ဗဟုသုတ

ချောကလက်ကို နေ့တိုင်းစားပေးသင့်တဲ့ အချက် (၅) ခု

ချောကလက်ကို နေ့တိုင်းစားပေးသင့်တဲ့ အချက် (၅) ခု

ချောကလက် ကြိုက်သူတွေက ချောကလက်တွေကို အများကြီး စားတတ်လို့ တခါတလေမှာ ကိုယ့်ကိုယ်ကိုယ်တောင် သံသယ ရှိလာမှာပါ။ ဒါပေမယ့် ချောကလက် ကြိုက်တာနဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ပူစရာ မလိုတော့ပါဘူး။

အနက်ရောင် ချောကလက်မှာ ကိုကိုး ပါဝင်မှုနှုန်းများလို့ အတော်ကို အရသာ ရှိပါတယ်။ ဒါတင် မကပါဘူး။ ကျန်းမာရေးအတွက်လည်း အလွန်ကို သင့်တော်ပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ချောကလက်ကို နေ့တိုင်းစားပေးသင့်ပါတယ်။

1. စိတ်ဓာတ် တက်ကြွစေတယ်။

အနက်ရောင် ချောကလက်ကို အနည်းငယ် စားပေးရုံနဲ့ အလုပ်တွေကို ပြည့်ပြည့်ဝဝ လုပ်ကိုင်နိုင်မှာပါ။ အနက်ရောင် ချောကလက်မှာ အမိုင်နိုအက်စစ် ပါဝင်ပါတယ်။ အမိုင်နိုအက်စစ်က ဦးနှောက်ကို မှတ်သားနိုင်စွမ်းမြင့်မားစေပါတယ်။ စိတ်ကိုလည်း ပျော်ရွှင်စေပါတယ်။

2. ဦးနှောက်အတွက် အာဟာရ

ချောကလက်စားခြင်းက ဦးနှောက်ကို ထက်မြက်စေပြီး ဦးနှောက် ထိခိုက်ဒဏ်ရာရမှုကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ နှစ်ပေါင်း 40 ကြာ အချိန်ယူပြုစုနခဲ့တဲ့ သုတေသနတစ်ခုမှာ ချောကလက်ကို မကြာခဏ စားတဲ့လူတွေက ဦးနှောက်ကိုသုံးရတဲ့ လုပ်ငန်းတွေမှာ ပိုပြီးအလုပ်လုပ်နိုင်တယ် လို့ ရေးသားထားပါတယ်။

3. အစာချေဖျက်မှုအတွက် အကျိုးရှိတယ်။

အနက်ရောင် ချောကလက်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော level ကို ထိန်းညှိပေးရာမှာ အကူအညီ ဖြစ်စေပါတယ်။ ဒါ့ကြောင့် အနက်ရောင် ချောကလက်က အစာချေဖျက်မှုအတွက် အကျိုးရှိပြီး ကိုယ်ခန္ဓာ အလေးချိန်ကိုလည်း ထိန်းချူပ်ပေးပါတယ်။

4. ကလေးတွေကို ပျော်ရွှင်စေတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ချောကလက်ကို ပိုစားပေးရင် ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကလေးတွေကို ရနိုင်ချေ ပိုများတယ်လို့ ဖင်လန်နိုင်ငံရဲ့ သုတေသနစာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ချောကလက်ကို ချင်ခြင်းတပ်တယ် ဆိုရင်တော့ အလျှော့ပေးလိုက်ပါ။ ကလေးအတွက် အကျိုးရှိပါတယ်။

5. နှလုံးကို ကျန်းမာစေတယ်။

အနက်ရောင် ချောကလက်က နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်နိုင်ချေကို လျှော့နည်းစေပါတယ်။ တစ်ပတ်မှာ ချောကလက်ကို ငါးကြိမ်နဲ့အထက် စားတဲ့သူတွေက နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်နိုင်ချေ 57 ရာခိုင်နှုန်း လျော့သွားတယ်လို့ လေ့လာချက်တစ်ခုကမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နောက်တစ်ခါ စတိုးဆိုင်တွေကို သွားရင် ချောကလက် အထုတ်ကြီးကြီးသာ ဝယ်လာလိုက်ပါ။ ချောကလက်က သင့်ကျန်းမာရေးကို အထူးကောင်းစေတယ်ဆိုတာ မမေ့ပါနဲ့နော်..

