ၾကားသိရသမွ်

နေ့စဉ်လူနေမှု့ဘဝကိုရိုက်ခတ်လာနေတဲ့ ဒေါ်လာဈေးအတက်နှင့် “ဆ” ၃ လုံး….

နေ့စဉ်လူနေမှု့ဘဝကိုရိုက်ခတ်လာနေတဲ့ ဒေါ်လာဈေးအတက်နှင့် “ဆ” ၃ လုံး

၂၀၂၁ ခုနှစ်နှစ်ဦးပိုင်းမှာ ၁၃၅၀ ဝန်းကျင်ရှိရာကနေယခု ၂၀၀၀ ကျော်ဖြစ်လာတော့ဝင်ငွေမတိုးဘဲကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်က ဆင်းရဲတွင်းထဲဆင်းနေတာမရပ်ဖြစ်နေပါတယ်။ဒေါ်လာဈေးအတက်ကလည်းနေ့စဉ်လူနေမှု့ဘဝကိုရိုက်ခတ်နေပါတယ်။

၇ လကျော်အတွင်းငွေကြေးဖောင်းပွမှု့က ၄၀% ကျော်ကိုရောက်လာပါပြီ။ ယခုဆိုရင် ၅၀% ကျော်ဖို့ဟန်ရေးတပြပြဖြစ်နေတဲ့မြန်မာ့ငွေကြေး။ရှိထားတဲ့ငွေ ၅၀% အငွေ့ပျံသလိုပျောက်သွားတာကစိတ်ပျက်စရာကောင်းလှပါတယ်။

အချို့ကဒေါ်လာဈေးတက်တော့နိုင်ငံခြားကထုတ်ကုန်တွေဝယ်တာလျှော့ချ၊ မလိုတာမဝယ်ကြနဲ့ ၊ ဇိမ်ခံပစ္စည်းတွေအဝယ်ရပ်ဖို့ပြောကြပါတယ်။

ဒေါ်လာဈေးအတက်နှင့် “ဆ” (၃) လုံး

စက်သုံးဆီ

မြန်မာပြည်မှာဓါတ်ဆီ ဒီဇယ်ဆီကိုပြည်တွင်းထုတ်လုပ်မှု့မလုံလောက်လို့ဝယ်ရတာနိုင်ငံခြားငွေအမြောက်အများသုံးရပါတယ်။စက်သုံးဆီတွေဈေးတက်တော့သယ်ယူပို့ဆောင်စရိတ်တွေတက်လာပါတယ်။ရှမ်းပြည်နယ်ကအားလူးအရင်ကသယ်ယူပို့ဆောင်ခနဲ့ အခုသယ်ယူပို့ဆောင်ခမတူတော့ပါဘူး။သယ်ယူပို့ဆောင်စရိတ်တက်လာနဲ့အမျှကုန်ဈေးနှုန်းကကျွဲကူးရေပါတက်လာတော့ပါတယ်။ရိုးရှင်းပါတယ်။

စားသုံးဆီ

နေကြာဆီ စားသုံးဆီအပါအဝင်နေစဉ်မီးဖိုချောင်သုံးဆီအမျိုးမျိုးနဲ့လုပ်ငန်းသုံးဆီတွေက ပြည်တွင်းထုတ်တာနဲ့မလုံလောက်ပါဘူး။တန်ပေါင်းများစွာပြည်ပကတင်သွင်းရပါတယ်။ဆီ ကြိုက်တဲ့မြန်မာတွေအတွက်နေ့စဉ်သုံးစားသုံးဆီတွေဒေါ်လာဈေးအတက်နဲ့အတူလိုက်တက်နေပါတယ်။မီးဖိုချောင်စရိတ်တွေတက်လာပါတယ်။

ဆေးဝါး

မဖြစ်မနေဝယ်ယူနေရတဲ့ဆေးဝါးတွေအများစုကနိုင်ငံခြားကတင်သွင်းလာရတာပါ။ဆေးတွေသုံးဆွဲနေရသူတွေအနေနဲ့ထွက်ငွေပိုများလာပါတယ်။မိတ်ဆွေဆေးဆိုင်တစ်ဆိုင်ကဆေးဈေးနှုန်းတွေ ဈေးနှုန်းတက်တာနေ့စဉ်နဲ့အမျှပါတဲ့။အချို့ဆေးတွေ ၂၀% တက် ၊ ၃၀% တယ်ဆိုပါတယ်။မဖြစ်မနေဝယ်သောက်ရတဲ့မိသားစုတွေဒုက္ခကမသေးပါဘူး။

