ဈေးဆိုင်လူစည်စေပြီးဖောက်သည်များစေသောယတြာ
မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ..ဒီနေ့ကတော့ ဈေးဆိုင်တွေမှာလူစည်စေပြီးဖောက်သည်များစေတဲ့ ယတြာလေးကို. ပညာ ဒါနပြုပါ့မယ်…..
တနင်္ဂနွေသားသ္မီးဆို….အိုးစည်တစ်လုံးနဲ့ ဆင်ဖြူတစ်ကောင်ထားပါ..အိုးစည်မှာဈေးဦးပေါက်ငွေထိုးပါ..အိုးစည်သေးသေးလေးတွေ ဘုရားစောင်းတန်းတွေမှာရောင်းကြပါတယ်။
အင်္ဂါသားသမီးဆို….ဆင်ဖြူတော်တစ်ကောင်ထားပါ…ဆန်ကိုဘူးနဲ့ထည့်ပြီး ဆန်ဘူးထဲဈေးဦးပေါက်ငွေ ထိုးပါ။
ကြာသပတေးသားသမီးဆို…ပစ်တိုင်းထောင် တစ်စုံထားပါ..ဆင်ဖြူတစ်ကောင်ထားပါ…ဖန်ထောင်ခွက်ထဲ ဈေးဦးပေါက်ငွေဖယ်ပါ။
သောကြာသားသမီးဆိုဘုရားရှင်အားသစ်သီးကို မြေအိုးနဲ့ ကပ်လှူပါ.ဆိုင်မှာ…သပြေ၆ညွန့် အုန်း၁ညွန့်ကိုထိုးပါ .သဲအိုးထဲအမွှေးတိုင်ထွန်းပါ…ဈေးဦးပေါက်ငွေဖယ်ပါ…။
စနေဆိုရင် …ဒါန်းကြီး၉ညွန့်ကို ရွှေရောင်အိုးနဲ့ထိုးပါ ဆင်ဖြူတစ်ကောင်ထားပါ..ဈေးဦးပေါက်ငွေဖယ်ပါ..။
နေ့စဉ်ဖယ်ခဲ့သောဈေးဦးပေါက်ငွေကိုတော့ မိမိလုပ်အားခဖြစ်တာဟုတ်လို့ မိမိသံသရာအတွက်ရည်စူးအာရုံပြု၍ လှူဒါန်းကြပါ…
ကျမပြောပြတဲ့ယတြာလေးတွေကယုံကြည်လိုအပ်သူများအတွက်ဖြစ်ပါတယ်။
နားမလည်ကမေးမြန်းနိုင်ပါသည်..ဈေးခေါ်မျက်နှာပွင့်နံ့သာဆီလိုချင်သူများကျမဟောခန်းဆီသို့ လာရောက်ယူနိုင်ပါတယ်။ကျမလှူပါ့မယ်။
ကောင်းကျိုးလိုရာပြည့်ကြပါစေ..
နေအဉ္ဇရာ(သရဒွေး)
Unicode
စျေးဆိိုင်လူစည်စေပြီးဖောက်သည်များစေသောယတြာ
မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ..ဒီနေ့ကတော့ စျေးဆိုင်တွေမှာလူစည်စေပြီးဖောက်သည်များစေတဲ့ ယတြာလေးကို. ပညာ ဒါနပြုပါ့မယ်…..
ကျမအသက်၂၂နှစ်လောက်က မနောမယဂျာနာနယ်မှာလည်းရေးသားခဲ့ဖူးပါတယ်..
အခုအဘဆရာကြီးမင်းသိင်္ခသင်ပေးတဲ့ဆိုင်တွေမှာလူစည်ပြီးဖောက်သည်များစေတဲ့ယတြာကိုပြောပြမှာပါ..
အရင်ဆုံးဆိုင်ရှေ့ကိုသန့်ရှင််းရေးလုပ်ပြီး…ရေတပုံးထဲရေထည့်ပါ ရေမန်းထည့်ရင်ပိုကောင်းပါတယ်..ကျမဟောခန်းမှာတော့ကျမဆီယတြာလာယူသူတွေကို ကျမရဲ့ဒုတိယဆရာဖြစ်တဲ့အစ်ကို ဆရာသဲသင်ပေးတဲ့ တက္ကာလိကစန်းနက္ခတ်ဖြတ်သန်းချိန်မှာစီရင်ပြုလုပ်ထားတဲ့ မျက်နှာပွင့်နံ့သာဆီဖြစ်ဖြစ်(သို့မဟုတ်)တစ်နှစ်တခါ တန်ဆောင်မုန်းလပြည့်ညမှာစုပေါင်းဖော်စပ်တဲ့ အဘဆရာကြီးမင်းသိင်္ခရဲ့ စျေးခေါ်မျက်နှာပွင့်နံ့သာဆီ ဖြစ်ဖြစ် ပေးလိုက်ပါတယ်။ ထိုနံ့သာဆီကိုပါရေပုံးထဲရောထည့်ပြီး..ကိုယ်အမြဲရွတ်ဆိုနေကျ ဂါထာ၊မန္တာန်တခုခုကိုရွတ်ဆိုပြီးမြေစောင့်နတ်နဲ့ ၃၁ ဘုံသားကိုမေတ္တာပို့ပါ.ဆုတောင်းပါမြေစောင့်နတ်က ကုန်သွယ်လယ်ယာသမားတွေ၊ကုန်သည်တွေကိုစောင့်ရှောက်တယ်လို့ အဆိုရှိလို့ပါ..ဒါကြောင့်ဒါကိုနေ့စဉ်ပြုလုပ်ပါ….အဆောင်ကတော့
