အပါယ်တံခါးပိတ်ချင်ရင်
အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။
ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။ဒီနေရာမှာ စဉ်းစားရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီးအပါယ်ကလွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။
ဆိုပါစို့ . . .ဒါနကောင်းမှုလုပ်တယ်၊ သီလစောင့်တည်တယ်၊ကမဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်သို့သော် သောတာပန်ဆိုတဲ့ အဆင့်မရောက်ဘူး။
အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလားလို့ပြောရင် လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။သို့သော် အာမခံချက်တော့ မရှိဘူး။
အပဋ္ဌာန်ပါဋ္ဌိတော် မှာဆိုရင် အမျိုးကောင်းသား တစ်ယောက်ဟာ ဘုရားတစ်ဆူကို ပန်းပွင့်လေး တစ်ပွင့် လှူ လိုက်တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့ အဲဒီပန်းလှူ တဲ့ ကုသိုလ်ကိုအကြောင်းပြုပြီး ရဟန္တာ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်။
ဒါက အာမခံချက် ရှိလားဆိုတော့အာမခံချက် ရှိလို့ပြောတာ မဟုတ်ဘူး။ အပါယ်တံခါးတော့ ပွင့်နေတယ်။ ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့လား။ အေးတံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။
သို့သော် တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။ ကုသိုလ်ကောင်းမှုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သာမာန်ကုသိုလ်တွေနဲ့ အပါယ်တံခါး ပိတ်တယ်လို့ ပြောလို့မရဘူး။
အာမခံချက် မရှိဘူး။ သို့သော် အပါယ်ကိုကျ မှာလားလို့ မေးရင် ကျ ချင်မှကျမယ်ပေါ့။ ဘယ်သူက ဆွဲတင်တုန်းဆိုရင် ကုသိုလ်ကံတွေ က ဆွဲတင်ပေးနေမှာ။
ဒါလည်း အင်မတန် အခြေအနေကောင်းနေမှ။အခြေအနေ မကောင်းရင် မရဘူး။ ကဲ ခုနက ပန်းလေးတစ်ပွင့် လှူ တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘူးဆိုတာ ဒီပန်းလေးတစ်ပွင့်ဆိုတဲ့ ကုသိုလ်ကောင်းမှုက နေပြီးတော့ ကယ်သွားတာလားဆိုတော့ ဒီလိုတွက်လို့မရဘူး။
ဘယ်လိုယူရမတုန်းဆိုရင် ဘုရားကိုရည်စူးပြီးတော့ ပန်းလေးတစ်ပွင့် လှူ တာကို အကြောင်းပြု ပြီးတော့ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။
ကောင်းတဲ့ဘုံဘဝ ရောက်တဲ့ခါကုသိုလ်တွေ ဆက်လုပ်တယ်။နောက်ဘဝလည်း ကုသိုလ်တွေ ဆက်ဆက်လုပ်တယ်။ကုသိုလ်တွေ ဆက်ဆက်လုပ်သွားလို့ အပါယ်မကျတာ။ ဒီဘဝမှာ ပန်းလေးတစ်ပွင့် လှူထားတယ်။ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။
