သ႐ုပ္ေဆာင္ျဖစ္ခ်င္လို႔ ဒီလိုေတြလုပ္တာမဟုတ္ဘူး သူ႔ဘာသာေရာက္လာတာပါဆိုတဲ့ ျဖဴျဖဴေထြး

အႏုပညာရွင္ေတြနဲ႕ ေၾကာ္ျငာတြဲရိုက္တဲ့အခါ အႏုပညာေၾကးကိစၥနဲ႕ပတ္သက္လို႕ “ကိုယ္တတ္ႏိုင္သေလာက္ေလးေပးပါတယ္၊ သူတို႕ကလည္းေၾကးမသတ္မွတ္ပါဘူး၊ တစ္ဦးနဲ႕တစ္ဦးနားလည္မႈနဲ႕ဘဲအလုပ္လုပ္ေနၾကတယ္ဆိုျပီး”သူမတို႕အႏုပညာအလုပ္ လုပ္ပံုကိုင္ပံုကို ေျပာျပလာပါတယ္။

သရုပ္ေဆာင္အႏုပညာရွင္ၾကီးေတြအားလံုးက ျဖဴျဖဴေထြးေလးကို ခ်စ္ၾကတယ္ အလုပ္တြဲလုပ္ဖို႕ကမ္းလွမ္းတိုင္းလည္း လက္ခံရိုက္ကူးေပးၾကပါတယ္။ အဲလိုကံေကာင္းမႈေလးနဲ႕ပတ္သက္ျပီးေတာ့လည္း” အလုပ္ကမ္းလွမ္းတဲ့အခါ ဦးတို႕က အႏုပညာေၾကးမသတ္မွတ္ပါဘူး၊ သမီးေပးႏိုင္သေလာက္ဘဲေပးပါဆိုပီး လူတိုင္းလိုလိုေျပာၾကပါတယ္၊ ေၾကာ္ျငာရိုက္ေတာ့လည္း ဖုန္းနဲ႕ဘဲရိုက္တာပါ၊ တစ္ခါတစ္ေလေတာ့လည္း အႏုပညာေၾကးကို အိတ္ထဲကစိုက္ေပးရတာေတြရွိတယ္”ဆိုျပီး သူမရဲ႕ကံေကာင္းမႈေလးကိ္ုေျပာျပလာပါတယ္။

အခုလိုေအာင္ျမင္လာတာ ကံတရားေၾကာင့္ဘဲလားဆိုတဲ့အေပၚ” ကံကိုခ်ည္းဘဲလႊဲခ်လို႔မရပါဘူး၊ ကံကိုၾကီးဘဲလႊဲခ်ျပီး ကိုယ္ကမၾကိဳးစားရင္ ဘာမွျဖစ္မလာႏိုင္ပါဘူး၊ အဓိကကေတာ့ မခံခ်င္စိတ္နဲ႕ၾကိဳးစားမႈ၊ ပိုေအာင္ျမင္လာလည္း မေျပာင္းလည္းတဲ့စိတ္ပါ” ဆိုျပီးသူမရဲ႕ခံယူခ်က္ေလးကိုေျပာသြားပံုက ေလးစားဖြယ္ရာပါ။

“ကိုယ္က တစ္ေန႕ဒါလွဴလိုက္တယ္ ေနာက္ရက္အိမ္ကို ပစၥည္းေတြလာခ်ေပးၾကတယ္၊ သံုးခ်င္သံုး လွဴခ်င္လွဴဆိုျပီးေတာ့၊ စိတ္ထဲကအျပတ္လွဴလိုက္ရင္ ကိုယ့္အတြက္လည္းပိုမ်ားတဲ့အက်ိဳးေက်းဇူးေတြရလာတာယံုၾကည္ပါတယ္”ဆိုျပီးလည္း သူမရဲ႕ခံယူခ်က္ကို ေျပာထားပါေသးတယ္။

“သရုပ္ေဆာင္ဘဝေရာက္လာတာကလည္း ကိုယ္ကဒီလိုင္းထဲကိုသီးသန္႕ဝင္လာတာေတာ့မဟုတ္ပါဘူး သူ႕ဟာသူေရာက္လာတာ၊ အစတံုးကေတာ့မလုပ္တတ္မကိုင္တတ္နဲ႕ အခုေတာ့ၾကိဳးစားရင္း နားလည္လာခဲ့ပါတယ္၊ ကိုဗစ္ျပီးရင္ ရုပ္ရွင္ကားၾကီးတစ္ကားမွာ ေခါင္းေဆာင္မင္းသမီးေနရာကရိုက္ဖို႕လည္း လက္ခံထားပါတယ္”လို႕ေျပာပါတယ္။

