အေထြအေထြဗဟုသုတ

အောင်မြင်တဲ့သူတွေ အိပ်ရာမဝင်ခင်မှာ လုပ်လေ့ရှိတဲ့ အရာ(၉)ခု

Unicode Version

မိတ်ဆွေ အိပ်ရာမဝင်ခင် လုပ်လေ့ရှိတဲ့အရာတွေထဲမှာ အခုဖော်ပြထားတဲ့ အောင်မြင်သူ‌တွေ အိပ်ရာမဝင်ခင် လုပ်‌လေ့ရှိတဲ့အချက်တွေထဲက ဘယ်အချက်တွေကို လုပ်လေ့ရှိပါသလဲ? အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ အောင်မြင်သူတွေ အိပ်ရာမဝင်ခင်မှာ လုပ်လေ့ရှိတဲ့အချက် တွေကို ပြောပြချင်ပါတယ်။

(၁) စာဖတ်ခြင်း

အောင်မြင်တဲ့သူ အများစုဟာ မအိပ်ခင်မှာ စာအုပ်စာပေ ဖတ်ရှုကြပါတယ်။ သူတို့တွေဟာ စာအုပ်တွေမှ သတင်း အချက်အလက်၊ ဗဟုသုတတွေကို နေ့စဉ်ဘဝမှာ ပို‌မို ကောင်းမွန်တဲ့ တီထွင်နိုင်စွမ်းနဲ့ ဘဝနေထိုင်မှုအတွက် တန်ဖိုး ရှိစွာ ပြန်လည်အသုံးချကြပါတယ်။

(၂) တစ်နေ့တာ လုပ်ဆောင်ရမယ့် အရာများကို ကြိုတင် ပြီးချရေးခြင်း

အောင်မြင်တဲ့သူတွေဟာ ညမအိပ်ခင်မှာ နောက်တစ်နေ့ အတွက် လုပ်ရမယ့် အရာအားလုံးကို အချိန်နဲ့ စနစ်တကျ စာရင်းချရေးပါတယ်။ အဲ့လိုမှသာ တစ်နေ့တာအတွင်း ကိုယ်လုပ်ရမယ့် အရာအားလုံးကို အစီအစဉ်တကျ ပြီး မြောက်နိုင်မှာ ဖြစ်ပါတယ်။

(၃) မိသားစုကို အချိန်ပေးခြင်း

လူတိုင်းဟာ မိမိရဲ့ အိမ်ထောင်ဖက်၊ သားသမီး၊ မိသားစု ဝင်တွေနဲ့ အချိန်တစ်ခုကုန်ဆုံးဖို့ဟာ အရမ်းအရေးကြီးပါတယ်။ အောင်မြင်သူ‌တွေဟာ ဘယ်လောက်ပဲ အလုပ်များ များ မိသားစုဝင်တွေနဲ့ စကားပြောပြီး နွေးထွေးတဲ့ အချိန် တစ်ခုကိုဖန်တီးကာ တစ်ယောက်နဲ့တစ်ယောက် တစ်နေ့တာ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ဖလှယ်ကြပါတယ်။ အဲ့လို အချိန်ပေးခြင်းဟာ မိသားစုဝင်အချင်းချင်း စိတ်ချင်းပိုပြီး နီးစပ်နားလည်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

(၄) ဖြတ်သန်းခဲ့တဲ့ တစ်နေ့တာကို ပြန်လည်တွေးတော သုံးသပ်ခြင်း

အောင်မြင်တဲ့သူတွေဟာ မအိပ်စက်ခင်မှာ သူတို့တစ်နေ့ တာကို ပြန်မြင်ယောင်ပြီး ဘာတွေလုပ်ခဲ့လဲ? ဒါမှမဟုတ် ကိုယ်ကျေးဇူးတင်ပြီး အသိမှတ်ပြုစရာ ကောင်းတဲ့ အဖြစ် အပျက် (၃)ခုကို ပြန်ပြီး အမှတ်ရပါတယ်။ အချိန်ခဏ လောက်ပေးပြီး တစ်နေ့တာလုံး ပြီးဆုံးခဲ့တဲ့ ကောင်းတဲ့အရာ လေးတွေကို ပြန်ပြီးတွေးတောခြင်းဟာ အကောင်းမြင်တတ် တဲ့ စိတ်နဲ့ အသိအမှတ်ပြု ကျေးဇူးတင်တတ်တဲ့ စိတ်ထား ကောင်း တစ်ခုကို ဖန်တီးပေးပါတယ်။

