ဗဟုသုတ
ဘဝမှာပျော်ရွှင်ချင်ရင် ဒီအလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ
ဘဝမှာပျော်ရွှင်ချင်ရင် ဒီအလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ
(Unicode)
၁။ အလွန်အကျွံအလုပ်လုပ်ခြင်း
ဟုတ်ပါတယ်။ အချိန်ပိုလုပ်ရင် ငွေပိုရတာ မှန်ပါတယ်။ ဒါပေမယ့် ဘဝမှာပျော်ရွှင်ချင်တယ်ဆိုရင်တော့ အလုပ်ချည်းပဲ လုပ်နေလို့မဖြစ်ပါဘူး။ အလုပ်တွေပဲ
တောက်လျှောက်လုပ်နေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာစေနို်င်ပါတယ်။ စိတ်ကျဝေဒနာနဲ့ စိုးရိမ်သောကတွေ များလာစေပါတယ်။ အလုပ်နဲ့ ဘဝကို
မျှတနေဖို့ လိုပါတယ်။
၂။ မိမိကိုယ်ကို မကောင်းတဲ့စကားတွေပြောခြင်း
လူတိုင်း မိမိကိုယ်ကို စကားပြောတတ်ကြပါတယ်။ တစ်မိနစ်ကို စကားလုံးပေါင်း (၃၀၀)ကနေ (၁၀၀၀)လောက်အထိ ပြောကြပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို မ
ကောင်းတဲ့စကားတွေ ပြောမယ်ဆိုရင် ပျော်ရွှင်မှုနဲ့ ဝေးနေပါလိမ့်မယ်။ မိမိကိုယ်ကို အားပေးတဲ့စကားတွေ၊ တွန်းအားဖြစ်စေတဲ့ စကားတွေ ပြောပေးရမှာဖြစ်ပါ
တယ်။
၃။ ထိန်းချုပ်မှုလွန်ကဲခြင်း
အရာအားလုံး စိတ်တိုင်းကျဖြစ်အောင် ထိန်းချုပ်လို့မရဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ ဘဝမှာ ထိန်းချုပ်လို့ မရနိုင်တာတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာက စိုးရိမ်
သောကနဲ့ ပရမ်းပတာအခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။
၄။ အခြားသူများကို အပြစ်တင်ခြင်း
အပြစ်တင်ခြင်းဟာ ကိုယ့်လုပ်ရပ်အတွက် ကိုယ်တိုင်တာဝန်မယူနိုင်ခြင်းရဲ့ ပြယုဂ်ဖြစ်ပါတယ်။ သေချာစဉ်းစားကြည့်ပါ။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုကို
အပြစ်ပုံချလိုက်ဖို့က လွယ်ပါတယ်။ ဒီလိုလုပ်မယ့်အစား မှန်ထဲကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်ပါ။ အပြစ်လွှဲချဖို့ကြိုးစားရင်း ကုန်ဆုံးမယ့် အချိန်နဲ့
ခွန်အားကို ပြဿနာကိုဖြေရှင်းဖို့ အသုံးချရမှာပါ။
၅။ မကောင်းတဲ့စိတ်ခံစားမှုများ
မကောင်းတဲ့စိတ်ခံစားမှုတွေက ကူးစက်တတ်တဲ့သဘောရှိပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်က လူတွေမှာ အပြုသဘောဆောင်ပြီး၊ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်၊
ကူညီပံ့ပိုးပေးနိုင်မယ့် သူတွေနဲ့ပဲ ၀န်းရံထားဖို့ လိုပါတယ်။ မကောင်းတဲ့စိတ်ဓာတ်တွေ၊ စိတ်ဓာတ်ကျစရာတွေကို သယ်ဆောင်လာနိုင်မယ့်သူတွေနဲ့လည်း ဝေးဝေးနေ
ပါ။
၆။ အခွင့်အရေးလက်လွတ်လိုက်ရမှာ စိုးရိမ်ခြင်း
အခွင့်အရေးဆိုတာ ဘတ်စ်ကားလိုပါပဲ။ တစ်စီးလွတ်သွားရင် နောက်တစ်စီးထပ်လာပါလိမ့်မယ်။ အခွင့်အရေးနဲ့ လွဲချော်သွားမှာကို စိုးရိမ်ပြီးနေထိုင်မယ်ဆိုရင် ပျော်
ရွှင်မှုနဲ့ အလှမ်းဝေးသွားမှာ ဖြစ်ပါတယ်။ လွဲချော်သွားတဲ့ အခွင့်အရေးအတွက်လည်း အပြစ်ရှိသလိုခံစားပြီး ၀မ်းနည်းမနေပါနဲ့။
၇။ လူအထင်ကြီးအောင် လုပ်ခြင်း
ပတ်ဝန်းကျင်က လူတွေအထင်ကြီးစေဖို့ အရှိအတိုင်းမဟုတ်တဲ့ပုံစံတစ်ခုကို ကြိုးစားနေထိုင်နေရတာကလည်း ပင်ပန်းစရာပါပဲ။ တကယ်တော့ ကိုယ့်အကြောင်း
ကိုယ် အကောင်းဆုံးသိထားဖို့က ပိုအရေးကြီးပါတယ်။ လူတွေ အထင်ကြီးအောင်ဟန်ဆောင်မနေပဲ အရှိအတိုင်းပဲ အကောင်းဆုံးဖြစ်အောင် နေထိုင်ပါ။
၈။ အကျိုးခံစားခွင့် မျှော်လင့်ခြင်း
ဘယ်သူဆီကမှ အကျိုးခံစားခွင့် တစ်စုံတစ်ရာကို မျှော်လင့်မနေပါနဲ့။ ထူးခြားတာတစ်ခုခု ရချင်တယ်ဆိုရင် ပေးနိုင်တဲ့သူက သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။
အကျိုးခံစားခွင့်ကို မျှော်လင့်ထားပြီး ထင်သလိုဖြစ်မလာတဲ့အခါ စိတ်ဆင်းရဲရပါတယ်။ အလုပ်ကိုကြိုးစားပြီး လက်ရှိအခြေအနေကို ကျေးဇူးသိတတ်မယ်ဆိုင်
ဘဝက ကျေနပ်စရာကောင်းလာမှာပါ။
၉။ ပြီးပြည့်စုံအောင် ကြိုးစားခြင်း
လူတိုင်း အမှားနဲ့မကင်းပါဘူး။ အချိန်တိုင်း ပြီးပြည့်စုံအောင် လုပ်နိုင်မယ်လို့ မထင်ပါနဲ့။ မဖြစ်နိုင်ပါဘူး။ အမြဲတမ်းအမှားကင်းပြီး ပြီးပြည့်စုံချင်သူတွေဟာ ပျော်ရွှင်မှု
နဲ့ ဝေးကွာသွားပါလိမ့်မယ်။ အမှားပါမှာကို စိုးရိမ်စိတ်က လူမှုရေးကိုလည်း ထိခိုက်နိုင်သလို ဆန်းသစ်မှုတစ်ခုခုလုပ်ဆောင်ကြည့်ဖို့လည်း အဟန့်အတားဖြစ်စေပါ
တယ်။
Zawgyi
တနေဖို့ လိုပါတယ်။
ဝေးဝေးနေပါ။
ထိုင်ပါ။
မှာပါ။