အားလုံးကို မျက်ရည်ကျစေခဲ့တဲ့ ဖခင်ဖြစ်သူဦးဇင်ဝိုင်းအတွက် မင်းမော်ကွန်းရေးတဲ့စာလေး
မင်္ဂလာပါ ပရိသတ်ကြီရေ စာဖတ်သူ ပရိတ်သတ်အပေါင်းအတွက် ယခုပြောပြချင်တာလေးကတော့ အကိုဖြစ်သူ သရုပ်ဆောင် မင်းသား မင်းမော်ကွန်းနှင့် ဖခင်
သရုပ်ဆောင် မင်းသားဇင်ဝိုင်းကို စိတ်ပူပြီး ရင်တွင်း စကားတွေပြောပြလာတဲ့ Kyi Thar Hyay Lwin ရဲ့ ပြောစကားတွေ ဖြစ်ပါတယ်။
သရုပ်ဆောင် မင်းသား မင်းမော်ကွန်းနှင့် သရုပ်ဆောင် မင်းသား ဇင်းဝိုင်းဟာ လူမသမာတွေ မတရားအာဏာရယူချိန်ထဲက ပြည်သူတွေနဲ့အတူတသားထဲ တိုက်ပွဲ
ဝင်နေသူလဲ ဖြစ်ပါတယ် … ဒီလို ပြည်သူဘက်တော်သားဖြစ်တဲ့အတွက် ဖမ်းဝရမ်း ထုတ်ခံထားရသူတွေလဲ ဖြစ်ပါတယ်။
မင်းမော်ကွန်းဟာ ဖမ်းဝရမ်း ထုတ်ခံထားရ သော်လဲ တိုင်ပွဲဝင်အားကို မလျော့ပဲ ဆက်လက်တိုက်ပဲ ဝင်နေဆဲ ဖြစ်ပါတယ် …ဒီလို တိုက်ပွဲဝင်နေတဲ့ကြားက ဖခင်ကြီး
အတွက်လဲ စိတ်မအေး ဖြစ်နေရ ရှာပါတယ် …မင်းမော်ကွန်း စိတ်ပူမယ်ဆိုလဲ ပူစရာပါပဲ သရုပ်ဆောင်ကြီး ဇင်ဝိုင်းဟာ အသက်ကြီးလာသော်တိုင်းပြည်ရဲ့ တာဝန်ကို
ပြည်သူနဲ့အတူ တက်တက်ကြွကြွ ပါဝင်နေဆဲဖြစ်ပါတယ်…
မင်းမော်ကွန်းဟာ သူ့အဖေကို စိတ်ပူလို့ နေသလိုသူ့ညီ Kyi Thar Htay Lwin ဟာလဲ ဖခင်အတွက် အခုလို အဝေတနေရာကနေ စားလေးရေးလိုက်ပါတယ်။” သို့
အဖေသားလေ … အဖေ့သားဖြစ်ရတာ သိပ်ဂုဏ်ယူတာပဲ … ကိုယ်မှန်တယ်ထင်ရင် ဘာမဆိုလုပ်ရဲတဲ့စိတ်ဓါတ် …
ဘာကိုမှဂရုမစိုက်ဘဲ အမှန်တရားအတွက်ဆိုရှေ့တန်းထွက်ရဲတဲ့ သတ္တိ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး သားစိတ်တွေ အရမ်းပူနေခဲ့ပါတယ် … မရယ်နိုင် မပြုံးနိုင်လောက်
အောင်ပါပဲ … အဖေနဲ့ ကိုကို တခုခုဖြစ်မှာသိပ်ကိုစိုးရိမ်တယ် … ဒါပေမဲ့ အဖေနဲ့ဖုန်းပြောပြီးတဲ့ အချိန်ကစပြီး …
သားမှာ စိုးရိမ်စိတ်တွေ မရှိတော့ဘူး အဖေ အဲဒီနေ့က အဖေ့မျက်လုံးထဲမှာ သိပ်ကိုပြတ်သားတဲ့အရိပ်အယောင်တွေကို မြင်လိုက်ရတယ် … အမှန်တရားကလွဲရင်
ဘယ်ဟာမှ အရေးမကြီးဘူးဆိုတာသိလိုက်ရတယ်…အဖေ အမှန်တရားအတွက် လုပ်နေတယ်ဆိုတာကိုလည်း ပိုပြီး သိလိုက်ရ ပါတယ်။
