သင့်ရဲ့ လက်ဖဝါးမှာရှိနေတဲ့ နှလုံးသားလမ်းကြောင်းက သင့်ရဲ့ အနာဂါတ်အချစ်ရေးကို ဖော်ပြပေးနိုင်ပါတယ်။ နှလုံးသားလမ်းကြောင်းကိုတော့ (Love Line) လို့လည်း ခေါ်ပါတယ်။ အကောင်းဆုံး နှလုံးသားလမ်းကြောင်းရဲ့ပုံစံကတော့ လမ်းကြောင်းက နက်ရှိုင်းမယ်၊ ရှုပ်ထွေးမနေပဲ ရှင်းလင်းပြတ်သားမယ်၊ အကျိုးအပြတ်မရှိတာမျိုးပါ။ နှလုံးသားလမ်းက တစ်ဆင့် သင့်ရဲ့အနာဂါတ် အချစ်ရေးကို ဘယ်လိုသိနိုင်သလဲဆိုတော့….
နှလုံးလမ်းကြောင်းတိုနေရင်..(Fig 1)
နှလုံးသားလမ်းကြောင်းက အရမ်းတိုမယ်ဆိုရင်တော့ သင်ဟာ အထီးကျန်နေရတတ်တဲ့ သူမျိုးပါ။ အနားမှာ အပေါင်းအသင်းမိတ်ဆွေတွေ ရှိနေရင်တောင်မှ တစ်ယောက်တည်း အထီးကျန်ဝေဒနာကို ခံစားနေရတတ်တဲ့ သူမျိုးပါ။ သင့်ရဲ့ အချစ်ရေးကတော့ ပန်းခင်းလမ်းမဟုတ်ဘဲ၊ ဆူးခင်းလမ်းလို အချစ်ရေးမျိုးနဲ့ ကြုံရတတ်တယ်။ ချောမွေ့တဲ့ ချစ်ခရီးလမ်းမျိုးကို မပိုင်ဆိုင်ရတတ်ပါဘူး။
နှလုံးလမ်းကြောင်း ရှည်ရင်…(Fig 2)
နှလုံးလမ်းကြောင်းရှည်တယ်၊ ဖြောင့်မတ်တယ်၊ ခွဲဖြာထွက်တာမျိုး မရှိဘူးဆိုရင်တော့ အခက်အခဲတွေ အများကြီး ကြုံတွေ့ ဖြတ်ကျော်ပြီး အောင်မြင်မှုကို ပိုင်ဆိုင်ရတတ်ပါတယ်။ ဒီလိုလမ်းကြောင်းပိုင်ရှင်က ယောကျ်ားဆိုရင် မိန်းမ ကြောက်ရသူပါ။ မိန်းကလေးဆိုရင်တော့ ချစ်သူအပေါ် အရမ်းကို သစ္စာရှိသူပါ။ ဒါပေမယ့် သင့်ဘဝမှာတော့ မတည်မငြိမ် ကသောင်းကနင်း အခြေအနေမျိုးနဲ့ မကြာခဏ ကြုံရတတ်ပါတယ်။ ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေဟာ ချစ်သူ(သို့)လင်မယားနဲ့တစ်ကြိမ် ပြတ်စဲဖူးရင် သူများထက်ပိုပြီး နက်နက်ရှိုင်းရှိုင်းခံစားကြေကွဲတတ်သူပါ။
လမ်းကြောင်းရဲ့ အဆုံးသတ်..(Fig 3)
ပုံ(၃)မှာ ပြထားတဲ့ အတိုင်းနှလုံးလမ်းကြောင်း လက်ညှိုုးအောက်မှာ အဆုံးသတ်သွားတယ်ဆိုရင်တော့ ဒါဟာ ကောင်းတဲ့လက္ခဏာပါ။ အချစ်၊ အိမ်မက်နဲ့ မျှော်လင့်ချက်တွေ ကြီးကြီးမားမားရှိသူပါ။ အရမ်းချစ်တတ်တဲ့သူမျိုးဆိုတာကို ပြနေတာပါ။
(Fig 4)
လက်ညှိုးနဲ့လက်ခလယ်ကြားမှာ အဆုံးသတ်သွားတယ်ဆိုရင်တော့ သင့်ရဲ့ အချစ်ဟာ အဖြူထည်ပါ။ ဘာကိုမှ မျှော်လင့်မထားပဲ ချစ်သူကို အဖြူထည်သက်သက်၊ အချစ်စစ် အချစ်မှန်နဲ့ ချစ်တတ်တဲ့သူပါ။
လမ်းကြောင်းကွေးကောက်(Fig 5)
ပုံ(၅)မှာ ပြထားသလို လမ်းကြောင်းက အပေါ်ကို ခုံးပြီး တတ်သွားတယ်ဆိုရင် တော့ သင်ဟာ ရိုမန်တစ်ဆန်သူပါ။ ချစ်သူကို အမြဲတမ်း ရိုမန်တစ်ဆန်ဆန် ချစ်တတ်သူပါ။
(Fig 6)
