ခိုကိုးရာမဲ့ဖြစ်နေသော်လည်း မိမိအား အိမ်ပြန် မပို့ဖို့ကို တောင်းပန်နေရှာတဲ့ အဖွားအို
“စွန်ပစ်ခံရတဲ့ ခိုကိုးရာမဲ့အဖွားအား မြဆည်းဆာရိပ်သာမှ ခေါ်ယူစောင့်ရှောက် ” သားသမီးများ စွန့်ပစ်၍ မော်လမြိုင် ဈေးကြိုကားဝင်း အတွင်းရောက်ရှိ နေသည့်နေသည့် အသက် ၇၂နှစ်အအရွယ် အဖွား(၁)ဦး ခိုကိုးရာမဲ့ ဖြစ်နေသည့်အတွက်
မြဆည်းဆာ ဆရာတော်၏ လမ်းညွှန်ချက်နဲ့ အတူ အကျိုးဆောင်များမှ သွားရောက်စီ စစ်ကာ လက်ခံခေါ်ယူ စောင့်ရှောက်ခဲ့ကြောင်း သိရသည်။
အဖွားက ၎င်း၏ သားသမီးများထံ ပြန်ချင်စိတ်လုံးဝ မရှိကြောင်း ဆူပူမာန်မဲ၍ နှင်ချသည့်ဒဏ် မခံနိုင်ကြောင်း ဖြစ်နိုင်လျှင် မြိတ်မြို့သို့ ပို့စေချင်ကြောင်း
ဒါမှမဟုတ် ရိပ်သာတွင် လက်ခံနိုင်ပါက လက်ခံစေလိုကြောင်း ငိုယို၍ ပြောဆိုလာသဖြင့် အဖွားအား ရှိမှန်းမသိ မရှိမှန်းမသိ တော့သည့် အမျိုးများထံ လွှတ်ပေးရန် စိတ်မချ၍
မြဆည်းဆာ ဆရာတော်၏ လမ်းညွှန်ချက် ထပ်မံခံယူပြီး သားသမီး အရင်များပင် လက်မခံတော့သည့် အဖွားအား မြဆည်းဆာမှ ခေါ်ယူ စောင့်ရှောက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အဘိုးအဘွား ခိုကိုးရာမဲ့များအား ကူညီစောင့်ရှောက်ပေးပါသော မြဆည်းဆာဆရာတော်နှင့်တကွ အကျိုးဆောင်အဖွဲ့သားများ ပရဟိတအဖွဲ့ဝင်များ အားလုံးသည်
ကျန်းမာလန်းဖြာ စိတ်သွားတိုင်း ကိုယ်ပါပြီး သာသနာအကျိုး အများအကျိုး ယခုထက်ပို၍ ထမ်းဆောင်ကြပါစေ၊ သာလွန်မွန်မြတ်သော ကောင်းခြင်းတရားများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
မိဘဘိုးဘွား အပေါင်းလည်း သားဆိုးသမီးဆိုး အမွေခံဆိုးများဘေးမှ ကင်းဝေးနိုင်ကြပါစေ အေးချမ်းကြပါစေ အိုဇာတာကောင်းပြီး ချမ်းမြေ့သာယာ ရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။
————-

ခိုကိုးရာမဲ့ျဖစ္ေနေသာ္လည္း မိမိအား အိမ္ျပန္ မပို႔ဖို႔ကို ေတာင္းပန္ေနရွာတဲ့ အဖြားအို
“စြန္ပစ္ခံရတဲ့ ခိုကိုးရာမဲ့အဖြားအား ျမဆည္းဆာရိပ္သာမွ ေခၚယူေစာင့္ေရွာက္ ” သားသမီးမ်ား စြန႔္ပစ္၍ ေမာ္လၿမိဳင္ ေဈးႀကိဳကားဝင္း အတြင္းေရာက္ရွိ ေနသည့္ေနသည့္ အသက္ ၇၂ႏွစ္အအ႐ြယ္ အဖြား(၁)ဦး ခိုကိုးရာမဲ့ ျဖစ္ေနသည့္အတြက္
ျမဆည္းဆာ ဆရာေတာ္၏ လမ္းၫႊန္ခ်က္နဲ႔ အတူ အက်ိဳးေဆာင္မ်ားမွ သြားေရာက္စီ စစ္ကာ လက္ခံေခၚယူ ေစာင့္ေရွာက္ခဲ့ေၾကာင္း သိရသည္။
အဖြားက ၎၏ သားသမီးမ်ားထံ ျပန္ခ်င္စိတ္လုံးဝ မရွိေၾကာင္း ဆူပူမာန္မဲ၍ ႏွင္ခ်သည့္ဒဏ္ မခံႏိုင္ေၾကာင္း ျဖစ္ႏိုင္လွ်င္ ၿမိတ္ၿမိဳ႕သို႔ ပို႔ေစခ်င္ေၾကာင္း
ဒါမွမဟုတ္ ရိပ္သာတြင္ လက္ခံႏိုင္ပါက လက္ခံေစလိုေၾကာင္း ငိုယို၍ ေျပာဆိုလာသျဖင့္ အဖြားအား ရွိမွန္းမသိ မရွိမွန္းမသိ ေတာ့သည့္ အမ်ိဳးမ်ားထံ လႊတ္ေပးရန္ စိတ္မခ်၍
ျမဆည္းဆာ ဆရာေတာ္၏ လမ္းၫႊန္ခ်က္ ထပ္မံခံယူၿပီး သားသမီး အရင္မ်ားပင္ လက္မခံေတာ့သည့္ အဖြားအား ျမဆည္းဆာမွ ေခၚယူ ေစာင့္ေရွာက္ခဲ့ေၾကာင္း သိရသည္။
ယခုကဲ့သို႔ အဘိုးအဘြား ခိုကိုးရာမဲ့မ်ားအား ကူညီေစာင့္ေရွာက္ေပးပါေသာ ျမဆည္းဆာဆရာေတာ္ႏွင့္တကြ အက်ိဳးေဆာင္အဖြဲ႕သားမ်ား ပရဟိတအဖြဲ႕ဝင္မ်ား အားလုံးသည္
က်န္းမာလန္းျဖာ စိတ္သြားတိုင္း ကိုယ္ပါၿပီး သာသနာအက်ိဳး အမ်ားအက်ိဳး ယခုထက္ပို၍ ထမ္းေဆာင္ၾကပါေစ၊ သာလြန္မြန္ျမတ္ေသာ ေကာင္းျခင္းတရားမ်ားႏွင့္ ျပည့္စုံႏိုင္ၾကပါေစေၾကာင္း ဆုေတာင္းေမတၱာ ပို႔သအပ္ပါသည္။
မိဘဘိုးဘြား အေပါင္းလည္း သားဆိုးသမီးဆိုး အေမြခံဆိုးမ်ားေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ေအးခ်မ္းၾကပါေစ အိုဇာတာေကာင္းၿပီး ခ်မ္းေျမ့သာယာ ရွိႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးအပ္ပါတယ္။
Credit