အထက်ဖော်ပြပါ (၃) မျိုးကမြန်မာပြည်အတွက်ဒေါ်လာတွေအများကြီးထွက်နေတာဖြစ်ပါတယ်။မဖြစ်မနေသုံးစွဲနေရတာဖြစ်နေလည်းပါပါတယ်။

ဒေါ်လာဈေးအတက်မှာပြည်တွင်းထုတ်ကုန်ကောင်းကောင်းရှိရင်တော့အကျိုးအမြတ်တွေရှိနိုင်ပါတယ်။ဒီနေရာမှာဒေါ်လာဈေးတက်လို့ဓါတ်မြေဩဇာဈေးတက်တယ်။သီးနှံဈေးကဒေါ်လာဈေးတက်သလောက်ရာခိုင်နှုန်းအတိုင်းလိုက်မတက်နိုင်ရင်ပိုပြီးဒုက္ခရောက်နိုင်ပါတယ်။

တရုတ်နယ်စပ်ပိတ်ထားတာ ကြီးကြီးမားမားပြင်ပရင်းနှီးမြုတ်နှံမှု့တွေမဝင်တာ ပြင်ပချေးငွေမရတာတွေကတော့အခက်တွေ့စရာပါ။

ဒေါ်လာဈေးတက်တာဘာမှမဖြစ်ပါဘူးဆိုသူတွေအနေနဲ့အထက်ဖော်ပြပါ “ဆ” ၃လုံးဈေးတက်တာနဲ့အတူအခြားကုန်ဈေးနှုန်းကြီးမြင့်တာကုန်ကျစရိတ်ပိုများတာတွေကြောင့်ဆင်းရဲတွင်းကနစ်သထက်နစ်နေကြမှာပါဘဲ။

ဆိုးတာကဝင်ငွေတွေလျှော့ကြလာတာဝယ်လိုအားတွေကျဆင်းတာကလည်းပိုပြီးအခက်တွေ့စေပါတယ်။မြန်မာပြည်သူပြည်သားများကံကောင်းကြပါစေ။

ခရစ်ဒစ်

zawgyi

ေန႔စဥ္လူေနမႈ႕ဘဝကို႐ိုက္ခတ္လာေနတဲ့ ေဒၚလာေဈးအတက္ႏွင့္ “ဆ” ၃ လုံး

၂၀၂၁ ခုႏွစ္ႏွစ္ဦးပိုင္းမွာ ၁၃၅၀ ဝန္းက်င္ရွိရာကေနယခု ၂၀၀၀ ေက်ာ္ျဖစ္လာေတာ့ဝင္ေငြမတိုးဘဲကုန္ေဈးႏႈန္းႀကီးျမင့္တဲ့ဒဏ္က ဆင္းရဲတြင္းထဲဆင္းေနတာမရပ္ျဖစ္ေနပါတယ္။ေဒၚလာေဈးအတက္ကလည္းေန႔စဥ္လူေနမႈ႕ဘဝကို႐ိုက္ခတ္ေနပါတယ္။

၇ လေက်ာ္အတြင္းေငြေၾကးေဖာင္းပြမႈ႕က ၄၀% ေက်ာ္ကိုေရာက္လာပါၿပီ။ ယခုဆိုရင္ ၅၀% ေက်ာ္ဖို႔ဟန္ေရးတျပျပျဖစ္ေနတဲ့ျမန္မာ့ေငြေၾကး။ရွိထားတဲ့ေငြ ၅၀% အေငြ႕ပ်ံသလိုေပ်ာက္သြားတာကစိတ္ပ်က္စရာေကာင္းလွပါတယ္။

အခ်ိဳ႕ကေဒၚလာေဈးတက္ေတာ့ႏိုင္ငံျခားကထုတ္ကုန္ေတြဝယ္တာေလွ်ာ့ခ်၊ မလိုတာမဝယ္ၾကနဲ႔ ၊ ဇိမ္ခံပစၥည္းေတြအဝယ္ရပ္ဖို႔ေျပာၾကပါတယ္။

