အဆုံးသတ်တိုက်ပွဲခေါ်လိုက်တယ် ။ ကြောက်တဲ့သူမရှိဘူး ။ excited ဖြစ်နေေကြတယ် ။ စစ်အာဏာဝါဒကို အမြစ်နုတ်ချင်နေကြတာ ကြာပြီမဟုတ်လား ။ အာဆီယံက အပစ်ရပ် လေးလ ကြေငြာချိန်မှာ တိုက်ပွဲခေါ်လိုက်တယ် ။
မခေါ်လို့လည်း မရပါဘူး ။ တရုပ်က တိုးတိုးတိတ်တိတ်ရောက်လာပြီး ပလန်ချထားပေးပြီးသားပါ ။ လေးလအတွင်းမှာ တော်လှန်ရေးကို လှုပ်မရအောင် ကြံစီမှာပါ ။ အထူးသဖြင့် ကုလညီလာခံအချိန်မှာ အေးအေးဆေးဆေး ဖြစ်နေပြီလို့ ပြချင်တာပါ ။ အကွက်မြင်တဲ့ NUG က တိုက်ပွဲခေါ်သံပေးလိုက်တယ် ။
စစ်ကောင်စီဟာ မျှော်လင့်မထားပဲ အငိုက်မိသွားတယ် ။ တော်တော်လည်း တုန်လှုပ်သွားလိမ့်မယ် ။ ဘာ့ကြောင့်လဲဆိုရင် ၊ စစ်ကောင်စီဟာ လက်ထဲမှာ လက်နက်တွေ ကိုင်ထားပေမယ့် ရန်သူ့နယ်မြေထဲကိုရောက်နေတဲ့ သူတွေလိုပါဘဲ ။ နေရာတိုင်းမှာ ရန်သူကဝိုင်းထားတယ် ။
စစ်ကောင်စီ လက်နက်ကိုင်တစ်ယောက်အတွက်တော့ သွေးပျက်ဖွယ်ပါဘဲ ။ ပြည်သူ့နှလုံးကို မသိမ်းသွင်းနိုင်ပဲ ၊ ပြည်သူက ရန်သူလိုသဘောထားခံနေရပါပြီ ။ အိမ်ရှင်မတစ်ယောက်ရဲ့ သားလှီးဓားနဲ့လည်း သေနိုင်တယ် ။ စက်ပြင်ဆရာရဲ့ ဝက်အူလှည့်နဲ့လည်း သေနိုင်တယ် ။ ဓာတ်ဆီတစ်ပုလင်းနဲ့လည်း တပ်တစ်ခုလုံး လောင်မီးကျနိုင်တယ် ။
ပြည်သူ့အစိုးရကိုယ်တိုင်က ” တိုက်ကြဟေ့ ” ဆိုတဲ့ လှံု့ဆော်မှု့ဟာ စိတ်ဓာတ်တွေကို တက်ကြွသွားစေတယ် ။ တကယ်တော့ လက်နက်ကိုင်ထားသူတွေဟာ ပြည်သူတွေရဲ့ စိတ်ဓာတ်အောက်မှာ သွေးပျက်နေကြတာပါ ။
( နယူးအော်လင်းမြို့မှာ မုန်တိုင်းပြီးခါစ စားရေးသောက်ရေး ခက်ခဲနေဆဲမို့ ဖလော်ရီဒါပြည်နယ်က ကမ်းခြေတစ်ခုကို ပြန်ထွက်ရပါတယ် ။ လက်တော့ပ်က အိမ်မှာကျန်ခဲ့လို့ သတင်းရှည်ရှည် မရေးနိုင်သေးတာပါ ။ ဒီရက်ပိုင်းမှာ ပြန်မှာပါ ။
အရေးကြီးသတင်းတွေ ပြန်တင်ပေးပါ့မယ် ။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမည် ။ )