တနင်္ဂနွေသားသ္မီးဆို….အိုးစည်တစ်လုံးနဲ့ ဆင်ဖြူတစ်ကောင်ထားပါ..အိုးစည်မှာစျေးဦးပေါက်ငွေထိုးပါ..အိုးစည်သေးသေးလေးတွေ ဘုရားစောင်းတန်းတွေမှာရောင်းကြပါတယ်။
(ကျမတို့အဘဆရာကြီးမင်းသိင်္ခကတနင်္ဂနွေသားပါ…ဒါကြောင့်အိုးစည်တီးတဲ့အဖွဲ့ထားတာမြင်ဖူးကြမှာပါ…ဒါကြောင့်လည်း ကျမတို့မရမ်းတလင်းခြံကြီးမှာ ဗေဒင်မေးသူ၊ယတြာချေသူတွေဟာ..လူဦးရေ ရာထောင်ချီအမြဲစည်ကားတာကိုတွေ့ဖူးကြုံဖူးကြသူတွေရှိပါတယ်။☺)
တနင်္လာသားသ္မီးဆို….ကလပ်တစ်ခုပေါ် ခေါင်းလောင်းတင်ပါ ဆင်ဖြူတော်တစ်ကောင်ထားပါကလပ်ပေါ်စျေးဦးပေါက်ငွေထည့်ပြီးခေါင်းလောင်းနဲ့ဖိပါ။ ဒီယတြာက လာဘ်လာဘရွှင်လန်းမှုမှာလည်း သီးသန့်သုံးကြပါသေးတယ် ။
အင်္ဂါသားသမီးဆို….ဆင်ဖြူတော်တစ်ကောင်ထားပါ…ဆန်ကိုဘူးနဲ့ထည့်ပြီး ဆန်ဘူးထဲစျေးဦးပေါက်ငွေ ထိုးပါ။
ဗုဒ္ဓဟူးသားသမီးဆို…ရသေ့ကြီးဦးခန္ဓီပုံတော်ထားပါ..ဆင်ဖြူတစ်ကောင်ထားပါ..ပုလင်း၃လုံးကို လင်ဗန်းနဲ့ထိထားပါ..ထိုလင်ဗန်းထဲ စျေးဦးပေါက်ငွေထားပါ။ ရသေ့ကြီးဦးခန္တီရဲ့ ငွေရဂါထာရွတ်နိုင်ကပို၍ကောင်းပါတယ်။
ကြာသပတေးသားသမီးဆို…ပစ်တိိုင်းထောင် တစ်စုံထားပါ..ဆင်ဖြူတစ်ကောင်ထားပါ…ဖန်ထောင်ခွက်ထဲ စျေးဦးပေါက်ငွေဖယ်ပါ။
သောကြာသားသမီးဆိိုဘုရားရှင်အားသစ်သီးကို မြေအိုးနဲ့ ကပ်လှူပါ.ဆိုင်မှာ…သပြေ၆ညွန့် အုန်း၁ညွန့်ကိုထိုးပါ .သဲအိုးထဲအမွှေးတိုင်ထွန်းပါ…စျေးဦးပေါက်ငွေဖယ်ပါ…။
စနေဆိုရင် …ဒါန်းကြီး၉ညွန့်ကိို ရွှေရောင်အိုးနဲ့ထိုးပါ ဆင်ဖြူတစ်ကောင်ထားပါ..စျေးဦးပေါက်ငွေဖယ်ပါ..။
နေ့စဉ်ဖယ်ခဲ့သောစျေးဦးပေါက်ငွေကိုတော့ မိမိလုပ်အားခဖြစ်တာဟုတ်လို့ မိမိသံသရာအတွက်ရည်စူးအာရုံပြု၍ လှူဒါန်းကြပါ…
ပြည့်စုံမှလှူမယ်ဆို လူ့သဘာဝက.ပြည့်စုံတယ်မရှိပါဘူး ။ ဒါကြောင့် လုပ်ကိုင်ရင်းလှူပါ။ နေ့စဉ်ဖယ်လို့ အာစိဏ္ဏကံအလှူဖြစ်ပါတယ် နေ့စဉ်ပြုလုပ်သောအလုပ်ဖြစ်လို့
အလှူရေစက်လက်နဲ့မကွာအလှူဖြစ်ပြီး ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့ညာဘက်ကတလှည်းဝင်တဲ့ဓာတ်ဖြစ်ပါတယ်…နေ့စဉ်ကုသိုလ်ပြုခြင်းအလုပ်က အလုပ်ကောင်း၍ ကံကောင်းလာပါလိမ့်မယ်…
ကျမပြောပြတဲဲ့ယတြာလေးတွေကယုံကြည်လိုအပ်သူများအတွက်ဖြစ်ပါတယ်။
နားမလည်ကမေးမြန်းနိိုင်ပါသည်..စျေးခေါ်မျက်နှာပွင့်နံ့သာဆီလိုချင်သူများကျမဟောခန်းဆီသို့ လာရောက်ယူနိုင်ပါတယ်။ကျမလှူပါ့မယ်။
ကောင်းကျိုးလိိုရာပြည့်ကြပါစေ..
နေအဥ္ဇရာ(သရဒွေး)