မေ့မေ့လျော့လျော့ နေပြီးတော့ အကုသိုလ်တွေလုပ်မယ်ဆိုရင် ငရဲကျ မှာပဲလေ။ ပန်းလေးတစ်ပွင့် လှူတာနဲ့ ဒီကုသိုလ်ကနေ ကယ်သွားတယ်ဆိုတာက ဒီကုသိုလ်ရဲ့ စွမ်းရည်သတ္တိကို ဖော်ပြတဲ့အနေနဲ့ ဟောတာနော်။တကယ် အဓိပ်ပါယျယူရမှာက ပန်းလေးတစ်ပွင့် လှူ လိုက်လို့ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။
အဲဒီ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါ ကုသိုလ်တွေ ဆက်ပြီးလုပ်တယ်။လုပ်သည့်အတွက်ကြောင့်ကောင်းတဲ့ဘုံက ကောင်းတဲ့ဘုံကိုရောက်ပြီးတော့ နောက်ဆုံးမှာ ဘုရားနဲ့တွေ့လို့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာပဲ။ ဟောဒီလို အဓိပ်ပါယျမြိုးကို ဆိုလိုတယ်။ဒါကြောင့်မို့ ကုသိုလ်ကံတွေဆိုတာ အားကိုးထိုက်ပါတယ်။အားမကိုးထိုက်ဘူး မဟုတ်ဘူး။
သို့သော် အပါယ်တံခါး ပိတ်သလားလို့မေးရင်တော့ အပါယ်တံခါး ပိတ်တယ်ဆိုတာ နိဗ္ဗာန် တံခါးဖွင့်နိုင်မှ အပါယ်တံခါး ပိတ်တယ်လို့ ဒီလိုမှတ်ရမယ်။ ကဲ ဒါဖြင့် နိဗ္ဗာန် တံခါးကို ဘာနဲ့ ဖွင့်မလဲ။ နိဗ္ဗာန်တံခါး ဖွင့်ချင်တယ် ဆိုလိုရှိရင်တော့။
ဝိပဿနာနဲ့ပဲ ဖွင့်လို့ရတယ်။နိဗ္ဗာန်တံခါးဟာ ဝိပဿ နာနဲ့ပဲ သွားရမယ်။ဝိပဿနာကျင့်စဉ် မကျင့်ဘဲ နဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာလောကမှာ မရှိဘူးတဲ့။
ပါမောက္ခချုပ်_ဆရာတော်ကြီးဒေါက်တာ နန္ဒမာလာဘိဝံသ
မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။ ဒါန သီလ ဘာဝနာဝိပဿနာ ကုသိုလ်များကို မမေ့မလျော့ ပြု နိုင်ကြပါစေ။Credit

အပါယ္တံခါးပိတ္ခ်င္ရင္
အပါယ္တံခါးပိတ္ခ်င္ရင္ ဘယ္လိုလုပ္ရမလဲ။အပါယ္တံခါးပိတ္ဖို႔အတြက္ ဘာလုပ္ရမလဲ။
ဘာနဲ႔မွ အပါယ္တံခါး ပိတ္လို႔ရမလဲ။ဒီေနရာမွာ စဥ္းစားရမယ္၊ ကုသိုလ္ေကာင္းမႈလုပ္ၿပီးအပါယ္ကလြတ္သြားတဲ့ ပုဂၢိဳလ္ေတြ မရွိႏိုင္ဘူးလား။
ဆိုပါစို႔ . . .ဒါနေကာင္းမႈလုပ္တယ္၊ သီလေစာင့္တည္တယ္၊ကမ႒ာန္းဘာဝနာ ပြားမ်ားအားထုတ္တယ္သို႔ေသာ္ ေသာတာပန္ဆိုတဲ့ အဆင့္မေရာက္ဘူး။
အဲဒီ ပုဂၢိဳလ္ အပါယ္မလြတ္ဘူးလားလို႔ေျပာရင္ လြတ္ႏိုင္ပါတယ္လို႔ပဲ ေျဖရမယ္။သို႔ေသာ္ အာမခံခ်က္ေတာ့ မရွိဘူး။
အပ႒ာန္ပါ႒ိေတာ္ မွာဆိုရင္ အမ်ိဳးေကာင္းသား တစ္ေယာက္ဟာ ဘုရားတစ္ဆူကို ပန္းပြင့္ေလး တစ္ပြင့္ လႉ လိုက္တာနဲ႔ (၉၁)ကမာၻ အပါယ္မလားဘဲနဲ႔ ေနာက္ဆုံးက်ေတာ့ အဲဒီပန္းလႉ တဲ့ ကုသိုလ္ကိုအေၾကာင္းျပဳၿပီး ရဟႏၲာ ျဖစ္ၿပီးေတာ့ ပရိနိဗၺာန္စံသြားတယ္။
ဒါက အာမခံခ်က္ ရွိလားဆိုေတာ့အာမခံခ်က္ ရွိလို႔ေျပာတာ မဟုတ္ဘူး။ အပါယ္တံခါးေတာ့ ပြင့္ေနတယ္။ ပြင့္တိုင္းက်တာမွ မဟုတ္ဘဲကိုး။တံခါးပြင့္ေနတိုင္း ဒီတံခါးေပါက္ကထြက္တာ ဟုတ္ရဲ႕လား။ ေအးတံခါးကေတာ့ ပြင့္ခ်င္ပြင့္ေနမွာပဲ။
