မုန်တိုင်းငယ်(Depression)အခြေအနေနှင့် နောက်(၄၈)နာရီအတွင်း မိုးကြီး လှိုင်းထန် သတိပေးနှိုးဆော်ချက်
စက်တင်ဘာလ(၂၅)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်အရ မုန်တိုင်းငယ်(Depression)အခြေအနေနှင့်ပတ်သက်ပြီး မိုးဇလမှ ထုတ်ပြန်ချက်အားပြန်လည်ဖော်ပြအပ်ပါသည်။
ထုတ်ပြန်ချက်မှာ ”ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး
မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၆၅)မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်မြောက်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၃၀)မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့၏ အရှေ့ဘက်ရေမိုင် (၃၁၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၈.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၀.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။
နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါမုန်တိုင်းငယ်(Depression)သည် နောက်(၁၂)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်- အနောက် ဘက်သို့ရွေ့လျားကာနောက်(၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ဩရိဿတောင်ပိုင်းကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့အနီးမှဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီးဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကာ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်”လို့ ထုတ်ပြန်ထားပါတယ်။
သဘာဝဘေးအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။
Source:မိုးဇလ
မုန္တိုင္းငယ္(Depression)အေျခအေနႏွင့္ ေနာက္(၄၈)နာရီအတြင္း မိုးႀကီး လႈိင္းထန္ သတိေပးႏႈိးေဆာ္ခ်က္
စက္တင္ဘာလ(၂၅)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၀၇:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္အရ မုန္တိုင္းငယ္(Depression)အေျခအေနႏွင့္ပတ္သက္ၿပီး မိုးဇလမွ ထုတ္ျပန္ခ်က္အားျပန္လည္ေဖာ္ျပအပ္ပါသည္။
ထုတ္ျပန္ခ်က္မွာ ”ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေျမာက္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္ (Depression)သည္ အေနာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး
ျမန္မာႏိုင္ငံ စစ္ေတြၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္(၁၆၅)မိုင္ခန႔္၊ ဂြၿမိဳ႕၏ အေနာက္-အေနာက္ေျမာက္ဘက္ ေရမိုင္(၂၅၀)မိုင္ခန႔္၊ ဟိုင္းႀကီးကြၽန္းၿမိဳ႕၏ အေနာက္ေျမာက္ဘက္ ေရမိုင္(၂၈၀)မိုင္ခန႔္၊ အိႏၵိယႏိုင္ငံ၊ ပါရာဒစ္ရွ္ၿမိဳ႕၏ အေရွ႕-အေရွ႕ေတာင္ဘက္ ေရမိုင္(၂၃၀)မိုင္ခန႔္ႏွင့္ ဂိုလ္ပါပူၿမိဳ႕၏ အေရွ႕ဘက္ေရမိုင္ (၃၁၅)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကိုဗဟိုျပဳေနပါသည္။
မုန္တိုင္းငယ္(Depression)၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိပါသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။
မုန္တိုင္းငယ္(Depression)၏တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း
အဆိုပါမုန္တိုင္းငယ္(Depression)သည္ ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္တြင္ေျမာက္လတၱီက်ဳ(၁၈.၈)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၉၀.၄)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား(၉၉၈)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္(၄၀)ႏႈန္းခန႔္ ျဖစ္ပါသည္။
ေနာက္(၄၈)နာရီအတြင္းခန႔္မွန္းခ်က္
အဆိုပါမုန္တိုင္းငယ္(Depression)သည္ ေနာက္(၁၂)နာရီအတြင္း အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)အျဖစ္သို႔ ေရာက္ရွိႏိုင္ၿပီး၊ အေနာက္- အေနာက္ ဘက္သို႔ေ႐ြ႕လ်ားကာေနာက္(၄၈)နာရီအတြင္း အိႏၵိယႏိုင္ငံ၊ဩရိႆေတာင္ပိုင္းကမ္းေျခႏွင့္ အင္ဒရာပရာေဒ့ရွ္ေျမာက္ပိုင္းကမ္းေျခတို႔အနီးမွျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။
သတိေပးႏႈိးေဆာ္ခ်က္
မုန္တိုင္းငယ္(Depression)၏အရွိန္ေၾကာင့္ ယေန႔နံနက္မွ ေနာက္(၄၈)နာရီအတြင္းေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပားမိုးထစ္ခ်ဳန္း႐ြာၿပီးေဒသအလိုက္မိုးႀကီးျခင္းႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ားျဖစ္ေပၚႏိုင္ကာ၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါမိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီးလႈိင္းႀကီးမည္။
မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိတိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၂)ေပခန႔္ ရွိႏိုင္ပါသည္။
အႀကံျပဳခ်က္
အဆိုပါ မုန္တိုင္းငယ္(Depression)၏ အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္အတူေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းမ်ားျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ႏွင့္ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိကမ္းနီး၊ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္းႀကိဳတင္သတိျပဳႏိုင္ပါရန္ အသိေပးႏႈိးေဆာ္အပ္ပါသည္”လို႔ ထုတ္ျပန္ထားပါတယ္။
သဘာဝေဘးအႏၲရာယ္မွ ကင္းေဝးႏိုင္ၾကပါေစ။
Source:မိုးဇလ