ဘကြီးအောင် LA
———
အဆုံးသတ္တိုက္ပြဲေခၚလိုက္တယ္ ။ ေၾကာက္တဲ့သူမရွိဘူး ။ excited ျဖစ္ေနေၾကတယ္ ။ စစ္အာဏာဝါဒကို အျမစ္ႏုတ္ခ်င္ေနၾကတာ ၾကာၿပီမဟုတ္လား ။ အာဆီယံက အပစ္ရပ္ ေလးလ ေၾကျငာခ်ိန္မွာ တိုက္ပြဲေခၚလိုက္တယ္ ။
မေခၚလို႔လည္း မရပါဘူး ။ တ႐ုပ္က တိုးတိုးတိတ္တိတ္ေရာက္လာၿပီး ပလန္ခ်ထားေပးၿပီးသားပါ ။ ေလးလအတြင္းမွာ ေတာ္လွန္ေရးကို လႈပ္မရေအာင္ ႀကံစီမွာပါ ။ အထူးသျဖင့္ ကုလညီလာခံအခ်ိန္မွာ ေအးေအးေဆးေဆး ျဖစ္ေနၿပီလို႔ ျပခ်င္တာပါ ။ အကြက္ျမင္တဲ့ NUG က တိုက္ပြဲေခၚသံေပးလိုက္တယ္ ။
စစ္ေကာင္စီဟာ ေမွ်ာ္လင့္မထားပဲ အငိုက္မိသြားတယ္ ။ ေတာ္ေတာ္လည္း တုန္လႈပ္သြားလိမ့္မယ္ ။ ဘာ့ေၾကာင့္လဲဆိုရင္ ၊ စစ္ေကာင္စီဟာ လက္ထဲမွာ လက္နက္ေတြ ကိုင္ထားေပမယ့္ ရန္သူ႔နယ္ေျမထဲကိုေရာက္ေနတဲ့ သူေတြလိုပါဘဲ ။ ေနရာတိုင္းမွာ ရန္သူကဝိုင္းထားတယ္ ။
စစ္ေကာင္စီ လက္နက္ကိုင္တစ္ေယာက္အတြက္ေတာ့ ေသြးပ်က္ဖြယ္ပါဘဲ ။ ျပည္သူ႔ႏွလုံးကို မသိမ္းသြင္းႏိုင္ပဲ ၊ ျပည္သူက ရန္သူလိုသေဘာထားခံေနရပါၿပီ ။ အိမ္ရွင္မတစ္ေယာက္ရဲ႕ သားလွီးဓားနဲ႔လည္း ေသႏိုင္တယ္ ။ စက္ျပင္ဆရာရဲ႕ ဝက္အူလွည့္နဲ႔လည္း ေသႏိုင္တယ္ ။ ဓာတ္ဆီတစ္ပုလင္းနဲ႔လည္း တပ္တစ္ခုလုံး ေလာင္မီးက်ႏိုင္တယ္ ။
ျပည္သူ႔အစိုးရကိုယ္တိုင္က ” တိုက္ၾကေဟ့ ” ဆိုတဲ့ လွံု႔ေဆာ္မႈ႕ဟာ စိတ္ဓာတ္ေတြကို တက္ႂကြသြားေစတယ္ ။ တကယ္ေတာ့ လက္နက္ကိုင္ထားသူေတြဟာ ျပည္သူေတြရဲ႕ စိတ္ဓာတ္ေအာက္မွာ ေသြးပ်က္ေနၾကတာပါ ။
( နယူးေအာ္လင္းၿမိဳ႕မွာ မုန္တိုင္းၿပီးခါစ စားေရးေသာက္ေရး ခက္ခဲေနဆဲမို႔ ဖေလာ္ရီဒါျပည္နယ္က ကမ္းေျခတစ္ခုကို ျပန္ထြက္ရပါတယ္ ။ လက္ေတာ့ပ္က အိမ္မွာက်န္ခဲ့လို႔ သတင္းရွည္ရွည္ မေရးႏိုင္ေသးတာပါ ။ ဒီရက္ပိုင္းမွာ ျပန္မွာပါ ။
အေရးႀကီးသတင္းေတြ ျပန္တင္ေပးပါ့မယ္ ။ ျပည္သူ႔ေတာ္လွန္ေရး မုခ်ေအာင္ရမည္ ။ )
ဘႀကီးေအာင္ LA