(၅) တရားထိုင်ခြင်း

အောင်မြင်တဲ့သူ အများစုဟာ ညအိပ်ရာမဝင်ခင်မှာ တရားထိုင်ဖို့အတွက် အနည်းဆုံး (၁၀) မိနစ်ခန့် အချိန်ပေးပါတယ်။ အဲ့ဒါဟာ ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ အမောတွေကို အပန်းဖြေဖို့နဲ့ စိတ်ကို ငြိမ်သက်စေဖို့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

(၆) လုံလောက်တဲ့ အိပ်ချိန်ပေးခြင်း

အရမ်းအလုပ်များတဲ့ သူတွေဟာ များသောအားဖြင့် အိပ်‌ချိန်ထိ‌တိုင်အောင် အလုပ်မပြီးပြတ်နိုင်ဘဲ အိပ်ရေးပျက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။ အောင်မြင်တဲ့သူတွေဟာ အိပ်ချိန်လုံလောက်စွာ ရရှိဖို့ကို ဦးစားပေးပြီး လုပ်ပါတယ်။ လူတွေ ညဘက် အချိန်လွန်တဲ့ အထိနေပြီး မနက်အိပ်ယာ မထတာမျိုးကို ရှောင်ကျဉ်ပါတယ်။

(၇) အိပ်ရာဝင်တဲ့အချိန်မှာ အလုပ်နှင့် ပိုင်းဖြတ်ခြင်း

အမှန်တကယ် အောင်မြင်တဲ့သူတွေက ညအိပ်ရာဝင်ချိန်မှာ အလုပ်နဲ့သက်ဆိုင်တဲ့ e-mail တွေ ကြည့်တာမျိုး၊ အလုပ် ကိစ္စတွေ ဆက်လုပ်နေတာမျိုးကို ရှောင်ပါတယ်။ လုပ်ငန်း ခွင်အတွင်းက ပြဿနာ အကြောင်းအရာတွေအပေါ်မှာ လည်း စိတ်မပူပန်ဘဲ အိပ်ရာဝင်ပါတယ်။

(၈) အကောင်းမြင်စိတ်နဲ့ စိတ်ကိုရှင်းလင်းပြီး အိပ်စက်ခြင်း

အဆင်မပြေတဲ့ အရာတွေနဲ့ ကြုံတွေ့ခဲ့ရလို့ စိတ်ညစ်စရာ အတွေးတွေ တွေးဖို့က အရမ်းလွယ်ကူပါတယ်။ အောင်မြင် တဲ့သူတွေဟာ ဘယ်လိုပဲ မကောင်းတဲ့အရာတွေ ကြုံတွေ့ခဲ့ လည်း အိပ်ရေးပျက်ခံပြီး စိတ်ဆင်းရဲနေတာမျိုးကို ရှောင် ပါတယ်။ ပြီးသွားတဲ့အရာတွေ‌အပေါ် စိတ်ညစ်နေတာဟာ စိတ်ဖိစီးမှုတွေပဲ ပိုပြီးဖြစ်စေလို့ပါ။

(၉) မနက်ဖြန်ရဲ့ အောင်မြင်မှုပုံရိပ်ကို မြင်ယောင်ခြင်း

အောင်မြင်တဲ့သူတွေဟာ မအိပ်ခင် မိနစ်အနည်းငယ် အချိန်ယူပြီး ရှေ့ဆက်လုပ်ဆောင်ရမယ့် အလုပ်တွေ အောင်မြင်စွာ ပြီးမြောက်ဖို့ မျှော်မှန်းချက်နဲ့ ယုံကြည်မှု တစ်ခုကို ချမှတ်ပါတယ်။

Credit: MOE
Sharing By: #One daily Media

#Zawgyi Version

ေအာင္ျမင္တဲ့သူေတြ အိပ္ရာမဝင္ခင္မွာ လုပ္ေလ့ရွိေသာ အရာ(၉)ခု

မိတ္ေဆြ အိပ္ရာမဝင္ခင္ လုပ္ေလ့ရွိတဲ့အရာေတြထဲမွာ အခုေဖာ္ျပထားတဲ့ ေအာင္ျမင္သူ‌ေတြ အိပ္ရာမဝင္ခင္ လုပ္‌ေလ့ရွိတဲ့အခ်က္ေတြထဲက ဘယ္အခ်က္ေတြကို လုပ္ေလ့ရွိပါသလဲ? ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ ေအာင္ျမင္သူေတြ အိပ္ရာမဝင္ခင္မွာ လုပ္ေလ့ရွိတဲ့အခ်က္ ေတြကို ေျပာျပခ်င္ပါတယ္။

