ၾကားသိရသမွ်

မင္းသမီးတစ္ေယာက္လိုေခ်ာေမာလွပပီးနာမည္ႀကီးခဲ့ေပမဲ့၊အက္စီးဒန့္တခုေၾကာင့္ေျခႏွစ္ဖက္လုံးဆုံးရႈံးသြားပီးေနာက္၊ေယာက္်ားျဖစ္သူရဲ႕စြန့္ပစ္ျခင္းကိုခံလိုက္ရတဲ့အမ်ိဳးသမီးရဲ႕ေၾကကြဲဖြယ္ျဖစ္ရပ္

လြန္ခဲ့တဲ့ (2008)ခုႏွစ္ကတ႐ုတ္ႏိုင္ငံစီခြၽမ္းေျမငလ်င္ေၾကာင့္၊ဒုကၡေရာက္တဲ့ျပည္သူေတြနဲ႔အေဆာက္ဦးအပ်က္စီးေတာ္ေတာ္မ်ားမ်ားဆုံးရႈံးသြားရတဲ့သတင္းေလးကိုေတာ့ၾကားဖူးၾကမွာပါ။ထိုငလ်င္ဒဏ္ေၾကာင့္ဆုံးရႈံးမႈႀကီးႀကဳံလိုက္ရတဲ့ Liao Zhi ဆိုတဲ့အမ်ိဳးသမီးဟာလဲ၊အေဆာက္ဦးေတြၿပိဳက်ပ်က္စီးခဲ့မႈေၾကာင့္တစ္ႏွစ္အ႐ြယ္သမီးေလးကိုဆုံးရႈံးလိုက္ရတဲ့အျပင္၊သူမရဲ႕ေျခႏွစ္ဖက္လုံးကိုပါဆုံးရႈံးခဲ့ရပါတယ္။

Liao Zhi ဟာအကဝါသနာပါသူျဖစ္ပီးေဟာင္ေကာင္မင္းသမီးေခ်ာတစ္ေယာက္နဲ႔႐ုပ္ဆင္တာေၾကာင့္၊နာမည္ႀကီးပီးလူခ်စ္လူခင္မ်ားသူတစ္ေယာက္ျဖစ္ပါတယ္။သူမဟာ၊အကသင္တန္းဆရာမတစ္ေယာက္အျဖစ္လဲလုပ္ကိုင္ေနသူပါ။

ဒါေပမဲ့ငလ်င္ဒဏ္ေၾကာင့္ကံဆိုးခဲ့ရပီးေျခႏွစ္ဖက္လုံးဆုံးရႈံးခဲ့ေပမဲ့လဲ၊ဘဝကိုအရႈံးမေပးပဲသူမဝါသနာပါတဲ့အကကိုဆက္ကခဲ့ပါတယ္။သူမရဲ႕အေျခေနေၾကာင့္သူမရဲ႕ခင္ပြန္းကလဲသူမကိုစြန္႔ခြာသြားခဲ့ပါတယ္။ထိုအခ်ိန္မွစပီးသူမရဲ႕ဘဝကိုႀကံ့ႀကံ့ခံရင္ဆိုင္ရင္းဘဝကိုေရွ႕ဆက္ခဲ့ပါတယ္။

ဒါ့အျပင္ Liao Zhi ဟာအရည္ခ်င္းရွိတဲ့ dancer သမားတစ္ေယာက္အျဖစ္နာမည္ႀကီးခဲ့ပီး၊သူမအေနနဲ႔ေျခတုကိုသာတပ္ဆင္ပီးအသုံးျပဳခဲ့ရပါတယ္။ၿပီးခဲ့တဲ့ႏွစ္တုန္းက၊တ႐ုတ္ႏိုင္ငံမွာငလ်င္ဒဏ္အႀကီးအက်ယ္ခံရတဲ့ Ya An ဆိုတဲ့ျပည္နယ္ကိုလဲ Liao Zhi တစ္​ေယာက္သြားေရာက္ပီးအကူညီေပးခဲ့ပါေသးတယ္။

သူမတုန္းကလဲငလ်င္ဒဏ္ေၾကာင့္၊အေဆာက္ဦးၾကားမွာခံေနခဲ့တုန္းကကယ္ဆယ္ေရးသမားေတြလာေရာက္ကူညီေပးတာေၾကာင့္၊အသက္မေသခဲ့ရဘူးလို႔ဆိုပါတယ္။