သို႔ေသာ္ တံခါးထဲ မဝင္လို႔ရွိရင္ေတာ့ မေရာက္ဘူးေပါ့။ ကုသိုလ္ေကာင္းမႈလုပ္ေနတဲ့ ပုဂၢိဳလ္ေတြဟာ သာမာန္ကုသိုလ္ေတြနဲ႔ အပါယ္တံခါး ပိတ္တယ္လို႔ ေျပာလို႔မရဘူး။
အာမခံခ်က္ မရွိဘူး။ သို႔ေသာ္ အပါယ္ကိုက် မွာလားလို႔ ေမးရင္ က် ခ်င္မွက်မယ္ေပါ့။ ဘယ္သူက ဆြဲတင္တုန္းဆိုရင္ ကုသိုလ္ကံေတြ က ဆြဲတင္ေပးေနမွာ။
ဒါလည္း အင္မတန္ အေျခအေနေကာင္းေနမွ။အေျခအေန မေကာင္းရင္ မရဘူး။ ကဲ ခုနက ပန္းေလးတစ္ပြင့္ လႉ တာနဲ႔ (၉၁)ကမာၻ အပါယ္မလားဘူးဆိုတာ ဒီပန္းေလးတစ္ပြင့္ဆိုတဲ့ ကုသိုလ္ေကာင္းမႈက ေနၿပီးေတာ့ ကယ္သြားတာလားဆိုေတာ့ ဒီလိုတြက္လို႔မရဘူး။
ဘယ္လိုယူရမတုန္းဆိုရင္ ဘုရားကိုရည္စူးၿပီးေတာ့ ပန္းေလးတစ္ပြင့္ လႉ တာကို အေၾကာင္းျပဳ ၿပီးေတာ့ ေကာင္းတဲ့ဘုံဘဝ ေရာက္သြားတယ္။
ေကာင္းတဲ့ဘုံဘဝ ေရာက္တဲ့ခါကုသိုလ္ေတြ ဆက္လုပ္တယ္။ေနာက္ဘဝလည္း ကုသိုလ္ေတြ ဆက္ဆက္လုပ္တယ္။ကုသိုလ္ေတြ ဆက္ဆက္လုပ္သြားလို႔ အပါယ္မက်တာ။ ဒီဘဝမွာ ပန္းေလးတစ္ပြင့္ လႉထားတယ္။ေကာင္းတဲ့ဘုံဘဝ ေရာက္သြားတယ္။
ေမ့ေမ့ေလ်ာ့ေလ်ာ့ ေနၿပီးေတာ့ အကုသိုလ္ေတြလုပ္မယ္ဆိုရင္ ငရဲက် မွာပဲေလ။ ပန္းေလးတစ္ပြင့္ လႉတာနဲ႔ ဒီကုသိုလ္ကေန ကယ္သြားတယ္ဆိုတာက ဒီကုသိုလ္ရဲ႕ စြမ္းရည္သတၱိကို ေဖာ္ျပတဲ့အေနနဲ႔ ေဟာတာေနာ္။တကယ္ အဓိပ္ပါယ်ယူရမွာက ပန္းေလးတစ္ပြင့္ လႉ လိုက္လို႔ေကာင္းတဲ့ဘုံဘဝ ေရာက္သြားတယ္။
အဲဒီ ေကာင္းတဲ့ဘုံဘဝ ေရာက္တဲ့အခါ ကုသိုလ္ေတြ ဆက္ၿပီးလုပ္တယ္။လုပ္သည့္အတြက္ေၾကာင့္ေကာင္းတဲ့ဘုံက ေကာင္းတဲ့ဘုံကိုေရာက္ၿပီးေတာ့ ေနာက္ဆုံးမွာ ဘုရားနဲ႔ေတြ႕လို႔ ရဟႏၲာျဖစ္ၿပီး ပရိနိဗၺာန္စံတာပဲ။ ေဟာဒီလို အဓိပ္ပါယ်ၿမိဳးကို ဆိုလိုတယ္။ဒါေၾကာင့္မို႔ ကုသိုလ္ကံေတြဆိုတာ အားကိုးထိုက္ပါတယ္။အားမကိုးထိုက္ဘူး မဟုတ္ဘူး။
သို႔ေသာ္ အပါယ္တံခါး ပိတ္သလားလို႔ေမးရင္ေတာ့ အပါယ္တံခါး ပိတ္တယ္ဆိုတာ နိဗၺာန္ တံခါးဖြင့္ႏိုင္မွ အပါယ္တံခါး ပိတ္တယ္လို႔ ဒီလိုမွတ္ရမယ္။ ကဲ ဒါျဖင့္ နိဗၺာန္ တံခါးကို ဘာနဲ႔ ဖြင့္မလဲ။ နိဗၺာန္တံခါး ဖြင့္ခ်င္တယ္ ဆိုလိုရွိရင္ေတာ့။
ဝိပႆနာနဲ႔ပဲ ဖြင့္လို႔ရတယ္။နိဗၺာန္တံခါးဟာ ဝိပႆ နာနဲ႔ပဲ သြားရမယ္။ဝိပႆနာက်င့္စဥ္ မက်င့္ဘဲ နဲ႔ နိဗၺာန္တံခါး ဖြင့္တယ္ဆိုတာေလာကမွာ မရွိဘူးတဲ့။
ပါေမာကၡခ်ဳပ္_ဆရာေတာ္ႀကီးေဒါက္တာ နႏၵမာလာဘိဝံသ
မူရင္းေရးသားပူေဇာ္သူကိုလည္းဂါရဝျပဳပါသည္။ ဒါန သီလ ဘာဝနာဝိပႆနာ ကုသိုလ္မ်ားကို မေမ့မေလ်ာ့ ျပဳ ႏိုင္ၾကပါေစ။Credit



