ကေတာ့ ေတာ္ေတာ္ေလးကို မျဖ

စ္သင့္တဲ့ ကိစၥပါ။ ကိုယ္က အလုပ္မအားလို႔ ကေလးကလည္း မထိန္းႏိုင္၊

အလုပ္ကလည္း ပ်က္မရဆိုရင္ သူသူငါငါ အိမ္ေဖာ္ငွားတတ္ၾကပါတယ္…။ေစတနာပါတဲ့ အိမ္ေဖာ္မ်ိဳး၊ တကယ္ေကာင္းတဲ့

အိမ္ရွင္မ်ိဳး ႏွစ္ေယာက္ထပ္တူက်ဖို႔ဆိုတာ တကယ့္ကို မလြယ္ပါဘူ…။

အင္ဒိုနီးရွားလင္မယားႏွစ္ေယာက္ရဲ႕ အျဖစ္ကလည္း ဒါကို သက္ေသျပေနပါတယ္။ အလုပ္မအားတဲ့ အဆုံး ဂ်ဴဆိုတဲ့ အမ်ိဳးသမီးကို ႏို႔မျပတ္ေသးတဲ့ ကေလးနဲ႔ သမီးအႀကီးျဖစ္သူကို ထိန္းဖို႔အတြက္ ငွားလိုက္ပါတယ္ ။

စစခ်င္း သုံးလေလာက္မွာ ဘာျပႆနာမွမရွိေပမဲ့ တစ္ရက္မွာေတာ့ သူတို႔လင္မယားႏွစ္ေယာက္ ျပန္ေရာက္လာလို႔ကေလးထိန္းဖို႔ လုပ္လိုက္ခ်ိန္ အေစာႀကီးအိပ္အိပ္သြားပါတယ္။

ႏို႔ဘူးတိုက္ရင္လည္း လုံးဝမေသာက္ဘူးဆိုၿပီး အတင္းျငင္းေနတာကို ေတြ႕ခ်ိန္မွာေတာ့ အေမျဖစ္သူက သံသယဝင္လာ

ပါေတာ့တယ္…။သူငယ္ခ်င္း တစ္ေယာက္က ႏို႔ဘူးထဲ အိပ္ေဆးထည့္တိုက္ေနၿပီလို႔

သတိေပးလိုက္ခ်ိန္မွာ ေရွာ့ခ္ရသြားပါၿပီ။မသကၤာေပမဲ့ စစ္ဖို႔ကိုလည္း သံသယမဝင္ေသးခ်ိန္၊ ကေလးက ေနာက္ေန႔မနက္

မွာ ႏိုးလို႔ မရေအာင္အိပ္ေနပါေတာ့တယ္။ ခ်က္ခ်င္းပဲ ဂ်ဴကိုေခၚ

လင္မယားႏွစ္ေယာက္ထိုင္ေမးလိုက္ခ်ိန္မွာ အလုပ္ျပဳတ္မွာေၾကာက္တဲ့ ဂ်ဴကဝန္ခံခဲ့ၿပီး၊သူမဟာ ကေလးကို အငိုတိတ္ဖို႔နဲ႔ ထိန္းမေနရေအာင္ လြန္ခဲ့တဲ့ သုံးရက္ေလာက္က အိပ္ေဆးစထည့္တိုက္ခဲ့ေၾကာင္း၊

အိပ္ေနေအာင္လို႔ လုပ္တာျဖစ္ေၾကာင္းကို ငိုယိုေတာင္းပန္ခဲ့ပါတယ္။ဒီအေၾကာင္းကို ျပန္သ႐ုပ္ျပခိုင္းခဲ့ၿပီး၊ ရဲတိုင္ဖို႔ သက္ေသယူတာလို႔ ဆိုပါတယ္။

ေနာက္ေတာ့ အင္စတာဂရမ္မွာ ပုံကိုတင္ခဲ့ၿပီး၊ ဂ်ဴဆိုတဲ့အမ်ိဳးသမီးကို ကေလးထိန္းမခန႔္ဖို႔နဲ႔ သူတို႔ရဲ႕ အျဖစ္ကို သိေအာင္ ေဝမွ်ခဲ့ပါတယ္။

ဂ်ဴတစ္ေယာက္ရဲ႕ လုပ္ရပ္ကမွားယြင္းၿပီး၊ လက္သင့္ခံႏိုင္စရာမရွိတဲ့အတြက္ သူတို႔လင္မယားက အလုပ္ျဖဳတ္ဖို႔ ဆုံးျဖတ္

လိုက္ပါတယ္။ ဒါေပမဲ့ ရဲကိုေတာ့ မတိုင္ေတာ့ဘဲ ဒီအတိုင္းပဲထားလိုက္ပါတယ္။

ကေလးကလည္း အဆိပ္သင့္သလို ျဖစ္ခဲ့တဲ့အတြက္ ေဆး႐ုံကိုသြား ကုသမႈခံခဲ့ရၿပီး၊ ေနျပန္ေကာင္းလာဖို႔ကို အိပ္ေဆးဓာတ္ဖယ္တဲ့ ေဆးေတြ ေသာက္ေနရတယ္လို႔ သိရပါတယ္။

