အသက်အရွယ် ၆၀၊ ၇၀ အထက် အဘိုးအဘွားတွေဆိုရင် အိမ်မှာ အေးအေးချမ်းချမ်းနဲ့ နေရမဲ့ အရွယ်ပါ ။ ဒါမှမဟုတ် တရား၊ဘာဝနာတွေ ပွားများပြီး အလုပ်အကိုင်ဖက်ကို ငါတို့ရဲ့ စိတ်ကနေ ထုတ်ပစ်ရမာပါ ။ ဒါပေမဲ့ တချို့တလေ ၆၀ ကျော်အဖိုးအဖွားတွေက မိမိရဲ့ဘဝအတွက် အလုပ်လုပ်ပြီး ကိုယ်တိုင်ရုန်းကန်နေရပါသေးတယ် ။ ဒီလိုကြားရတော့ တကယ်ဝမ်းနည်းမိပါတယ် ။ ယခု အွန်လိုင်းလောကမှာ အသက် ၇၅ နှစ်အရွယ်အဖွားတစ်ယောက်က အသက်အရွယ်ဟာ အသားအဆီး မဟုတ်ပါလို့ ပြတ်ပြတ်သားသားနဲ့ ဆယ်ဘီးကားတစ်စီးကိုမောင်းနေခဲ့ပါတယ် ။ အဖွားက ဆယ်ဘီးကားကို နှစ်ပေါင်း ၄၀ အကြာ မောင်းနှင်လာခဲ့တာလို့ ဆိုပါတယ် ။
ဒီအကြောင်းကို ဝေမျှပြီးတဲ့နောက် အသက်ကြီးပေမယ့် ကားမောင်းနိုင်တုန်းဖြစ်တဲ့ ဒီအဖွားရဲ့ကြီးမြတ်မှုအတွက် လေးစားကြတဲ့ သူရှိသလို ဒီလို အန္တရာယ်ဖြစ်စေနိုင်တဲ့ အလုပ်ကို မလုပ်သင့်ဘူးလို့လည်း ဆိုကြပါတယ် ။ နောက်ပြီး အဖွားက အသက်ကြီးနေပြီဆိုတော့ ကားမောင်းခြင်းဟာ အန္တရာယ်အရမ်းများလွန်းပါတယ် ။
JRose (Mckzone daily)
JRose (Mckzone daily)