က်မၼာေရး ဗဟုသုတ

ယားယံပြီး နေရခက်တဲ့ အင်ပြင်ထခြင်း သွေးယားလေယားအတွက်

အရေပြားမှာ အင်ပျဉ်ထတာက လူတော်တော်များများ ကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြား အင်ပျဉ်ထတဲ့ အခြေအနေချင်းက တစ်ခုနဲ့တစ်ခုမတူညီတတ်ကြပါဘူး။

ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ။ ဒီလိုမျိုးအရေပြားမှာ အင်ပျဉ်ထတဲ့အခါ ဘယ်လိုလေးတွေ လုပ်ရင်သက်သာစေမလဲဆိုတာကို ပြောပြပေးပါရစေ။

အရေပြားမှာ အင်ပျဉ်ထတာခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ၊ ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ။

အုတ်ဂျုံ – အုတ်ဂျုံက အရေပြားမှာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံမှုတွေကို လျော့ပါးသက်သာစေနိုင်စွမ်း ရှိသလို ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ပျားလိုမျိုး အင်းဆက်ကိုက်ခံရတာကြောင့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ အုတ်ဂျုံက အသင့်တော်ဆုံးပါ။ အုတ်ဂျုံကို ရေနွေးလေးနဲ့ ၁၅ မိနစ် – မိနစ် ၂၀ စိမ်ပြီး အင်ပျဉ်ပေါ်ကိုလူးပေးရမှာပဲဖြစ်ပါတယ်။

ရှားစောင်းလက်ပတ် – ရှားစောင်းလက်ပပ်က အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်တယ်ဆိုတာကို တော်တော်များများ သိထားပြီးသား ဖြစ်မယ်ထင်ပါတယ်။ အင်ပျဉ်ထတဲ့အခါမှာလည်း အင်ပျဉ်ဖြစ်နေတဲ့နေရာကို ရှာစောင်းလက်ပပ်အသားနဲ့ ပွတ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က အနာကိုလည်းကျက်စေနိုင်ပါတယ်။

ပန်းသီးဗီနီကာ – အရေပြားပြဿနာတော်တော်များများအတွက် ပန်းသီးဗီနီကာကို သုံးလို့ရပါတယ်။ ဝက်ခြံထွက်တဲ့အခါမှာလည်း ပန်းသီးဗီနီကာကို အသုံးပြုပေးလို့ရပါတယ်။ ပန်းသီးဗီနီကာကို ဂွမ်းစလေးမှာစွတ်ပြီး အင်ပျဉ်ဖြစ်တဲ့နေရာကို လူးပေးမယ်ဆိုရင် အင်ပျဉ်ကြောင့် ယားယံတာကိုသက်သာစေမှာသေချာပါတယ်။

အစွမ်းထက် ဆေးနည်းကို ကိုယ်တိုင် ဖော်စပ် သုံးစွဲလိုသူများအတွက် သံပုရာသီး ၁၀ လုံးကို အရည်ညှစ်၊ ဆနွင်း ၂ ပဲသား၊ အနီရောင်ထုံး အနည်းငယ်ကို ၎င်းသံပုရာရည်နှင့် ဆနွင်းအရောထဲ ထည့်ပြီးမွှေပါ။

အနီရောင် ထုံးထည့်ရာတွင် ပန်းရောင်သမ်းယုံသာ ထည့်ရပါမည်။ ၎င်းဆေးကို တစ်ရက် သုံးကြိမ်ခန့် ယားယံနေသော နေရာတွင် လိမ်းပေးပါက အင်ပြင်ထခြင်း သွေးယားလေယားကို ယူပစ်သလို ပျောက်ကင်းသက်သာစေပါသည်။

၎င်းဆေးကို ကိုယ်တွေ့ပျောက်ကင်းသူမှ ပြောပြသဖြင့် စာဖတ်သူများအတွက် စေတနာဖြင့် ပြန်လည်မျှဝေလိုက်ပါသည်။

Zawgyi

အေရျပားမွာ အင္ပ်ဥ္ထတာက လူေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕ရႏိုင္တဲ့ အေရျပားျပႆနာတစ္ခုပါ။ အေရျပား အင္ပ်ဥ္ထတဲ့ အေျခအေနခ်င္းက တစ္ခုနဲ႔တစ္ခုမတူညီတတ္ၾကပါဘူး။

ဒါေပမယ့္ အေရျပားမွာ အင္ပ်ဥ္ထတဲ့အခါ ယားယံၿပီး ေနရခက္တာကေတာ့ အေသအခ်ာပါပဲ။ ဒီလိုမ်ိဳးအေရျပားမွာ အင္ပ်ဥ္ထတဲ့အခါ ဘယ္လိုေလးေတြ လုပ္ရင္သက္သာေစမလဲဆိုတာကို ေျပာျပေပးပါရေစ။

