ရန်ဖြစ်စကားများကြရင်း အိမ်တွင်ရှိသမျှ ပစ္စည်းမတွေကို တစ်ယောက်တစ်လှည့်၂၅ထပ်တိုက်အမြင့်ကနေ ပစ်ချခဲ့သော
ဇနီးမောင်နှံ အဖမ်းခံခဲ့ရ
ဗီယက်နမ်နိုင်ငံ Quang Ninhပြည်နယ် Ha Longမြို့ Lidecoအမည်ရှိ တိုက်ခန်းတွင် နေထိုင်သော ဇနီးမောင်နှံနှစ်ဦးသည်
တစ်ယောက်နှင့်တစ်ယောက် မလျှော့ပဲ ရန်ဖြစ်စကားများရာကနေ ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးရသည်ထိ ဖြစ်ခဲ့သည်။

သူတို့ဇနီးမောင်နှံနှစ်ဦးသည် စကားအချေအတင်ဖြစ်ပြီး အိမ်ရှိ ပစ္စည်းများနှင့်အတူ အိုးခွက်ပန်းကန် အဝတ်အစားများ
ပန်းအိုး ခရီးဆောင်အိတ် စသဖြင့် အသုံးဆောင် ပစ္စည်းအားလုံးကို ၂၅ထပ်ရှိ တိုက်အမြင့်ပေါ်ကနေ ပစ်ချခဲ့ကြသည်။

ထိုစဥ် လမ်းမပေါ်ရှိ ဖြတ်သွားဖြတ်လာသူများပေါ်သို့ မတော်တဆ ပြုတ်ကျလိုက်ခြင်းဖြင့် မတွေးရဲအောင် ကြက်သီးထ
စရာကောင်းသော်လည်း ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ယောက်တစ်လှည့် အိမ်သုံး ပစ္စည်းတွေကို ပစ်ချတာမရပ်တန့်ခဲ့
ပေ။

ထို့ကြောင့် မြင်တွေ့သူများမှ အန္တရာယ်များသော လုပ်ရပ်ဖြစ်နေ၍ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာ တိုက်ခန်းသို့
ဝင်ရောက်ပြီး စစ်ဆေးခံရပြီးနောက် အဖမ်းခံခဲ့ရသည်။
Rain (For Ialinks)
ရန္ျဖစ္စကားမ်ားၾကရင္း အိမ္တြင္ရွိသမွ် ပစၥည္းမေတြကို တစ္ေယာက္တစ္လွည့္၂၅ထပ္တိုက္အျမင့္ကေန ပစ္ခ်ခဲ့ေသာ ဇနီးေ
မာင္ႏွံ အဖမ္းခံခဲ့ရ
ဗီယက္နမ္ႏိုင္ငံ Quang Ninhျပည္နယ္ Ha Longၿမိဳ႕ Lidecoအမည္ရွိ တိုက္ခန္းတြင္ ေနထိုင္ေသာ ဇနီးေမာင္ႏွံႏွစ္
ဦးသည္ တစ္ေယာက္ႏွင့္တစ္ေယာက္ မေလွ်ာ့ပဲ ရန္ျဖစ္စကားမ်ားရာကေန ရဲတပ္ဖြဲ႕မွ လာေရာက္ဖမ္းဆီးရသည္ထိ ျဖ
စ္ခဲ့သည္။

သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးသည္ စကားအေခ်အတင္ျဖစ္ၿပီး အိမ္ရွိ ပစၥည္းမ်ားႏွင့္အတူ အိုးခြက္ပန္းကန္ အဝတ္အစား
မ်ား ပန္းအိုး ခရီးေဆာင္အိတ္ စသျဖင့္ အသုံးေဆာင္ ပစၥည္းအားလုံးကို ၂၅ထပ္ရွိ တိုက္အျမင့္ေပၚကေန ပစ္ခ်ခဲ့ၾကသည္။
ထိုစဥ္ လမ္းမေပၚရွိ ျဖတ္သြားျဖတ္လာသူမ်ားေပၚသို႔ မေတာ္တဆ ျပဳတ္က်လိုက္ျခင္းျဖင့္ မေတြးရဲေအာင္ ၾက
က္သီးထစရာေကာင္းေသာ္လည္း ဇနီးေမာင္ႏွံႏွစ္ဦးကေတာ့ တစ္ေယာက္တစ္လွည့္ အိမ္သုံး ပစၥည္းေတြကို ပစ္ခ်
တာမရပ္တန္႔ခဲ့ေပ။

ထို႔ေၾကာင့္ ျမင္ေတြ႕သူမ်ားမွ အႏၲရာယ္မ်ားေသာ လုပ္ရပ္ျဖစ္ေန၍ ရဲစခန္းသို႔ ဖုန္းဆက္အေၾကာင္းၾ
ကားခဲ့ရာ တိုက္ခန္းသို႔ဝင္ေရာက္ၿပီး စစ္ေဆးခံရၿပီးေနာက္ အဖမ္းခံခဲ့ရသည္။
Rain (For Ialinks)