ပုံ(၆)ကလို လမ်းကြောင်းက အောက်ကို ကွေးကောက်သွားတယ်ဆိုရင်တော့ ဒါက မကောင်းတဲ့ negative character ကိုပြနေတာပါ။ ရင်ထဲက ချစ်မေတ္တာကို ထုတ်ဖော်ဖို့ ဝန်လေးတတ်၊ မဝံ့မရဲ ဖြစ်တတ်သူမို့ ဘေးကသူတွေရဲ့ အားမလိုအားမခြင်းကို ခံရတတ်သူပါ။ အချစ်နဲ့ပတ်သက်ရင် သွေးကြောင်တတ်တဲ့သူမျိုးပါ။
(Fig 7)
ပုံ(၇)ကလို ဖြောင့်တန်းနေတာမျိုးကတော့ သင်ဟာ တည်ငြိမ်သူ၊ ဖော်ရွေတတ်သူ၊ ချဉ်းကပ်ရလွယ်သူဆိုတာကို ပြနေတာပါ။ ဒါပေမယ့် အချစ်နဲ့ပတ်သက်ရင်တော့ အရှက်အကြောက်ကြီးလွန်းသူပါ။ ချစ်သူကို အရမ်းအလျော့ပေး အလိုလိုက်လွန်းပြီး၊ သူပြုသမျှ နုမယ်ဆိုတဲ့ အရှုံးသမားစိတ်ကို ရင်မှာပိုက်ထားသူပါ။ လမ်းကြောင်းက အရမ်းရှင်းလင်းမယ်၊ လမ်းကြောင်းကပြတ်တာမျိုးတွေ လုံးဝမရှိရင်တော့ သင့်ဟာ တည်ငြိမ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရတတ်ပါတယ်။
နှလုံးလမ်းကြောင်းပေါ်က ခရင်းခွများ
(Fig 8) မှာ ပြထားသလို နှလုံးလမ်းကြောင်း အဆုံးသတ်မျိုးဖြစ်နေတယ်ဆိုရင်တော့ သင်ဟာ အချစ်နဲ့ပတ်သက်ရင် အရာရာကို ပေးဆပ်လိုက်မယ်ဆိုတဲ့ သူမျိုးပါ။
(Fig 9) ကလို အဆုံးသတ်မျိုးဖြစ်နေရင်တော့ ကြမ်းတမ်းတဲ့ အချစ်ခရီးလမ်းမျိုးကို ဖြတ်သန်းရတတ်ပါတယ်။
(Fig 10) လို လမ်းကြောင်းမျိုးဆိုရင်တော့ အချစ်စစ်နဲ့ဆုံပြီးရင် မပြောင်းလဲတတ်တော့တဲ့ စိတ်ဓာတ်ပိုင်ရှင်မျိုးပါ။
(Fig 11) လို လမ်းကြောင်းကနေကိုင်းတွေ အပေါ်ကို ထွက်နေတာများနေရင်တော့ ဒါက ကောင်းတဲ့ လက္ခဏာပါ။ အချစ်နဲ့ပတ်သက်ရင် ကံကောင်းတတ်သူပါ။
(Fig 12) လိုမျိုးဆိုရင်တော့ အချစ်ရေးကံနိမ့်တတ်ပါတယ်။ ပြိုကွဲလွယ်တဲ့ အချစ်ရေးမျိုးနဲ့ ကြုံရတတ်ပါတယ်။
(Fig 13) ဆိုရင်တော့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်တွေ အလျှံအပယ် ပိုင်ဆိုင်ထားသူပါ။
(Fig 14) လိုဆိုရင်တော့ အငြင်းပွားစရာ လက်ထပ်ခြင်းမျိုးနဲ့ ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေး ကံညံံ့တတ်ပါတယ်။
Credit
Zawgyi
သင့္ရဲ႕ လက္ဖဝါးမွာရွိေနတဲ့ ႏွလုံးသားလမ္းေၾကာင္းက သင့္ရဲ႕ အနာဂါတ္အခ်စ္ေရးကို ေဖာ္ျပေပးႏိုင္ပါတယ္။ ႏွလုံးသားလမ္းေၾကာင္းကိုေတာ့ (Love Line) လို႔လည္း ေခၚပါတယ္။ အေကာင္းဆုံး ႏွလုံးသားလမ္းေၾကာင္းရဲ႕ပုံစံကေတာ့ လမ္းေၾကာင္းက နက္ရႈိင္းမယ္၊ ရႈပ္ေထြးမေနပဲ ရွင္းလင္းျပတ္သားမယ္၊ အက်ိဳးအျပတ္မရွိတာမ်ိဳးပါ။ ႏွလုံးသားလမ္းက တစ္ဆင့္ သင့္ရဲ႕အနာဂါတ္ အခ်စ္ေရးကို ဘယ္လိုသိႏိုင္သလဲဆိုေတာ့….
