Zawgyi
ကမာၻေက်ာ္သ ႐ုပ္ေဆာင္မ င္းသမီး မီရွယ္လ္ယိုက သူ႔အေနနဲ႔ အခြင့္အေရး ရခဲ့မယ္ဆိုရင္ ျမန္မာျပည္သူလူထုရဲ႕
ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အျဖစ္ ထပ္မံ သ႐ုပ္ေဆာင္ခြင့္ ရလိုေၾကာင္း အသိေပး လိုက္ပါတယ္။
လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဘဝ အစိတ္အပိုင္းတခ်ိဳ႕ကို ပုံေဖာ္ထားတဲ့ The Lady ဇာတ္ကားမွာ
ေဒၚေအာင္ဆန္းစုၾကည္အ ျဖစ္ မီရွယ္လ္ယိုကသ႐ုပ္ေဆာင္ခဲ့ဖူးၿပီး ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ အဲ့ဒီဇာတ္ကားဟာ အာရွတိုက္ အပါအဝင္
ကမာၻတလႊားမွာ ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ပါတယ္။
အသက္ ၅၉ ႏွစ္အ႐ြယ္ရွိ ေနၿပီျဖစ္တဲ့ မီရွယ္လ္ယိုက လက္ရွိအခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ေနရတဲ့
ဘဝျဖတ္သန္းမႈေတြကို တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ႐ုပ္ရွင္႐ိုက္ကူး ခဲ့မယ္ဆိုရင္ သူမအေနနဲ႔
ေဒၚေအာင္ဆန္းစုၾကည္အျဖစ္ ထပ္ၿပီး သ႐ုပ္ေဆာင္ခြင့္ ရႏိုင္ဖို႔ကို အရမ္းပဲ လိုလားမိတယ္လို႔ The Guardian
သတင္းစာနဲ႔ ေတြ႕ဆုံခဲ့တဲ့ အင္တာဗ်ဴး အစီအစဥ္မွာ ထည့္သြင္း ေျပာၾကားသြားခဲ့တာပဲ ျဖစ္ပါတယ္။
“ေနာက္ဆက္တြဲ ဇာတ္ကားတစ္ကား ႐ိုက္ကူး ျဖစ္ခဲ့မယ္ဆိုရင္ အရမ္းေကာင္းမွာပါပဲ။ စိတ္ဝင္စားစရာေတြက အခု ကြၽန္မတို႔ စကားေျပာ ေနရင္း
မွာကို ျဖစ္ပ်က္ေနတာပဲေလ။
ဇာတ္ကား႐ိုက္ခ်င္စရာ အျဖစ္အပ်က္ေတြ ကလည္း အမ်ားႀကီးရွိေနပါတယ္။
ကြၽန္မကေတာ့ သူမအေၾကာင္း ဇာတ္ကားတစ္ကား ထပ္ျဖစ္တည္လာဖို႔နဲ႔ သူမရဲ႕ေနရာမွာ ကြၽန္မ ထပ္ၿပီး သ႐ုပ္ေဆာင္ခြင့္ ရႏိုင္ဖို႔ကို အရမ္းပဲ ေမွ်ာ္လင့္မိပါတယ္”
လို႔ မီရွယ္လ္ယိုက ေျပာၾကားသြားခဲ့ပါတယ္။
unicode
Zawgyi
ကမ္ဘာကျော်သ ရုပ်ဆောင်မ င်းသမီး မီရှယ်လ်ယိုက သူ့အနေနဲ့ အခွင့်အရေး ရခဲ့မယ်ဆိုရင် မြန်မာပြည်သူလူထုရဲ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် ထပ်မံ သရုပ်ဆောင်ခွင့် ရလိုကြောင်း အသိပေး လိုက်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ အစိတ်အပိုင်းတချို့ကို ပုံဖော်ထားတဲ့ The Lady ဇာတ်ကားမှာ
ဒေါ်အောင်ဆန်းစုကြည်အ ဖြစ် မီရှယ်လ်ယိုကသရုပ်ဆောင်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အဲ့ဒီဇာတ်ကားဟာ အာရှတိုက် အပါအဝင်
ကမ္ဘာတလွှားမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ်ရှိ နေပြီဖြစ်တဲ့ မီရှယ်လ်ယိုက လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့
ဘဝဖြတ်သန်းမှုတွေကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာရုပ်ရှင်ရိုက်ကူး ခဲ့မယ်ဆိုရင် သူမအနေနဲ့
ဒေါ်အောင်ဆန်းစုကြည်အဖြစ် ထပ်ပြီး သရုပ်ဆောင်ခွင့် ရနိုင်ဖို့ကို အရမ်းပဲ လိုလားမိတယ်လို့ The Guardian
သတင်းစာနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ ထည့်သွင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
“နောက်ဆက်တွဲ ဇာတ်ကားတစ်ကား ရိုက်ကူး ဖြစ်ခဲ့မယ်ဆိုရင် အရမ်းကောင်းမှာပါပဲ။ စိတ်ဝင်စားစရာတွေက အခု ကျွန်မတို့ စကားပြော နေရင်း
မှာကို ဖြစ်ပျက်နေတာပဲလေ။
ဇာတ်ကားရိုက်ချင်စရာ အဖြစ်အပျက်တွေ ကလည်း အများကြီးရှိနေပါတယ်။
ကျွန်မကတော့ သူမအကြောင်း ဇာတ်ကားတစ်ကား ထပ်ဖြစ်တည်လာဖို့နဲ့ သူမရဲ့နေရာမှာ ကျွန်မ ထပ်ပြီး သရုပ်ဆောင်ခွင့် ရနိုင်ဖို့ကို အရမ်းပဲ မျှော်လင့်မိပါတယ်”
လို့ မီရှယ်လ်ယိုက ပြောကြားသွားခဲ့ပါတယ်။



