ကလေးအထူးကုများပြောပြတဲ့ မိဘများသိထားရမည့် ကလေးများ၏အလေ့အထ (၉)ချက်
သင့်ကလေးငယ် ဗိုက်ဆာနေကြောင်းကို အော်ငိုသံမကြားရခင်မှာ ကြိုတင်သိရှိနိုင်မယ့် အချက်ပြမှုများရှိပါတယ်။
မိဘဖြစ်ရတာ မလွယ်ကူလှပါဘူး ။အထူးသဖြင့် သားဦး သမီးဦးပိုင်ရှင်များဟာ အတွေ့အကြုံမရှိသေးသောကြောင့် ကမောက်ကမ ဖြစ်ရလေ့ရှိပါတယ် ။ ထို့ကြောင့် မိဘများ နေ့စဉ်ကြုံတွေ့နေရသော ပြဿနာတချို့အတွက် ဖြေရှင်းနည်းများကို စုစည်းတင်ပြပေးလိုပါတယ်။
(၁) ကလေးငိုသံများ
ယေဘူယျအားဖြင့် ကလေးများမှာ ငိုသံ 6 မျိုးရှိပါတယ်။
“neh” ဟူသော အသံသည် “ဗ်ိုက်ဆာခြင်း”
“owh” ဟူသောအသံသည် “အိပ်ငိုက်ခြင်း”
“heh” ဟူသောအသံသည် “သက်တောင်သက်သာမရှိခြင်း”
“eairh” ဟူသောအသံသည် “လေခံနေခြင်း”
” eh” ဟူသောအသံသည် “လေတက်ခြင်း”
(၂) ကောင်းစွာအိပ်စက်စေရန်
ရိုးရှင်းသော ပုခက်စင်တွင်ကျောချစေပြီး စောင်ထူထူများ ၊ အရုပ်များစွာ ပြည့်နှက်နေခြင်းတို့ကို ရှောင်သင့်ပါတယ်။
(၃) ကလေးများဗိုက်ဆာချိန်
ကလေးငယ်များဟာ ဗိုက်ဆာနေကြောင်းကို အော်မငိုခင် ကြိုသိနိုင်ပါတယ်။ နုတ်ခမ်းကို လက်ဖြင့်ရိုက်ခြင်း ၊ လက်ချောင်းများစုပ်ခြင်း၊လျှာထုတ်ခြင်း ၊ ရယ်မောပြီး သင့်အပေါ် မေးစေ့ဖြင့် ပွတ်ချင်းများ ပြကာ အချက်ပေးလေ့ရှိကြပါတယ်။
(၄) စောစော အိပ်ရာဝင်တတ်စေရန်
ဒေါက်တာ Erin Leichman ၏ အကြံပေးချက်အရ အိပ်ရာမ၀င်မီ သင်၏ကလေးနှင့်အတူ အိပ်ယာဝင်စာအုပ်စင် တစ်ခုဖန်တီး သင့်ပါတယ်။ အိပ်ယာဝင်ချိန် စာဖတ်သည့် အလေ့အကျင့်နှင့်အတူ သင်ကလေးငယ်၏ အိပ်ချိန်များလည်း မှန်ကန်လာစေမည် ဖြစ်ပါတယ်
(၅) အစားအစာသစ်များ မိတ်ဆက်ပေးခြင်း
ကလေးငယ်များအား အစားအစာအသစ်များကိုလက်ခံရန် ၁၂ ကြိမ်ခန့် အထိကြိုးစားရနိုင်ပါတယ်။
(၆) အငိုတိတ်အောင် ချော့ခြင်း
Dr. Robert Hamilton says၏ အဆိုအရ ကလေးရဲ့လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တင်ပြီး ကလေးကို Diaper နားအနီးမှ ကိုင်ကာ (၄၅) ဒီဂရီခန့် လွှဲယူချော့မြူပေးနိုင်ပါတယ်။
(၇) နို့ဝခြင်း ၊ မဝခြင်း
သင်ဟာနို့တိုက်မိခင်တစ်ဦး ဖြစ်ပါက သင့်ကလေးငယ်၏ နို့ဝခြင်း မဝခြင်းကိုလည်း အကဲခတ်တတ်ရန်လိုအပ်ပါတယ်။ကလေးများဟာ နို့ဝသည့်အခါ သူတို့ရဲ့မေးစေ့က သင့်ရဲ့ရင်သားကိုထိပြီး ပါးလေးများဖောင်းနေပါလိမ့်မယ်။
(၈) ကလေးငယ်နှင့်အပြန်အလှန် ဆက်သွယ်ခြင်း
စကားမပြောတတ်ခင်မှာတော့ သူတို့ရဲ့အမူအရာများကို နားလည်နေဖို့လိုအပ်ပါတယ်။ ရောဆယလျှင် ပါးစပ်ကိုလက်မဖြင့် ညွှန်ပြခြင်း ၊ ဘယ်မှာလဲသိလိုလျှင် လက်ဖဝါးများမြှောက်ပြခြင်း ၊ရင်ဘတ်ကို ပုတ်ပြခြင်းဟာ ကြောက်ရွံ့ခြင်း ၊စသည်တို့ကို လေ့လာထားရပါမယ်။
(၉) ကားစီးသည့်အခါ ထိုင်ခုံနေရာချထားခြင်း
ကလေး၏အသက်အရွယ်ပေါ်မူတည်ကာ အရှေ့ဘက်ကို ကျောပေး၍ထိုင်ခြင်းက မတော်တဆမှုများတွင် သက်ရောက်မှု အနည်းဆုံးဖြစ်ပါတယ်။
အခုဖော်ပြထားတဲ့ အချက်များအပြင် သင်ရှာဖွေတွေရှိထားတဲ့ တခြားသော အချက်များရှိရင်လည်း ထပ်ဆောင်း အကြံပြုခဲ့နိုင်ပါတယ်။ကလေးအထူးကုများပြောပြတဲ့ မိဘများသိထားရမည့် ကလေးများ၏အလေ့အထ (၉)ချက်
သင့်ကလေးငယ် ဗိုက်ဆာနေကြောင်းကို အော်ငိုသံမကြားရခင်မှာ ကြိုတင်သိရှိနိုင်မယ့် အချက်ပြမှုများရှိပါတယ်။
မိဘဖြစ်ရတာ မလွယ်ကူလှပါဘူး ။အထူးသဖြင့် သားဦး သမီးဦးပိုင်ရှင်များဟာ အတွေ့အကြုံမရှိသေးသောကြောင့် ကမောက်ကမ ဖြစ်ရလေ့ရှိပါတယ် ။ ထို့ကြောင့် မိဘများ နေ့စဉ်ကြုံတွေ့နေရသော ပြဿနာတချို့အတွက် ဖြေရှင်းနည်းများကို စုစည်းတင်ပြပေးလိုပါတယ်။
Rft Brightside
Written One Daily Media