ႏွလုံးလမ္းေၾကာင္းတိုေနရင္..(Fig 1)
ႏွလုံးသားလမ္းေၾကာင္းက အရမ္းတိုမယ္ဆိုရင္ေတာ့ သင္ဟာ အထီးက်န္ေနရတတ္တဲ့ သူမ်ိဳးပါ။ အနားမွာ အေပါင္းအသင္းမိတ္ေဆြေတြ ရွိေနရင္ေတာင္မွ တစ္ေယာက္တည္း အထီးက်န္ေဝဒနာကို ခံစားေနရတတ္တဲ့ သူမ်ိဳးပါ။ သင့္ရဲ႕ အခ်စ္ေရးကေတာ့ ပန္းခင္းလမ္းမဟုတ္ဘဲ၊ ဆူးခင္းလမ္းလို အခ်စ္ေရးမ်ိဳးနဲ႔ ႀကဳံရတတ္တယ္။ ေခ်ာေမြ႕တဲ့ ခ်စ္ခရီးလမ္းမ်ိဳးကို မပိုင္ဆိုင္ရတတ္ပါဘူး။
ႏွလုံးလမ္းေၾကာင္း ရွည္ရင္…(Fig 2)
ႏွလုံးလမ္းေၾကာင္းရွည္တယ္၊ ေျဖာင့္မတ္တယ္၊ ခြဲျဖာထြက္တာမ်ိဳး မရွိဘူးဆိုရင္ေတာ့ အခက္အခဲေတြ အမ်ားႀကီး ႀကဳံေတြ႕ ျဖတ္ေက်ာ္ၿပီး ေအာင္ျမင္မႈကို ပိုင္ဆိုင္ရတတ္ပါတယ္။ ဒီလိုလမ္းေၾကာင္းပိုင္ရွင္က ေယာက်္ားဆိုရင္ မိန္းမ ေၾကာက္ရသူပါ။ မိန္းကေလးဆိုရင္ေတာ့ ခ်စ္သူအေပၚ အရမ္းကို သစၥာရွိသူပါ။ ဒါေပမယ့္ သင့္ဘဝမွာေတာ့ မတည္မၿငိမ္ ကေသာင္းကနင္း အေျခအေနမ်ိဳးနဲ႔ မၾကာခဏ ႀကဳံရတတ္ပါတယ္။ ဒီလိုႏွလုံးလမ္းေၾကာင္းပိုင္ရွင္ေတြဟာ ခ်စ္သူ(သို႔)လင္မယားနဲ႔တစ္ႀကိမ္ ျပတ္စဲဖူးရင္ သူမ်ားထက္ပိုၿပီး နက္နက္ရႈိင္းရႈိင္းခံစားေၾကကြဲတတ္သူပါ။
လမ္းေၾကာင္းရဲ႕ အဆုံးသတ္..(Fig 3)
ပုံ(၃)မွာ ျပထားတဲ့ အတိုင္းႏွလုံးလမ္းေၾကာင္း လက္ညႇိဳုးေအာက္မွာ အဆုံးသတ္သြားတယ္ဆိုရင္ေတာ့ ဒါဟာ ေကာင္းတဲ့လကၡဏာပါ။ အခ်စ္၊ အိမ္မက္နဲ႔ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးႀကီးမားမားရွိသူပါ။ အရမ္းခ်စ္တတ္တဲ့သူမ်ိဳးဆိုတာကို ျပေနတာပါ။
(Fig 4)
လက္ညႇိဳးနဲ႔လက္ခလယ္ၾကားမွာ အဆုံးသတ္သြားတယ္ဆိုရင္ေတာ့ သင့္ရဲ႕ အခ်စ္ဟာ အျဖဴထည္ပါ။ ဘာကိုမွ ေမွ်ာ္လင့္မထားပဲ ခ်စ္သူကို အျဖဴထည္သက္သက္၊ အခ်စ္စစ္ အခ်စ္မွန္နဲ႔ ခ်စ္တတ္တဲ့သူပါ။
လမ္းေၾကာင္းေကြးေကာက္(Fig 5)
ပုံ(၅)မွာ ျပထားသလို လမ္းေၾကာင္းက အေပၚကို ခုံးၿပီး တတ္သြားတယ္ဆိုရင္ ေတာ့ သင္ဟာ ႐ိုမန္တစ္ဆန္သူပါ။ ခ်စ္သူကို အၿမဲတမ္း ႐ိုမန္တစ္ဆန္ဆန္ ခ်စ္တတ္သူပါ။
(Fig 6)
