ထိုင်းနိုင်ငံ၊ Nakhon Nayok ရှိ Khao Phra ဒေသမှာ ရွာသားတွေက ငှက်ပျောပင်စည်ရဲ့ အလယ်မှာ ငှက်ပျောသီးတွေ သီးနေတာကို တွေ့ရှိခဲ့ပြီး facebook ပေါ်မှာတင်ခဲ့ပါတယ် ။ ဒီအကြောင်းဝေမျှပြီးနောက် သတင်းထောက်က ထိုရွာမှ ရွာသား Mr.Prasang Saengsawat ကိုဆက်သွယ်မေးမြန်းခဲ့ပါတယ် ။ Huai Prue ရေလှောင်ကန်သို့ သွားရာလမ်းဘေးရှိ စပါးခင်းအနီးမှာ ထိုဒေသရှိ ရွာသားများက ထူးဆန်းတဲ့ ငှက်ပျောပင်များကိုကြည့်ရန် သတင်းထောက်များကို ခေါ်သွားလိုက်ပါတယ် ။ ဘေးနားမှာတန်းစီစိုက်ထားတဲ့ ငှက်ပျောပင်များစွာကိုတွေ့ရပြီး အများစုက ပုံမှန်အားဖြင့် အဖူးလေးထွက်ပြီး အသီးသီးကြတယ်ဆိုပေမဲ့ အခြားအပင်တွေထက် ထူးဆန်းတာတစ်ခုက ပင်စည်အလယ်မှာငှက်ပျောသီးရှိပြီး ငှက်ပျောဖူးတွေ မရှိခဲ့ပါဘူး ။

ရွာသားများနဲ့အတူ သတင်းထောင်တွေက ငှက်ပျောပင်တွေကို ကြည့်ပြီး ပင်စည်ရဲ့အလယ်မှာသီးတဲ့ ငှက်ပျောသီးတွေကို ရေတွက်တဲ့အခါမှာ ငှက်ပျောသီး ၁၃ လုံး တွေ့ခဲ့ပါတယ် ။ သို့သော်လည်း ရွာသားများက ၎င်းနံပါတ်များကို ချရေးပြီး လာမည့်ထီဖွင့်တဲ့နေ့မှာ ထီဝယ်ရန်ပြင်ဆင်နေကြပါတယ် ။

.

.

.

.

JRose (KB Chimmy One)
Reference : sanook
Zawgyi
ထိုင္းႏိုင္ငံ၊ Nakhon Nayok ရွိ Khao Phra ေဒသမွာ ႐ြာသားေတြက ငွက္ေပ်ာပင္စည္ရဲ႕ အလယ္မွာ ငွက္ေပ်ာသီးေတြ သီးေနတာကို ေတြ႕ရွိခဲ့ၿပီး facebook ေပၚမွာတင္ခဲ့ပါတယ္ ။ ဒီအေၾကာင္းေဝမွ်ၿပီးေနာက္ သတင္းေထာက္က ထို႐ြာမွ ႐ြာသား Mr.Prasang Saengsawat ကိုဆက္သြယ္ေမးျမန္းခဲ့ပါတယ္ ။ Huai Prue ေရေလွာင္ကန္သို႔ သြားရာလမ္းေဘးရွိ စပါးခင္းအနီးမွာ ထိုေဒသရွိ ႐ြာသားမ်ားက ထူးဆန္းတဲ့ ငွက္ေပ်ာပင္မ်ားကိုၾကည့္ရန္ သတင္းေထာက္မ်ားကို ေခၚသြားလိုက္ပါတယ္ ။ ေဘးနားမွာတန္းစီစိုက္ထားတဲ့ ငွက္ေပ်ာပင္မ်ားစြာကိုေတြ႕ရၿပီး အမ်ားစုက ပုံမွန္အားျဖင့္ အဖူးေလးထြက္ၿပီး အသီးသီးၾကတယ္ဆိုေပမဲ့ အျခားအပင္ေတြထက္ ထူးဆန္းတာတစ္ခုက ပင္စည္အလယ္မွာငွက္ေပ်ာသီးရွိၿပီး ငွက္ေပ်ာဖူးေတြ မရွိခဲ့ပါဘူး ။

႐ြာသားမ်ားနဲ႔အတူ သတင္းေထာင္ေတြက ငွက္ေပ်ာပင္ေတြကို ၾကည့္ၿပီး ပင္စည္ရဲ႕အလယ္မွာသီးတဲ့ ငွက္ေပ်ာသီးေတြကို ေရတြက္တဲ့အခါမွာ ငွက္ေပ်ာသီး ၁၃ လုံး ေတြ႕ခဲ့ပါတယ္ ။ သို႔ေသာ္လည္း ႐ြာသားမ်ားက ၎နံပါတ္မ်ားကို ခ်ေရးၿပီး လာမည့္ထီဖြင့္တဲ့ေန႔မွာ ထီဝယ္ရန္ျပင္ဆင္ေနၾကပါတယ္ ။
JRose (KB Chimmy One)