(၁) စာဖတ္ျခင္း

ေအာင္ျမင္တဲ့သူ အမ်ားစုဟာ မအိပ္ခင္မွာ စာအုပ္စာေပ ဖတ္ရႈၾကပါတယ္။ သူတို႔ေတြဟာ စာအုပ္ေတြမွ သတင္း အခ်က္အလက္၊ ဗဟုသုတေတြကို ေန႕စဥ္ဘဝမွာ ပို‌မို ေကာင္းမြန္တဲ့ တီထြင္နိုင္စြမ္းနဲ႕ ဘဝေနထိုင္မႈအတြက္ တန္ဖိုး ရွိစြာ ျပန္လည္အသုံးခ်ၾကပါတယ္။

(၂) တစ္ေန႕တာ လုပ္ေဆာင္ရမယ့္ အရာမ်ားကို ႀကိဳတင္ ၿပီးခ်ေရးျခင္း

ေအာင္ျမင္တဲ့သူေတြဟာ ညမအိပ္ခင္မွာ ေနာက္တစ္ေန႕ အတြက္ လုပ္ရမယ့္ အရာအားလုံးကို အခ်ိန္နဲ႕ စနစ္တက် စာရင္းခ်ေရးပါတယ္။ အဲ့လိုမွသာ တစ္ေန႕တာအတြင္း ကိုယ္လုပ္ရမယ့္ အရာအားလုံးကို အစီအစဥ္တက် ၿပီး ေျမာက္နိုင္မွာ ျဖစ္ပါတယ္။

(၃) မိသားစုကို အခ်ိန္ေပးျခင္း

လူတိုင္းဟာ မိမိရဲ႕ အိမ္ေထာင္ဖက္၊ သားသမီး၊ မိသားစု ဝင္ေတြနဲ႕ အခ်ိန္တစ္ခုကုန္ဆုံးဖို႔ဟာ အရမ္းအေရးႀကီးပါ တယ္။ ေအာင္ျမင္သူ‌ေတြဟာ ဘယ္ေလာက္ပဲ အလုပ္မ်ား မ်ား မိသားစုဝင္ေတြနဲ႕ စကားေျပာၿပီး ေႏြးေထြးတဲ့ အခ်ိန္ တစ္ခုကိုဖန္တီးကာ တစ္ေယာက္နဲ႕တစ္ေယာက္ တစ္ေန႕တာ ႀကဳံေတြ႕ခဲ့ရတဲ့ အရာေတြကို ဖလွယ္ၾကပါတယ္။ အဲ့လို အခ်ိန္ေပးျခင္းဟာ မိသားစုဝင္အခ်င္းခ်င္း စိတ္ခ်င္းပိုၿပီး နီးစပ္နားလည္နိုင္ဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။

(၄) ျဖတ္သန္းခဲ့တဲ့ တစ္ေန႕တာကို ျပန္လည္ေတြးေတာ သုံးသပ္ျခင္းေ\

အာင္ျမင္တဲ့သူေတြဟာ မအိပ္စက္ခင္မွာ သူတို႔တစ္ေန႕ တာကို ျပန္ျမင္ေယာင္ၿပီး ဘာေတြလုပ္ခဲ့လဲ? ဒါမွမဟုတ္ ကိုယ္ေက်းဇူးတင္ၿပီး အသိမွတ္ျပဳစရာ ေကာင္းတဲ့ အျဖစ္ အပ်က္ (၃)ခုကို ျပန္ၿပီး အမွတ္ရပါတယ္။ အခ်ိန္ခဏ ေလာက္ေပးၿပီး တစ္ေန႕တာလုံး ၿပီးဆုံးခဲ့တဲ့ ေကာင္းတဲ့အရာ ေလးေတြကို ျပန္ၿပီးေတြးေတာျခင္းဟာ အေကာင္းျမင္တတ္ တဲ့ စိတ္နဲ႕ အသိအမွတ္ျပဳ ေက်းဇူးတင္တတ္တဲ့ စိတ္ထား ေကာင္း တစ္ခုကို ဖန္တီးေပးပါတယ္။

