ဗဟုသုတ

မေမေအတွက် ပန်းသီးတစ်လုံး

အသက် (၅) နှစ်အရွယ်လောက် ရှိတဲ့ ကလေးမလေး တယောက်ဟာ မိခင်ဖြစ်သူ ပေးထားတဲ့ ပန်းသီးလေး နှစ်လုံးကို လက်ထဲ ကိုင်ပြီး ဆော့ကစား နေတယ်။ အဲဒီ အချိန်မှာပဲ မိခင်ဖြစ်သူက သူ့အနား ရောက်လာပြီး ဆော့ကစား နေတာ မြင်သွားတယ်။

” သမီး.. ပန်းသီး မစားရင် မေမေ့ကို တလုံး ပေးပါလား ”

ကလေးဖြစ်သူက ပန်းသီးလေး နှစ်လုံးကို ကြည့်ပြီး တွေဝေသွားတယ် ။ နောက် ဘာမပြော ညာမပြောနဲ့ ပန်းသီး တလုံးကို ချက်ချင်း ကိုက်လိုက်တယ် ။ မိခင်လုပ်သူက ပိုနေတဲ့ ပန်းသီးတလုံးကို ပေးမယ် အထင်နဲ့ စောင့်ကြည့် နေပေမယ့် ကလေးငယ်က နောက်ပန်းသီးကိုလည်း မပေးပဲ ထပ်မံကိုက် ပြန်တယ်။

ဒီအခြင်းအရာကို မြင်တဲ့ မိခင်ဖြစ်သူလည်း စိတ်မကောင်း ဖြစ်သွားတယ် ။ ရင်ထဲမှာ နာကျင်သွားပြီး ကလေးဖြစ်သူ အနားက ထွက်မယ် လုပ်တယ်။ အဲဒီအချိန်မှာပဲ ကလေးဖြစ်သူက သူကိုက်လက်စ ပန်းသီးလေး တလုံးကို လှမ်းပေးလိုက်တယ်။

” မေမေ.. ဒီအလုံးလေးက ပိုချိုတယ် ၊ ဒါလေး စားကြည့်လိုက် ”

ကလေးငယ်က ချစ်ဖွယ် ပြုံးရင်း ပြောလိုက်တယ်။ ထိုအခါမှ အဖြစ်မှန်ကို ရိပ်မိလိုက်တဲ့ မိခင်ဖြစ်သူဟာ ကြည်နူးစွာ ပြုံးလိုက်တယ်။ နောက်တော့ ကလေးမလေးပေးတဲ့ ပန်းသီးလေးကို ယူပြီး ခေါင်းလေကို တချက် ပုတ်လိုက်တယ်။ ကလေးမလေး ကတော့ ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးရင်း သူ့လက်ထဲက မကောင်းတဲ့ ပန်းသီးကိုသာ ကိုက်စားလိုက်တယ်။

လူ့လောကကြီးမှာ ကိစ္စတခုကို စောလျင်စွာ မဆုံးဖြတ်ပါနဲ့။ မှားယွင်း တတ်ပါတယ်။ အချိန် ယူရမယ်။ အမှန်တရားက နောက်ကျမှ ရောက်လာ တတ်တာ သတိ ပြုသင့်ပါတယ်။

ဒေါက်တာ အေးမင်းထူး

(the child and apple ကို ဆီလျှော်အောင် ဘာသာပြန်သည်)

for zawgyi

ေမေမအတြက္ ပန္းသီးတစ္လုံး

အသက္ (၅) ႏွစ္အ႐ြယ္ေလာက္ ရိွတဲ့ ကေလးမေလး တေယာက္ဟာ မိခင္ျဖစ္သူ ေပးထားတဲ့ ပန္းသီးေလး ႏွစ္လုံးကို လက္ထဲ ကိုင္ၿပီး ေဆာ့ကစား ေနတယ္။ အဲဒီ အခ်ိန္မွာပဲ မိခင္ျဖစ္သူက သူ႔အနား ေရာက္လာၿပီး ေဆာ့ကစား ေနတာ ျမင္သြားတယ္။

” သမီး.. ပန္းသီး မစားရင္ ေမေမ့ကို တလုံး ေပးပါလား ”

ကေလးျဖစ္သူက ပန္းသီးေလး ႏွစ္လုံးကို ၾကည့္ၿပီး ေတြေဝသြားတယ္ ။ ေနာက္ ဘာမေျပာ ညာမေျပာနဲ႔ ပန္းသီး တလုံးကို ခ်က္ခ်င္း ကိုက္လိုက္တယ္ ။ မိခင္လုပ္သူက ပိုေနတဲ့ ပန္းသီးတလုံးကို ေပးမယ္ အထင္နဲ႔ ေစာင့္ၾကည့္ ေနေပမယ့္ ကေလးငယ္က ေနာက္ပန္းသီးကိုလည္း မေပးပဲ ထပ္မံကိုက္ ျပန္တယ္။

ဒီအျခင္းအရာကို ျမင္တဲ့ မိခင္ျဖစ္သူလည္း စိတ္မေကာင္း ျဖစ္သြားတယ္ ။ ရင္ထဲမွာ နာက်င္သြားၿပီး ကေလးျဖစ္သူ အနားက ထြက္မယ္ လုပ္တယ္။ အဲဒီအခ်ိန္မွာပဲ ကေလးျဖစ္သူက သူကိုက္လက္စ ပန္းသီးေလး တလုံးကို လွမ္းေပးလိုက္တယ္။

” ေမေမ.. ဒီအလုံးေလးက ပိုခ်ိဳတယ္ ၊ ဒါေလး စားၾကည့္လိုက္ ”

ကေလးငယ္က ခ်စ္ဖြယ္ ၿပဳံးရင္း ေျပာလိုက္တယ္။ ထိုအခါမွ အျဖစ္မွန္ကို ရိပ္မိလိုက္တဲ့ မိခင္ျဖစ္သူဟာ ၾကည္ႏူးစြာ ၿပံဳးလိုက္တယ္။ ေနာက္ေတာ့ ကေလးမေလးေပးတဲ့ ပန္းသီးေလးကို ယူၿပီး ေခါင္းေလကို တခ်က္ ပုတ္လိုက္တယ္။ ကေလးမေလး ကေတာ့ ပါးခ်ိဳင့္ေလးေတြ ေပၚေအာင္ ၿပဳံးရင္း သူ႔လက္ထဲက မေကာင္းတဲ့ ပန္းသီးကိုသာ ကိုက္စားလိုက္တယ္။

လူ႔ေလာကႀကီးမွာ ကိစၥတခုကို ေစာလ်င္စြာ မဆုံးျဖတ္ပါနဲ႔။ မွားယြင္း တတ္ပါတယ္။ အခ်ိန္ ယူရမယ္။ အမွန္တရားက ေနာက္က်မွ ေရာက္လာ တတ္တာ သတိ ျပဳသင့္ပါတယ္။

ေဒါက္တာ ေအးမင္းထူး

(the child and apple ကို ဆီေလွ်ာ္ေအာင္ ဘာသာျပန္သည္)