ပရိတ္သတ္ၾကီးေရာ ျဖဴျဖဴေထြးေလး ရုပ္ရွင္ရိုက္ရင္ အားေပးၾကမယ္မွတ္လား အားေပးတယ္ဆို ေကာမန္႔မွာ မွတ္ခ်က္ေလးေတြေရးသြားပါအံုးေနာ္

ထန္းညက္ခဲ(ပဲခူးဆား)

 

Unicode

အနုပညာရှင်တွေနဲ့ ကြော်ငြာတွဲရိုက်တဲ့အခါ အနုပညာကြေးကိစ္စနဲ့ပတ်သက်လို့ “ကိုယ်တတ်နိုင်သလောက်လေးပေးပါတယ်၊ သူတို့ကလည်းကြေးမသတ်မှတ်ပါဘူး၊ တစ်ဦးနဲ့တစ်ဦးနားလည်မှုနဲ့ဘဲအလုပ်လုပ်နေကြတယ်ဆိုပြီး”သူမတို့အနုပညာအလုပ် လုပ်ပုံကိုင်ပုံကို ပြောပြလာပါတယ်။

သရုပ်ဆောင်အနုပညာရှင်ကြီးတွေအားလုံးက ဖြူဖြူထွေးလေးကို ချစ်ကြတယ် အလုပ်တွဲလုပ်ဖို့ကမ်းလှမ်းတိုင်းလည်း လက်ခံရိုက်ကူးပေးကြပါတယ်။ အဲလိုကံကောင်းမှုလေးနဲ့ပတ်သက်ပြီးတော့လည်း” အလုပ်ကမ်းလှမ်းတဲ့အခါ ဦးတို့က အနုပညာကြေးမသတ်မှတ်ပါဘူး၊ သမီးပေးနိုင်သလောက်ဘဲပေးပါဆိုပီး လူတိုင်းလိုလိုပြောကြပါတယ်၊ ကြော်ငြာရိုက်တော့လည်း ဖုန်းနဲ့ဘဲရိုက်တာပါ၊ တစ်ခါတစ်လေတော့လည်း အနုပညာကြေးကို အိတ်ထဲကစိုက်ပေးရတာတွေရှိတယ်”ဆိုပြီး သူမရဲ့ကံကောင်းမှုလေးကိ်ုပြောပြလာပါတယ်။

အခုလိုအောင်မြင်လာတာ ကံတရားကြောင့်ဘဲလားဆိုတဲ့အပေါ်” ကံကိုချည်းဘဲလွှဲချလို့မရပါဘူး၊ ကံကိုကြီးဘဲလွှဲချပြီး ကိုယ်ကမကြိုးစားရင် ဘာမှဖြစ်မလာနိုင်ပါဘူး၊ အဓိကကတော့ မခံချင်စိတ်နဲ့ကြိုးစားမှု၊ ပိုအောင်မြင်လာလည်း မပြောင်းလည်းတဲ့စိတ်ပါ” ဆိုပြီးသူမရဲ့ခံယူချက်လေးကိုပြောသွားပုံက လေးစားဖွယ်ရာပါ။

“ကိုယ်က တစ်နေ့ဒါလှူလိုက်တယ် နောက်ရက်အိမ်ကို ပစ္စည်းတွေလာချပေးကြတယ်၊ သုံးချင်သုံး လှူချင်လှူဆိုပြီးတော့၊ စိတ်ထဲကအပြတ်လှူလိုက်ရင် ကိုယ့်အတွက်လည်းပိုများတဲ့အကျိုးကျေးဇူးတွေရလာတာယုံကြည်ပါတယ်”ဆိုပြီးလည်း သူမရဲ့ခံယူချက်ကို ပြောထားပါသေးတယ်။

“သရုပ်ဆောင်ဘဝရောက်လာတာကလည်း ကိုယ်ကဒီလိုင်းထဲကိုသီးသန့်ဝင်လာတာတော့မဟုတ်ပါဘူး သူ့ဟာသူရောက်လာတာ၊ အစတုံးကတော့မလုပ်တတ်မကိုင်တတ်နဲ့ အခုတော့ကြိုးစားရင်း နားလည်လာခဲ့ပါတယ်၊ ကိုဗစ်ပြီးရင် ရုပ်ရှင်ကားကြီးတစ်ကားမှာ ခေါင်းဆောင်မင်းသမီးနေရာကရိုက်ဖို့လည်း လက်ခံထားပါတယ်”လို့ပြောပါတယ်။

ပရိတ်သတ်ကြီးရော ဖြူဖြူထွေးလေး ရုပ်ရှင်ရိုက်ရင် အားပေးကြမယ်မှတ်လား အားပေးတယ်ဆို ကောမန့်မှာ မှတ်ချက်လေးတွေရေးသွားပါအုံးနော်

ထန်းညက်ခဲ(ပဲခူးဆား)