ႏို႔မွာပါတဲ့ဓာတ္နဲ႔ ေဆးေတြနဲ႔က ကေလးကို ႏိုးမရတဲ့အထိ အိပ္ေစခဲ့တယ္လို႔ ဆိုပါတယ္။

##ခရက္ဒစ္

Unicode

အရွယ်မရောက်သေးတဲ့ ကလေးတွေကို လူတစ်စိမ်းနဲ့ ထိန်းခိုင်းခဲ့ဖို့ဆိုတာ မိဘတွေအတွ်ကတော့ တော်တော်လေးကို မဖြစ်သင့်တဲ့ ကိစ္စပါ။ ကိုယ်က အလုပ်မအားလို့ ကလေးကလည်း မထိန်းနိုင်၊

အလုပ်ကလည်း ပျက်မရဆိုရင် သူသူငါငါ အိမ်ဖော်ငှားတတ်ကြပါတယ်…။စေတနာပါတဲ့ အိမ်ဖော်မျိုး၊ တကယ်ကောင်း

တဲ့ အိမ်ရှင်မျိုး နှစ်ယောက်ထပ်တူကျဖို့ဆိုတာ တကယ့်ကို မလွယ်ပါဘူ…။

အင်ဒိုနီးရှားလင်မယားနှစ်ယောက်ရဲ့ အဖြစ်ကလည်း ဒါကို သက်သေပြနေပါတယ်။ အလုပ်မအားတဲ့ အဆုံး ဂျူဆိုတဲ့ အမျိုးသမီးကို နို့မပြတ်သေးတဲ့ ကလေးနဲ့ သမီးအကြီးဖြစ်သူကို ထိန်းဖို့အတွက် ငှားလိုက်ပါတယ် ။

စစချင်း သုံးလလောက်မှာ ဘာပြဿနာမှမရှိပေမဲ့ တစ်ရက်မှာတော့ သူတို့လင်မယားနှစ်ယောက် ပြန်ရောက်လာလို့

ကလေးထိန်းဖို့ လုပ်လိုက်ချိန် အစောကြီးအိပ်အိပ်သွားပါတယ်။

နို့ဘူးတိုက်ရင်လည်း လုံးဝမသောက်ဘူးဆိုပြီး အတင်းငြင်းနေတာကို တွေ့ချိန်မှာတော့ အမေဖြစ်သူက သံသယဝင်လာပါတော့တယ်…။သူငယ်ချင်း တစ်ယောက်က နို့ဘူးထဲ အိပ်ဆေးထည့်တိုက်နေပြီလို့

သတိပေးလိုက်ချိန်မှာ ရှော့ခ်ရသွားပါပြီ။မသင်္ကာပေမဲ့ စစ်ဖို့ကိုလည်း သံသယမဝင်သေးချိန်၊ ကလေးက နောက်နေ့မနက်မှာ နိုးလို့ မရအောင်အိပ်နေပါတော့တယ်။ ချက်ချင်းပဲ ဂျူကိုခေါ်

လင်မယားနှစ်ယောက်ထိုင်မေးလိုက်ချိန်မှာ အလုပ်ပြုတ်မှာကြောက်တဲ့ ဂျူကဝန်ခံခဲ့ပြီး၊သူမဟာ ကလေးကို အငိုတိတ်ဖို့နဲ့ ထိန်းမနေရအောင် လွန်ခဲ့တဲ့ သုံးရက်လောက်က အိပ်ဆေးစထည့်တိုက်ခဲ့ကြောင်း၊

အိပ်နေအောင်လို့ လုပ်တာဖြစ်ကြောင်းကို ငိုယိုတောင်းပန်ခဲ့ပါတယ်။ဒီအကြောင်းကို ပြန်သရုပ်ပြခိုင်းခဲ့ပြီး၊ ရဲတိုင်ဖို့ သက်သေယူတာလို့ ဆိုပါတယ်။

နောက်တော့ အင်စတာဂရမ်မှာ ပုံကိုတင်ခဲ့ပြီး၊ ဂျူဆိုတဲ့အမျိုးသမီးကို ကလေးထိန်းမခန့်ဖို့နဲ့ သူတို့ရဲ့ အဖြစ်ကို သိအောင် ဝေမျှခဲ့ပါတယ်။

ဂျူတစ်ယောက်ရဲ့ လုပ်ရပ်ကမှားယွင်းပြီး၊ လက်သင့်ခံနိုင်စရာမရှိတဲ့အတွက် သူတို့လင်မယားက အလုပ်ဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ရဲကိုတော့ မတိုင်တော့ဘဲ ဒီအတိုင်းပဲထားလိုက်ပါတယ်။

ကလေးကလည်း အဆိပ်သင့်သလို ဖြစ်ခဲ့တဲ့အတွက် ဆေးရုံကိုသွား ကုသမှုခံခဲ့ရပြီး၊ နေပြန်ကောင်းလာဖို့ကို အိပ်ဆေးဓာတ်ဖယ်တဲ့ ဆေးတွေ သောက်နေရတယ်လို့ သိရပါတယ်။

နို့မှာပါတဲ့ဓာတ်နဲ့ ဆေးတွေနဲ့က ကလေးကို နိုးမရတဲ့အထိ အိပ်စေခဲ့တယ်လို့ ဆိုပါတယ်။

#ခရက်ဒစ်