(၅) တရားထိုင္ျခင္း

ေအာင္ျမင္တဲ့သူ အမ်ားစုဟာ ညအိပ္ရာမဝင္ခင္မွာ တရားထိုင္ဖို႔အတြက္ အနည္းဆုံး (၁၀) မိနစ္ခန႔္ အခ်ိန္ေပး ပါတယ္။ အဲ့ဒါဟာ ခႏၶာကိုယ္ရဲ႕ တစ္ေန႕တာ အေမာေတြကို အပန္းေျဖဖို႔နဲ႕ စိတ္ကို ၿငိမ္သက္ေစဖို႔ အေကာင္းဆုံး နည္း လမ္းပဲ ျဖစ္ပါတယ္။

(၆) လုံေလာက္တဲ့ အိပ္ခ်ိန္ေပးျခင္း

အရမ္းအလုပ္မ်ားတဲ့ သူေတြဟာ မ်ားေသာအားျဖင့္ အိပ္‌ခ်ိန္ထိ‌တိုင္ေအာင္ အလုပ္မၿပီးျပတ္နိုင္ဘဲ အိပ္ေရးပ်က္ တဲ့ ျပႆနာနဲ႕ ရင္ဆိုင္ရပါတယ္။ ေအာင္ျမင္တဲ့သူေတြဟာ အိပ္ခ်ိန္လုံေလာက္စြာ ရရွိဖို႔ကို ဦးစားေပးၿပီး လုပ္ပါတယ္။ လူေတြ ညဘက္ အခ်ိန္လြန္တဲ့ အထိေနၿပီး မနက္အိပ္ယာ မထတာမ်ိဳးကို ေရွာင္က်ဥ္ပါတယ္။

(၇) အိပ္ရာဝင္တဲ့အခ်ိန္မွာ အလုပ္ႏွင့္ ပိုင္းျဖတ္ျခင္း

အမွန္တကယ္ ေအာင္ျမင္တဲ့သူေတြက ညအိပ္ရာဝင္ခ်ိန္မွာ အလုပ္နဲ႕သက္ဆိုင္တဲ့ e-mail ေတြ ၾကည့္တာမ်ိဳး၊ အလုပ္ ကိစၥေတြ ဆက္လုပ္ေနတာမ်ိဳးကို ေရွာင္ပါတယ္။ လုပ္ငန္း ခြင္အတြင္းက ျပႆနာ အေၾကာင္းအရာေတြအေပၚမွာ လည္း စိတ္မပူပန္ဘဲ အိပ္ရာဝင္ပါတယ္။

(၈) အေကာင္းျမင္စိတ္နဲ႕ စိတ္ကိုရွင္းလင္းၿပီး အိပ္စက္ျခင္း

အဆင္မေျပတဲ့ အရာေတြနဲ႕ ႀကဳံေတြ႕ခဲ့ရလို႔ စိတ္ညစ္စရာ အေတြးေတြ ေတြးဖို႔က အရမ္းလြယ္ကူပါတယ္။ ေအာင္ျမင္ တဲ့သူေတြဟာ ဘယ္လိုပဲ မေကာင္းတဲ့အရာေတြ ႀကဳံေတြ႕ခဲ့ လည္း အိပ္ေရးပ်က္ခံၿပီး စိတ္ဆင္းရဲေနတာမ်ိဳးကို ေရွာင္ ပါတယ္။ ၿပီးသြားတဲ့အရာေတြ‌အေပၚ စိတ္ညစ္ေနတာဟာ စိတ္ဖိစီးမႈေတြပဲ ပိုၿပီးျဖစ္ေစလို႔ပါ။

(၉) မနက္ျဖန္ရဲ႕ ေအာင္ျမင္မႈပုံရိပ္ကို ျမင္ေယာင္ျခင္း

ေအာင္ျမင္တဲ့သူေတြဟာ မအိပ္ခင္ မိနစ္အနည္းငယ္ အခ်ိန္ယူၿပီး ေရွ႕ဆက္လုပ္ေဆာင္ရမယ့္ အလုပ္ေတြ ေအာင္ျမင္စြာ ၿပီးေျမာက္ဖို႔ ေမွ်ာ္မွန္းခ်က္နဲ႕ ယုံၾကည္မႈ တစ္ခုကို ခ်မွတ္ပါတယ္။

Credit: MOE