အဖေပင်ပန်းနေပြီ နောက်နေ့တစ်ရက်တော့ နားလိုက်ပါဦးဆိုတာကို အေးပါ အေးပါဆိုပြီး ညနေပိုင်းကို ရအောင်ထွက်သေးတယ် နော် … အဖေအသက်ကြီးပြီ အဖေ
… ၈၈ တုန်းကလည်း အဖေ ဒုက္ခမျိုးစုံနဲ့ပေးဆပ်ခဲ့ပြီးပါပြီ … အခုအချိန်မှာ အဖေဝင်မပါလည်း ဘာမှမဖြစ်ပါဘူး။
လူငယ်တွေ လုပ်ကြမှာပေါ့ သားတို့လုပ်ရမှာပေါ့ … ခေါင်းမာလိုက်တာ အဖေရေ … အခုအချိန်မှာသား အဖေတို့နဲ့ အတူမရှိနိုင်တာကို ခွင့်လွှတ်ပါ အဖေ … သားလည်း
အဖေ့ စိတ်ဓါတ်မျိုးတွေရှိချင်လိုက်တာ အဖေရယ် …သားသာ အဖေ့နေရာမှာဆိုရင် ဒီလိုသတ္တိ မျိုးမရှိနိုင်ပါဘူး။
အဖေကျန်းမာအောင်နေပေးပါ အဖေ … အားလုံး အဆင်ပြေသွားတဲ့ တစ်နေ့ … ဒီပြဿနာကြီး ပြီးသွားတဲ့တစ်နေ့ …အဖေပြုံးနေတာလေး မြင်ချင်သေးတယ် အဖေ
…ချစ်တဲ့ … လွမ်းတဲ့ …သား ” ဆိုပြီး တင်ထားတာကိုမင်းမော်ကွန်းက ”အဖေနားပါအဖေ … သားတို့တောင် လူရော စိတ်ရော ပင်ပန်းနေတာ…အဖေဆို ပိုပင်ပန်းမှာ မ
ပြောပေမယ့် … သိနေလို့ပါအဖေရယ် …
အဖေ့ကိုအရင်လိုထပ်ပြီးနည်း … ပေါင်းစုံနဲ့နှိပ်စက်တာ မခံစေချင်ပါဘူး … သားတာဝန်ထားပါအဖေ … အမေ့ကိုပဲစောင့်လျှောက်ပေးပါ … အိမ်မှာ အဖေနဲ့သား …
တစ်ယောက်ယောက်တော့ရှိနေမှဖြစ်မှာပါ ” ဆိုတဲ့ စာလေးရေးကာ ထပ်ဆင့်ရှယ်ထားတာ တွေ့ရပါတယ်။
ဒီစာသားလေးတွေရဲ့နောက်မှာ ဖခင်ဖြစ်သူ ဇင်ဝိုင်းရဲ့တိုင်းပြည်ချစ်စိတ်ကို အထင်းသား မြင်နေရသလို … သားဖြစ်သူ မင်းမော်ကွန်းရဲ့ ” သား ဆိုတာ အား ” ဆိုသလို
ဖခင်လိုတိုင်းပြည်ချစ်စိတ် အပြည့်ရှိနေတာ ဝမ်းသာဖွယ် တွေ့မြင်ရပါတယ်…
ဒါ့အပြင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရင်း မိသားစုနှင့် ဖခင်အတွက် အတွက်ရင်မအေး ဖြစ်နေပုံလေး မြင်ရတော့ မျက်ရည်ဝဲအောင် စိတ်မကောင်းဖြစ်ရပါ
တယ် … ဒီလို မိသားစု တကွဲတပြားဖြစ်ရတာတွေ ဒီမိုကရေစီတိုက်ပွဲမှာကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ အဖြစ်တွေ အားလုံးရဲ့ တရားခံရတော့ မ အ လ ပင်ဖြစ်ပါ
တော့တယ် ခင်ဗျာ။ စာဖတ်သူအပေါင်း ဘေးဘယာ ဝေးကွာကြပါစေ …