Wave money ကနေ ငွေသားလဲလှယ်တာကို ၁၀ ရာခိုင်နှုန်းအထိ ယူတဲ့ဆိုင်ကို သထုံ PDF သတိပေး
သထုံ၊ စက်တင်ဘာ ၈
သထုံမြို့၊ ရွှေစာရံဘုရားလမ်းမှာ ဖွင့်လှစ်ထားတဲ့ Soe Moe Mobile ဆိုင်ကို စက်တင်ဘာလ ၈ ရက်နေ့မှာ သထုံမြို့ပြ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
Soe Moe Mobile ဆိုင်က wave money ငွေထုတ်ပေးရာမှာ ၁၀ ရာခိုင်နှုန်းထိ ကောက်ခံနေပြီး အရောင်းဝန်ထမ်းတွေရဲ့ ဝယ်ယူသူများအပေါ် ဆက်ဆံရေး အဆင်မပြေမှုကို သတိပေးလိုက်တာ ဖြစ်ပါတယ်။
” မတရားခေတ်ပျက်ချိန်မှာ သူဌေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အဆင်ပြေချမ်းသာပါစေ။ လူသတ်နှ သွေးကြွေးမဟုတ်ဘူး။ အဆင်မပြေတာကို လူလူချင်း လူပါးဝတာလဲ သွေးကြွေးမို့ မင်းတိုနဲ့ ဆွေးနွေးရမှာက အသက်ခန္ဓာပဲလို့” သတိပေးစာမှာ ရေးသားထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ ဘဏ်မှ ငွေထုတ်ယူမှုများကို ကန့်သတ်ခံရတာကြောင့် မှောင်ခိုငွေကြေးစျေးကွက်ပေါ်ထွန်းခဲ့ပြီး wave money၊ K pay တို့မှ ငွေထုတ်ယူရာမှာ ငွေထုတ်ယူသူတွေက ရာခိုင်နှုန်းများစွာပေးပြီး ငွေသားရဖို့ လုပ်ဆောင်နေရတာဖြစ်ပါတယ်။
သထုံမြို့နယ်အတွင်းမှာ wave money၊ K pay တို့မှ ငွေထုတ်ယူရာမှာ အချို့သောဆိုင်များက ရာခိုင်နှုန်းမယူဘဲ ပုံမှန်အတိုင်း ဆောင်ရွက်ပေးနေတာမျိုးရှိသလို အချို့သောဆိုင်တွေက ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ကောက်ခံကာ ငွေသားလဲလှယ်ပေးနေပါတယ်။
ဒါ့အပြင် အွန်းလိုင်မှတဆင့် ဆက်သွယ်ကာ ငွေယူသူနဲ့ငွေပေးသူ တိုက်ရိုက်တွေ့ဆုံပြီး ရာခိုင်နှုန်းသတ်မှတ်ကာ မြန်မာကျပ်ငွေကို လဲလှယ်ပေးတဲ့ မှောင်ခိုစျေးကွက်တွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
Wave money ကေန ေငြသားလဲလွယ္တာကို ၁၀ ရာခိုင္ႏႈန္းအထိ ယူတဲ့ဆိုင္ကို သထုံ PDF သတိေပး
သထုံ၊ စက္တင္ဘာ ၈
သထုံၿမိဳ႕၊ ေရႊစာရံဘုရားလမ္းမွာ ဖြင့္လွစ္ထားတဲ့ Soe Moe Mobile ဆိုင္ကို စက္တင္ဘာလ ၈ ရက္ေန႔မွာ သထုံၿမိဳ႕ၿပ အထူးစစ္ဆင္ေရးတပ္ဖြဲ႕မွ သတိေပးစာ ထုတ္ျပန္လိုက္ပါတယ္။
Soe Moe Mobile ဆိုင္က wave money ေငြထုတ္ေပးရာမွာ ၁၀ ရာခိုင္ႏႈန္းထိ ေကာက္ခံေနၿပီး အေရာင္းဝန္ထမ္းေတြရဲ့ ဝယ္ယူသူမ်ားအေပၚ ဆက္ဆံေရး အဆင္မေျပမႈကို သတိေပးလိုက္တာ ျဖစ္ပါတယ္။
” မတရားေခတ္ပ်က္ခ်ိန္မွာ သူေဌးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ အဆင္ေျပခ်မ္းသာပါေစ။ လူသတ္ႏွ ေသြးေႂကြးမဟုတ္ဘူး။ အဆင္မေျပတာကို လူလူခ်င္း လူပါးဝတာလဲ ေသြးေႂကြးမို႔ မင္းတိုနဲ႔ ေဆြးေႏြးရမွာက အသက္ခႏၶာပဲလို႔” သတိေပးစာမွာ ေရးသားထားပါတယ္။
စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္မွာ ဘဏ္မွ ေငြထုတ္ယူမႈမ်ားကို ကန္႔သတ္ခံရတာေၾကာင့္ ေမွာင္ခိုေငြေၾကးေစ်းကြက္ေပၚထြန္းခဲ့ၿပီး wave money၊ K pay တို႔မွ ေငြထုတ္ယူရာမွာ ေငြထုတ္ယူသူေတြက ရာခိုင္ႏႈန္းမ်ားစြာေပးၿပီး ေငြသားရဖို႔ လုပ္ေဆာင္ေနရတာျဖစ္ပါတယ္။
သထုံၿမိဳ႕နယ္အတြင္းမွာ wave money၊ K pay တို႔မွ ေငြထုတ္ယူရာမွာ အခ်ိဳ႕ေသာဆိုင္မ်ားက ရာခိုင္ႏႈန္းမယူဘဲ ပုံမွန္အတိုင္း ေဆာင္ရြက္ေပးေနတာမ်ိဳးရွိသလို အခ်ိဳ႕ေသာဆိုင္ေတြက ၃ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းထိ ေကာက္ခံကာ ေငြသားလဲလွယ္ေပးေနပါတယ္။
ဒါ့အျပင္ အြန္းလိုင္မွတဆင့္ ဆက္သြယ္ကာ ေငြယူသူနဲ႔ေငြေပးသူ တိုက္ရိုက္ေတြ႕ဆုံၿပီး ရာခိုင္ႏႈန္းသတ္မွတ္ကာ ျမန္မာက်ပ္ေငြကို လဲလွယ္ေပးတဲ့ ေမွာင္ခိုေစ်းကြက္ေတြလည္း ရွိေနပါတယ္။
သတင္း – သံလြင္တိုင္းမ္