အေရျပားမွာ အင္ပ်ဥ္ထတာခႏၶာကိုယ္ရဲ႕ ေနရာတိုင္းမွာျဖစ္ႏိုင္ပါတယ္။ အေရျပားမွာ အင္ပ်ဥ္ထတဲ့အခါ နီျမန္းတာ၊ ယားယံတာေတြကေတာ့ ေတြ႕ရမ်ားတဲ့ အင္ပ်ဥ္ထတဲ့ လကၡဏာေတြပါ။

အုတ္ဂ်ဳံ – အုတ္ဂ်ဳံက အေရျပားမွာ ဓာတ္မတည့္မႈေၾကာင့္ျဖစ္တဲ့ ယားယံမႈေတြကို ေလ်ာ့ပါးသက္သာေစႏိုင္စြမ္း ရွိသလို ေရာင္ရမ္းမႈကို ေလ်ာ့က်ေစႏိုင္တဲ့ အာနိသင္လည္းရွိပါတယ္။ ပ်ားလိုမ်ိဳး အင္းဆက္ကိုက္ခံရတာေၾကာင့္ အေရျပားမွာ အင္ပ်ဥ္ထတဲ့အခါ အုတ္ဂ်ဳံက အသင့္ေတာ္ဆုံးပါ။ အုတ္ဂ်ဳံကို ေရေႏြးေလးနဲ႔ ၁၅ မိနစ္ – မိနစ္ ၂၀ စိမ္ၿပီး အင္ပ်ဥ္ေပၚကိုလူးေပးရမွာပဲျဖစ္ပါတယ္။

ရွားေစာင္းလက္ပတ္ – ရွားေစာင္းလက္ပပ္က အေရျပားျပႆနာ ေတာ္ေတာ္မ်ားမ်ားကို သက္သာေစႏိုင္တယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ား သိထားၿပီးသား ျဖစ္မယ္ထင္ပါတယ္။ အင္ပ်ဥ္ထတဲ့အခါမွာလည္း အင္ပ်ဥ္ျဖစ္ေနတဲ့ေနရာကို ရွာေစာင္းလက္ပပ္အသားနဲ႔ ပြတ္ေပးလို႔ရပါတယ္။ ရွားေစာင္းလက္ပပ္က အနာကိုလည္းက်က္ေစႏိုင္ပါတယ္။

ပန္းသီးဗီနီကာ – အေရျပားျပႆနာေတာ္ေတာ္မ်ားမ်ားအတြက္ ပန္းသီးဗီနီကာကို သုံးလို႔ရပါတယ္။ ဝက္ၿခံထြက္တဲ့အခါမွာလည္း ပန္းသီးဗီနီကာကို အသုံးျပဳေပးလို႔ရပါတယ္။ ပန္းသီးဗီနီကာကို ဂြမ္းစေလးမွာစြတ္ၿပီး အင္ပ်ဥ္ျဖစ္တဲ့ေနရာကို လူးေပးမယ္ဆိုရင္ အင္ပ်ဥ္ေၾကာင့္ ယားယံတာကိုသက္သာေစမွာေသခ်ာပါတယ္။

အစြမ္းထက္ ေဆးနည္းကို ကိုယ္တိုင္ ေဖာ္စပ္ သုံးစြဲလိုသူမ်ားအတြက္ သံပုရာသီး ၁၀ လုံးကို အရည္ညႇစ္၊ ဆႏြင္း ၂ ပဲသား၊ အနီေရာင္ထုံး အနည္းငယ္ကို ၎သံပုရာရည္ႏွင့္ ဆႏြင္းအေရာထဲ ထည့္ၿပီးေမႊပါ။

အနီေရာင္ ထုံးထည့္ရာတြင္ ပန္းေရာင္သမ္းယုံသာ ထည့္ရပါမည္။ ၎ေဆးကို တစ္ရက္ သုံးႀကိမ္ခန႔္ ယားယံေနေသာ ေနရာတြင္ လိမ္းေပးပါက အင္ျပင္ထျခင္း ေသြးယားေလယားကို ယူပစ္သလို ေပ်ာက္ကင္းသက္သာေစပါသည္။

၎ေဆးကို ကိုယ္ေတြ႕ေပ်ာက္ကင္းသူမွ ေျပာျပသျဖင့္ စာဖတ္သူမ်ားအတြက္ ေစတနာျဖင့္ ျပန္လည္မွ်ေဝလိုက္ပါသည္။