ေဒၚလာေဈးအတက္ႏွင့္ “ဆ” (၃) လုံး

စက္သုံးဆီ

ျမန္မာျပည္မွာဓါတ္ဆီ ဒီဇယ္ဆီကိုျပည္တြင္းထုတ္လုပ္မႈ႕မလုံေလာက္လို႔ဝယ္ရတာႏိုင္ငံျခားေငြအေျမာက္အမ်ားသုံးရပါတယ္။စက္သုံးဆီေတြေဈးတက္ေတာ့သယ္ယူပို႔ေဆာင္စရိတ္ေတြတက္လာပါတယ္။ရွမ္းျပည္နယ္ကအားလူးအရင္ကသယ္ယူပို႔ေဆာင္ခနဲ႔ အခုသယ္ယူပို႔ေဆာင္ခမတူေတာ့ပါဘူး။သယ္ယူပို႔ေဆာင္စရိတ္တက္လာနဲ႔အမွ်ကုန္ေဈးႏႈန္းကကြၽဲကူးေရပါတက္လာေတာ့ပါတယ္။႐ိုးရွင္းပါတယ္။

စားသုံးဆီ

ေနၾကာဆီ စားသုံးဆီအပါအဝင္ေနစဥ္မီးဖိုေခ်ာင္သုံးဆီအမ်ိဳးမ်ိဳးနဲ႔လုပ္ငန္းသုံးဆီေတြက ျပည္တြင္းထုတ္တာနဲ႔မလုံေလာက္ပါဘူး။တန္ေပါင္းမ်ားစြာျပည္ပကတင္သြင္းရပါတယ္။ဆီ ႀကိဳက္တဲ့ျမန္မာေတြအတြက္ေန႔စဥ္သုံးစားသုံးဆီေတြေဒၚလာေဈးအတက္နဲ႔အတူလိုက္တက္ေနပါတယ္။မီးဖိုေခ်ာင္စရိတ္ေတြတက္လာပါတယ္။

ေဆးဝါး

မျဖစ္မေနဝယ္ယူေနရတဲ့ေဆးဝါးေတြအမ်ားစုကႏိုင္ငံျခားကတင္သြင္းလာရတာပါ။ေဆးေတြသုံးဆြဲေနရသူေတြအေနနဲ႔ထြက္ေငြပိုမ်ားလာပါတယ္။မိတ္ေဆြေဆးဆိုင္တစ္ဆိုင္ကေဆးေဈးႏႈန္းေတြ ေဈးႏႈန္းတက္တာေန႔စဥ္နဲ႔အမွ်ပါတဲ့။အခ်ိဳ႕ေဆးေတြ ၂၀% တက္ ၊ ၃၀% တယ္ဆိုပါတယ္။မျဖစ္မေနဝယ္ေသာက္ရတဲ့မိသားစုေတြဒုကၡကမေသးပါဘူး။

အထက္ေဖာ္ျပပါ (၃) မ်ိဳးကျမန္မာျပည္အတြက္ေဒၚလာေတြအမ်ားႀကီးထြက္ေနတာျဖစ္ပါတယ္။မျဖစ္မေနသုံးစြဲေနရတာျဖစ္ေနလည္းပါပါတယ္။

ေဒၚလာေဈးအတက္မွာျပည္တြင္းထုတ္ကုန္ေကာင္းေကာင္းရွိရင္ေတာ့အက်ိဳးအျမတ္ေတြရွိႏိုင္ပါတယ္။ဒီေနရာမွာေဒၚလာေဈးတက္လို႔ဓါတ္ေျမဩဇာေဈးတက္တယ္။သီးႏွံေဈးကေဒၚလာေဈးတက္သေလာက္ရာခိုင္ႏႈန္းအတိုင္းလိုက္မတက္ႏိုင္ရင္ပိုၿပီးဒုကၡေရာက္ႏိုင္ပါတယ္။

တ႐ုတ္နယ္စပ္ပိတ္ထားတာ ႀကီးႀကီးမားမားျပင္ပရင္းႏွီးျမဳတ္ႏွံမႈ႕ေတြမဝင္တာ ျပင္ပေခ်းေငြမရတာေတြကေတာ့အခက္ေတြ႕စရာပါ။

ေဒၚလာေဈးတက္တာဘာမွမျဖစ္ပါဘူးဆိုသူေတြအေနနဲ႔အထက္ေဖာ္ျပပါ “ဆ” ၃လုံးေဈးတက္တာနဲ႔အတူအျခားကုန္ေဈးႏႈန္းႀကီးျမင့္တာကုန္က်စရိတ္ပိုမ်ားတာေတြေၾကာင့္ဆင္းရဲတြင္းကနစ္သထက္နစ္ေနၾကမွာပါဘဲ။

ဆိုးတာကဝင္ေငြေတြေလွ်ာ့ၾကလာတာဝယ္လိုအားေတြက်ဆင္းတာကလည္းပိုၿပီးအခက္ေတြ႕ေစပါတယ္။ျမန္မာျပည္သူျပည္သားမ်ားကံေကာင္းၾကပါေစ။

ခရစ္ဒစ္