ပုံ(၆)ကလို လမ္းေၾကာင္းက ေအာက္ကို ေကြးေကာက္သြားတယ္ဆိုရင္ေတာ့ ဒါက မေကာင္းတဲ့ negative character ကိုျပေနတာပါ။ ရင္ထဲက ခ်စ္ေမတၱာကို ထုတ္ေဖာ္ဖို႔ ဝန္ေလးတတ္၊ မဝံ့မရဲ ျဖစ္တတ္သူမို႔ ေဘးကသူေတြရဲ႕ အားမလိုအားမျခင္းကို ခံရတတ္သူပါ။ အခ်စ္နဲ႔ပတ္သက္ရင္ ေသြးေၾကာင္တတ္တဲ့သူမ်ိဳးပါ။
(Fig 7)
ပုံ(၇)ကလို ေျဖာင့္တန္းေနတာမ်ိဳးကေတာ့ သင္ဟာ တည္ၿငိမ္သူ၊ ေဖာ္ေ႐ြတတ္သူ၊ ခ်ဥ္းကပ္ရလြယ္သူဆိုတာကို ျပေနတာပါ။ ဒါေပမယ့္ အခ်စ္နဲ႔ပတ္သက္ရင္ေတာ့ အရွက္အေၾကာက္ႀကီးလြန္းသူပါ။ ခ်စ္သူကို အရမ္းအေလ်ာ့ေပး အလိုလိုက္လြန္းၿပီး၊ သူျပဳသမွ် ႏုမယ္ဆိုတဲ့ အရႈံးသမားစိတ္ကို ရင္မွာပိုက္ထားသူပါ။ လမ္းေၾကာင္းက အရမ္းရွင္းလင္းမယ္၊ လမ္းေၾကာင္းကျပတ္တာမ်ိဳးေတြ လုံးဝမရွိရင္ေတာ့ သင့္ဟာ တည္ၿငိမ္ၿပီး ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ရတတ္ပါတယ္။
ႏွလုံးလမ္းေၾကာင္းေပၚက ခရင္းခြမ်ား
(Fig 8) မွာ ျပထားသလို ႏွလုံးလမ္းေၾကာင္း အဆုံးသတ္မ်ိဳးျဖစ္ေနတယ္ဆိုရင္ေတာ့ သင္ဟာ အခ်စ္နဲ႔ပတ္သက္ရင္ အရာရာကို ေပးဆပ္လိုက္မယ္ဆိုတဲ့ သူမ်ိဳးပါ။
(Fig 9) ကလို အဆုံးသတ္မ်ိဳးျဖစ္ေနရင္ေတာ့ ၾကမ္းတမ္းတဲ့ အခ်စ္ခရီးလမ္းမ်ိဳးကို ျဖတ္သန္းရတတ္ပါတယ္။
(Fig 10) လို လမ္းေၾကာင္းမ်ိဳးဆိုရင္ေတာ့ အခ်စ္စစ္နဲ႔ဆုံၿပီးရင္ မေျပာင္းလဲတတ္ေတာ့တဲ့ စိတ္ဓာတ္ပိုင္ရွင္မ်ိဳးပါ။
(Fig 11) လို လမ္းေၾကာင္းကေနကိုင္းေတြ အေပၚကို ထြက္ေနတာမ်ားေနရင္ေတာ့ ဒါက ေကာင္းတဲ့ လကၡဏာပါ။ အခ်စ္နဲ႔ပတ္သက္ရင္ ကံေကာင္းတတ္သူပါ။
(Fig 12) လိုမ်ိဳးဆိုရင္ေတာ့ အခ်စ္ေရးကံနိမ့္တတ္ပါတယ္။ ၿပိဳကြဲလြယ္တဲ့ အခ်စ္ေရးမ်ိဳးနဲ႔ ႀကဳံရတတ္ပါတယ္။
(Fig 13) ဆိုရင္ေတာ့ ဆန႔္က်င္ဘက္လိင္ကို ဆြဲေဆာင္ႏိုင္တဲ့ စြမ္းရည္ေတြ အလွ်ံအပယ္ ပိုင္ဆိုင္ထားသူပါ။
(Fig 14) လိုဆိုရင္ေတာ့ အျငင္းပြားစရာ လက္ထပ္ျခင္းမ်ိဳးနဲ႔ ႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရး ကံညံံ့တတ္ပါတယ္။
Credit