Zombie (Lovemedia)

for zawgyi

ေခ်ာကလက္ကို ေန႔တိုင္းစားေပးသင့္တဲ့ အခ်က္ (၅) ခု

ေခ်ာကလက္ ႀကိဳက္သူေတြက ေခ်ာကလက္ေတြကို အမ်ားႀကီး စားတတ္လို႔ တခါတေလမွာ ကိုယ့္ကိုယ္ကိုယ္ေတာင္ သံသယ ရွိလာမွာပါ။ ဒါေပမယ့္ ေခ်ာကလက္ႀကိဳက္တာနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ စိတ္ပူစရာ မလိုေတာ့ပါဘူး။

အနက္ေရာင္ ေခ်ာကလက္မွာ ကိုကိုး ပါဝင္မႈႏႈန္းမ်ားလို႔ အေတာ္ကို အရသာ ရွိပါတယ္။ ဒါတင္ မကပါဘူး။ က်န္းမာေရးအတြက္လည္း အလြန္ကို သင့္ေတာ္ပါတယ္။ ခႏၶာကိုယ္အတြက္ အက်ိဳးရွိတဲ့ ေခ်ာကလက္ကို ေန႔တိုင္းစားေပးသင့္ပါတယ္။

1. စိတ္ဓာတ္ တက္ႂကြေစတယ္။

အနက္ေရာင္ ေခ်ာကလက္ကို အနည္းငယ္ စားေပး႐ုံနဲ႔ အလုပ္ေတြကို ျပည့္ျပည့္ဝဝ လုပ္ကိုင္ႏိုင္မွာပါ။ အနက္ေရာင္ ေခ်ာကလက္မွာ အမိုင္ႏိုအက္စစ္ ပါဝင္ပါတယ္။ အမိုင္ႏိုအက္စစ္က ဦးေႏွာက္ကို မွတ္သားႏိုင္စြမ္းျမင့္မားေစပါတယ္။ စိတ္ကိုလည္း ေပ်ာ္႐ႊင္ေစပါတယ္။

2. ဦးေႏွာက္အတြက္ အာဟာရ

ေခ်ာကလက္စားျခင္းက ဦးေႏွာက္ကို ထက္ျမက္ေစၿပီး ဦးေႏွာက္ ထိခိုက္ဒဏ္ရာရမႈကိုလည္း ကာကြယ္ေပးတယ္လို႔ သုေတသနတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ႏွစ္ေပါင္း 40 ၾကာ အခ်ိန္ယူျပဳစုနခဲ့တဲ့ သုေတသနတစ္ခုမွာ ေခ်ာကလက္ကို မၾကာခဏ စားတဲ့လူေတြက ဦးေႏွာက္ကိုသုံးရတဲ့ လုပ္ငန္းေတြမွာ ပိုၿပီးအလုပ္လုပ္ႏိုင္တယ္ လို႔ ေရးသားထားပါတယ္။

3.အစာေခ်ဖ်က္မႈအတြက္ အက်ိဳးရွိတယ္။

အနက္ေရာင္ ေခ်ာကလက္မွာ ေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓာတ္ေတြ ပါဝင္ပါတယ္။ အမွ်င္ဓာတ္ေတြက ခႏၶာကိုယ္ရဲ႕ ကိုလက္စထေရာ level ကို ထိန္းညႇိေပးရာမွာ အကူအညီ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အနက္ေရာင္ ေခ်ာကလက္က အစာေခ်ဖ်က္မႈအတြက္ အက်ိဳးရွိၿပီး ကိုယ္ခႏၶာ အေလးခ်ိန္ကိုလည္း ထိန္းခ်ဴပ္ေပးပါတယ္။

4. ကေလးေတြကို ေပ်ာ္႐ႊင္ေစတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေခ်ာကလက္ကို ပိုစားေပးရင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနတတ္တဲ့ ကေလးေတြကို ရႏိုင္ေခ် ပိုမ်ားတယ္လို႔ ဖင္လန္ႏိုင္ငံရဲ႕ သုေတသနစာတမ္းတစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြက ေခ်ာကလက္ကို ခ်င္ျခင္းတပ္တယ္ ဆိုရင္ေတာ့ အေလွ်ာ့ေပးလိုက္ပါ။ ကေလးအတြက္ အက်ိဳးရွိပါတယ္။

5. ႏွလုံးကို က်န္းမာေစတယ္။

အနက္ေရာင္ ေခ်ာကလက္က ႏွလုံးေသြးေၾကာနဲ႔ဆိုင္တဲ့ ေရာဂါျဖစ္ႏိုင္ေခ်ကို ေလွ်ာ့နည္းေစပါတယ္။ တစ္ပတ္မွာ ေခ်ာကလက္ကို ငါးႀကိမ္နဲ႔အထက္ စားတဲ့သူေတြက ႏွလုံးေသြးေၾကာနဲ႔ဆိုင္တဲ့ ေရာဂါျဖစ္ႏိုင္ေခ် 57 ရာခိုင္ႏႈန္း ေလ်ာ့သြားတယ္လို႔ ေလ့လာခ်က္တစ္ခုကမွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ေနာက္တစ္ခါ စတိုးဆိုင္ေတြကို သြားရင္ ေခ်ာကလက္ အထုတ္ႀကီးႀကီးသာ ဝယ္လာလိုက္ပါ။ ေခ်ာကလက္က သင့္က်န္းမာေရးကို အထူးေကာင္းေစတယ္ဆိုတာ မေမ့ပါနဲ႔ေနာ္..

Zombie (Lovemedia)