ဒါေၾကာင့္သူမအေနနဲ႔လဲယခုလိုငလ်င္ဒဏ္ခံရတဲ့ေနရာေတြကိုသြားေရာက္ပီး၊တတ္ႏိုင္သေလာက္ကူညီကယ္ဆယ္ေရးေတြလိုက္လုပ္ေပးရင္း၊ဒုကၡေရာက္တဲ့ျပည္သူေတြကိုအားမငယ္ပဲဘဝကိုအရႈံးမေပးဖို႔၊သူမကိုအတုယူဖို႔သင္ခန္းစာေပးရင္းကူညီသြားမယ္လို႔ဆိုပါတယ္။

crd-original

မင်းသမီးတစ်ယောက်လိုချောမောလှပပီးနာမည်ကြီးခဲ့ပေမဲ့၊အက်စီးဒန့်တခုကြောင့်ခြေနှစ်ဖက်လုံးဆုံးရှုံးသွားပီးနောက်၊ယောက်ျားဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့အမျိုးသမီးရဲ့ကြေကွဲဖွယ်ဖြစ်ရပ်

လွန်ခဲ့တဲ့ (2008)ခုနှစ်ကတရုတ်နိုင်ငံစီချွမ်းမြေငလျင်ကြောင့်၊ဒုက္ခရောက်တဲ့ပြည်သူတွေနဲ့အဆောက်ဦးအပျက်စီးတော်တော်များများဆုံးရှုံးသွားရတဲ့သတင်းလေးကိုတော့ကြားဖူးကြမှာပါ။

ထိုငလျင်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးကြုံလိုက်ရတဲ့ Liao Zhi ဆိုတဲ့အမျိုးသမီးဟာလဲ၊အဆောက်ဦးတွေပြိုကျပျက်စီးခဲ့မှုကြောင့်တစ်နှစ်အရွယ်သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အပြင်၊သူမရဲ့ခြေနှစ်ဖက်လုံးကိုပါဆုံးရှုံးခဲ့ရပါတယ်။

Liao Zhi ဟာအကဝါသနာပါသူဖြစ်ပီးဟောင်ကောင်မင်းသမီးချောတစ်ယောက်နဲ့ရုပ်ဆင်တာကြောင့်၊နာမည်ကြီးပီးလူချစ်လူခင်များသူတစ်ယောက်ဖြစ်ပါတယ်။သူမဟာ၊အကသင်တန်းဆရာမတစ်ယောက်အဖြစ်လဲလုပ်ကိုင်နေသူပါ။ဒါပေမဲ့ငလျင်ဒဏ်ကြောင့်ကံဆိုးခဲ့ရပီးခြေနှစ်ဖက်လုံးဆုံးရှုံးခဲ့ပေမဲ့လဲ၊ဘဝကိုအရှုံးမပေးပဲသူမဝါသနာပါတဲ့အကကိုဆက်ကခဲ့ပါတယ်။

သူမရဲ့အခြေနေကြောင့်သူမရဲ့ခင်ပွန်းကလဲသူမကိုစွန့်ခွာသွားခဲ့ပါတယ်။ထိုအချိန်မှစပီးသူမရဲ့ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်ရင်းဘဝကိုရှေ့ဆက်ခဲ့ပါတယ်။

ဒါ့အပြင် Liao Zhi ဟာအရည်ချင်းရှိတဲ့ dancer သမားတစ်ယောက်အဖြစ်နာမည်ကြီးခဲ့ပီး၊သူမအနေနဲ့ခြေတုကိုသာတပ်ဆင်ပီးအသုံးပြုခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းက၊တရုတ်နိုင်ငံမှာငလျင်ဒဏ်အကြီးအကျယ်ခံရတဲ့ Ya An ဆိုတဲ့ပြည်နယ်ကိုလဲ Liao Zhi တစ်​ယောက်သွားရောက်ပီးအကူညီပေးခဲ့ပါသေးတယ်။

သူမတုန်းကလဲငလျင်ဒဏ်ကြောင့်၊အဆောက်ဦးကြားမှာခံနေခဲ့တုန်းကကယ်ဆယ်ရေးသမားတွေလာရောက်ကူညီပေးတာကြောင့်၊အသက်မသေခဲ့ရဘူးလို့ဆိုပါတယ်။ဒါကြောင့်သူမအနေနဲ့လဲယခုလိုငလျင်ဒဏ်ခံရတဲ့နေရာတွေကိုသွားရောက်ပီး၊တတ်နိုင်သလောက်ကူညီကယ်ဆယ်ရေးတွေလိုက်လုပ်ပေးရင်း၊ဒုက္ခရောက်တဲ့ပြည်သူတွေကိုအားမငယ်ပဲဘဝကိုအရှုံးမပေးဖို့၊သူမကိုအတုယူဖို့သင်ခန်းစာပေးရင်းကူညီသွားမယ်လို့ဆိုပါတယ်။

crd-original